လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က နွေဦးမှာ ဥရောပကို အံ့သြစရာ ပေးတဲ့အနေနဲ့ ချန်ပီယံလိဂ်မှာ ထူးထူးခြားခြား လုပ်ပြလိုသလား အမေးကို လုပ်ပြလိုစိတ် ရှိတယ်လို့ ဝန်ခံလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာခဲ့ပါပြီ။ ကွာတားအဆင့် ၈ သင်းလုံးရဲ့ နာမည်စာရင်းတွေ မထွက်လာသေးပေမယ့် ဒီအဆင့်မှာတော့ သက်ဆိုင်ရာ လိဂ်အသီးသီးက ထိပ်တန်းအသင်းတွေ တက်ရောက်လာခဲ့ကြပြီဖြစ်တယ်။ ဥရောပချန်ပီယံဟောင်းဖြစ်တဲ့ လီဗာပူးကလည်း ဒီပြိုင်ပွဲကို အောင်နိုင်ဖို့ ရည်မှန်းချက်တွေ ရှိနေပါတယ်။

ယာဂင်က “ ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့ဆိုတာက ကျနေ်ာတို့ရဲ့ အိပ်မက်ပါ။ ဘာလို့ အဲ့အိပ်မက်မျိုး မထားရမှာလဲ? ဒီပြိုင်ပွဲမှာ ဘယ်လိုပွဲတွေပဲ ကစားရပါစေ သူတို့ကို စစ်မှန်တဲ့ပွဲ တစ်ပွဲလောက် ပေးလိုက်ဖို့ ကျနေ်ာတို့မှာ အစီအစဉ် ရှိပါတယ်။ အဲ့တာက ကျနေ်ာတို့ ပလန်ပါပဲ၊ ဘယ်အသင်းနဲ့ ကျကျဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ မဟုတ်သေးပါဘူး။ လာမယ့် သုံးပတ် လေးပတ်လောက်မှ ယှဉ်ပြိုင်ရမှာပါ။

ကျနေ်ာတို့ ရောက်နေတာ ၈ သင်းအဆင့်ပါ။ ဒါပေမယ့် ၈ သင်းအဆင့်ဆိုတာ သမိုင်းတစ်လျှောက်ကို အလှည့်အပြောင်း များလွန်းပါတယ်။ အခြားသော ၇ သင်းကလည်း သိပ်ကောင်းတဲ့ အသင်းတွေဖြစ်ပါတယ်။ အခုချိန်ထိ နောက်ထပ် ၇ သင်းက ဘယ်အသင်းတွေဖြစ်မယ်ဆိုတာ မသေချာသေးဘူး။ ဒါပေမယ့် အသင်းတွေကတော့ သိပ်ကောင်းနေတယ်။ လွယ်ကူတဲ့ပွဲတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

နောက်ထပ် အဆင့်ကို ဘယ်အချိန်မှာ ကစားရမယ်ဆိုတာ ကျနေ်ာတို့ မသိဘူး ဒါပေမယ့် အဲ့အချိန် မရောက်လာခင်ထိ ကျနော်တို့မှာ အချိန်တွေ ရှိနေပါတယ်။ ဒီရနေတဲ့ အချိန်တွေကို ဖြစ်နိုင်သလောက် အကောင်းဆုံးဖြစ်ဖို့ အသုံးချသွားမှာဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ေႏြဦးမွာ ဥေရာပကို အံ့ၾသစရာ ေပးတဲ့အေနနဲ႔ ခ်န္ပီယံလိဂ္မွာ ထူးထူးျခားျခား လုပ္ျပလိုသလား အေမးကို လုပ္ျပလိုစိတ္ ရွိတယ္လို႔ ဝန္ခံလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္အဆင့္ကို ေရာက္လာခဲ့ပါျပီ။ ကြာတားအဆင့္ ၈ သင္းလံုးရဲ႕ နာမည္စာရင္းေတြ မထြက္လာေသးေပမယ့္ ဒီအဆင့္မွာေတာ့ သက္ဆိုင္ရာ လိဂ္အသီးသီးက ထိပ္တန္းအသင္းေတြ တက္ေရာက္လာခဲ့ၾကျပီျဖစ္တယ္။ ဥေရာပခ်န္ပီယံေဟာင္းျဖစ္တဲ့ လီဗာပူးကလည္း ဒီျပိဳင္ပြဲကို ေအာင္ႏုိင္ဖို႔ ရည္မွန္းခ်က္ေတြ ရွိေနပါတယ္။

ယာဂင္က “ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္ဖို႔ဆိုတာက က်ေန္ာတို႔ရဲ႕ အိပ္မက္ပါ။ ဘာလို႔ အဲ့အိပ္မက္မ်ိဳး မထားရမွာလဲ? ဒီျပိဳင္ပြဲမွာ ဘယ္လိုပြဲေတြပဲ ကစားရပါေစ သူတို႔ကို စစ္မွန္တဲ့ပြဲ တစ္ပြဲေလာက္ ေပးလိုက္ဖို႔ က်ေန္ာတို႔မွာ အစီအစဥ္ ရွိပါတယ္။ အဲ့တာက က်ေန္ာတို႔ ပလန္ပါပဲ၊ ဘယ္အသင္းနဲ႔ က်က်ျဖစ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ မဟုတ္ေသးပါဘူး။ လာမယ့္ သံုးပတ္ ေလးပတ္ေလာက္မွ ယွဥ္ျပိဳင္ရမွာပါ။

က်ေန္ာတို႔ ေရာက္ေနတာ ၈ သင္းအဆင့္ပါ။ ဒါေပမယ့္ ၈ သင္းအဆင့္ဆိုတာ သမိုင္းတစ္ေလွ်ာက္ကို အလွည့္အေျပာင္း မ်ားလြန္းပါတယ္။ အျခားေသာ ၇ သင္းကလည္း သိပ္ေကာင္းတဲ့ အသင္းေတြျဖစ္ပါတယ္။ အခုခ်ိန္ထိ ေနာက္ထပ္ ၇ သင္းက ဘယ္အသင္းေတြျဖစ္မယ္ဆိုတာ မေသခ်ာေသးဘူး။ ဒါေပမယ့္ အသင္းေတြကေတာ့ သိပ္ေကာင္းေနတယ္။ လြယ္ကူတဲ့ပြဲေတြ ျဖစ္လာမွာ မဟုတ္ပါဘူး။

ေနာက္ထပ္ အဆင့္ကို ဘယ္အခ်ိန္မွာ ကစားရမယ္ဆိုတာ က်ေန္ာတို႔ မသိဘူး ဒါေပမယ့္ အဲ့အခ်ိန္ မေရာက္လာခင္ထိ က်ေနာ္တို႔မွာ အခ်ိန္ေတြ ရွိေနပါတယ္။ ဒီရေနတဲ့ အခ်ိန္ေတြကို ျဖစ္ႏုိင္သေလာက္ အေကာင္းဆံုးျဖစ္ဖို႔ အသံုးခ်သြားမွာျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။