လီဗာပူးအသင်းဟာ နွေမှာ ခေါ်ယူမှုတွေလုပ်ဖို့ ကြိုတင် စီစဉ်မှုတွေ လုပ်နေပြီး ကစားသမား ၅ ဦးနဲ့ ပက်သက်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လီဗာပူးဘက်က ထိပ်တန်း ကစားသမားတွေထဲက စောင့်ကြည့်မှုအဖြစ် ဒေါ့မွန်မှ ဟာလန်းနဲ့ ပီအက်စ်ဂျီမှ အမ်ဘတ်ပီတို့ကိုလည်း စောင့်ကြည့်နေတယ်။ သူတို့ နှစ်ဦးဟာ ဥရောပရဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်တွေဖြစ်ကြပြီး ထိပ်တန်း ကလပ် အများအပြားကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

အမ်ဘတ်ပီရဲ့ ပြောင်းရွှေ့ကြေးက ၂၀၁၈ တုန်းက မိုနာကိုကနေ ပီအက်စ်ဂျီကို ပြောင်းခဲ့တဲ့ ယူရို သန်း ၁၈၀ ထက်တော့ ပိုများမယ်လို့ ယေဘုယျ သိထားရတယ်။ ဟာလန်းရဲ့ တန်ကြေးက အဆိုပါထက် နည်းပါးပေမယ့် SPORTBILD ရဲ့ ဖော်ပြမှုအရ ဒေါ့မွန်ဘက်က နော်ဝေသား တိုက်စစ်သမားအတွက် ယူရို သန်း ၁၅၀ တောင်းခံမယ်လို့ ဖော်ပြပါတယ်။

ရာသီအကုန်မှာတော့ လီဗာပူးဟာ ခါဘတ်အတွက် ယူရို သန်း ၂၀ ပေးပြီး အပြီးသတ် ခေါ်ယူသွားရမှာပါ။ ထပ်ပြီးလည်း လိုက်ဇစ်မှ ကိုနက်၊ မာဆေးမှ ကာလီတာကာနဲ့ ဘရာဂါမှ ကာမိုတို့ကိုလည်း လီဗာပူးဘက်က ကင်းထောက်နေပါသေးတယ်။

အသက် ၂၁ နှစ်အရွယ် ခံစစ်သမား ကိုနက်ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၃၅ သန်းလောက် ရှိမယ်လို့ သိရပြီး အူပါမီကာနိုကို ရောင်းထုတ်ထားတဲ့ လိုက်ဇစ်က သူတို့ရဲ့ နောက်ထပ် အဓိက ခံစစ်မှူးကို ခပ်လွယ်လွယ် လက်လွတ်သွားဖို့တော့ မရှိပါဘူး။

ခါဘတ်မတိုင်ခင်မှာ လီဗာပူးအသင်း ကမ်းလှမ်းခဲ့တဲ့ ခံစစ်မှူးက မာဆေးမှ အသက် ၂၃ နှစ်အရွယ် ခရိုအေးရှား ခံစစ်မှူး ကာလီတာကာဖြစ်တယ်။ ယူရို သန်း ၃၀ ဝန်းကျင် ဈေးပေါက်တဲ့ ခံစစ်သမားက လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ပြင်သစ်မြေမှာ ဆက်ရှိဖို့ ရွေးချယ်ခဲ့ပေမယ့် ဒီနွေမှာ အသင်းဘက်က ပြန်ကမ်းလှမ်းမှု လုပ်နိုင်ပါသေးတယ်။

ပေါ်တူဂီ လူငယ်ခံစစ်မှူး ကာမိုရဲ့ တန်ကြေးကလည်း ယူရို သန်း ၃၀ ဝန်းကျင်ပဲဖြစ်ကာ ဇန်နဝါရီတုန်းက လီဗာပူးဘက်က အငှားကမ်းလှမ်းမှု ယူရို ၄ သန်း၊ ရာသီကုန် အပြီးသတ် ခေါ်ယူခွင့် ယူရို သန်း ၂၀ ဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့သေးတယ်လို့ ယုံကြည်ရတယ်။

မန်နေဂျာယာဂင်ကလော့ပ်နဲ့ အဖွဲ့ဟာ နွေမှာ တိုက်စစ်မှူး တစ်ဦးနဲ့ ခံစစ်မှူး တစ်ဦးတို့ ခေါ်ယူတဲ့အခါ အထက်က ၅ ဦးကို အဓိက ဦးစားပေးအဖြစ် ချိတ်ဆက်နိုင်ပြီး ယူရိုပြိုင်ပွဲမှာ တောက်ပလာမယ့် အခြားသော ပစ်မှတ်တွေကိုလည်း စောင့်ကြည့်သွားဖွယ် ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြမွာ ေခၚယူမႈေတြလုပ္ဖို႔ ၾကိဳတင္ စီစဥ္မႈေတြ လုပ္ေနျပီး ကစားသမား ၅ ဦးနဲ႔ ပက္သက္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

လီဗာပူးဘက္က ထိပ္တန္း ကစားသမားေတြထဲက ေစာင့္ၾကည့္မႈအျဖစ္ ေဒါ့မြန္မွ ဟာလန္းနဲ႔ ပီအက္စ္ဂ်ီမွ အမ္ဘတ္ပီတို႔ကိုလည္း ေစာင့္ၾကည့္ေနတယ္။ သူတို႔ ႏွစ္ဦးဟာ ဥေရာပရဲ႕ ပ်ိဳတိုင္းၾကိဳက္ ႏွင္းဆီခိုင္ေတြျဖစ္ၾကျပီး ထိပ္တန္း ကလပ္ အမ်ားအျပားကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။

အမ္ဘတ္ပီရဲ႕ ေျပာင္းေရႊ႔ေၾကးက ၂၀၁၈ တုန္းက မိုနာကိုကေန ပီအက္စ္ဂ်ီကို ေျပာင္းခဲ့တ့ဲ ယူရို သန္း ၁၈၀ ထက္ေတာ့ ပိုမ်ားမယ္လို႔ ေယဘုယ် သိထားရတယ္။ ဟာလန္းရဲ႕ တန္ေၾကးက အဆိုပါထက္ နည္းပါးေပမယ့္ SPORTBILD ရဲ႕ ေဖာ္ျပမႈအရ ေဒါ့မြန္ဘက္က ေနာ္ေဝသား တိုက္စစ္သမားအတြက္ ယူရို သန္း ၁၅၀ ေတာင္းခံမယ္လို႔ ေဖာ္ျပပါတယ္။

ရာသီအကုန္မွာေတာ့ လီဗာပူးဟာ ခါဘတ္အတြက္ ယူရို သန္း ၂၀ ေပးျပီး အျပီးသတ္ ေခၚယူသြားရမွာပါ။ ထပ္ျပီးလည္း လိုက္ဇစ္မွ ကိုနက္၊ မာေဆးမွ ကာလီတာကာနဲ႔ ဘရာဂါမွ ကာမိုတို႔ကိုလည္း လီဗာပူးဘက္က ကင္းေထာက္ေနပါေသးတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္သမား ကိုနက္ရဲ႕ ေျပာင္းေရႊ႔ေၾကးဟာ ယူရို ၃၅ သန္းေလာက္ ရွိမယ္လို႔ သိရျပီး အူပါမီကာႏိုကို ေရာင္းထုတ္ထားတဲ့ လိုက္ဇစ္က သူတို႔ရဲ႕ ေနာက္ထပ္ အဓိက ခံစစ္မွဴးကို ခပ္လြယ္လြယ္ လက္လြတ္သြားဖို႔ေတာ့ မရွိပါဘူး။

ခါဘတ္မတိုင္ခင္မွာ လီဗာပူးအသင္း ကမ္းလွမ္းခဲ့တဲ့ ခံစစ္မွဴးက မာေဆးမွ အသက္ ၂၃ ႏွစ္အရြယ္ ခရိုေအးရွား ခံစစ္မွဴး ကာလီတာကာျဖစ္တယ္။ ယူရို သန္း ၃၀ ဝန္းက်င္ ေစ်းေပါက္တဲ့ ခံစစ္သမားက လီဗာပူးရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ျပီး ျပင္သစ္ေျမမွာ ဆက္ရွိဖို႔ ေရြးခ်ယ္ခဲ့ေပမယ့္ ဒီေႏြမွာ အသင္းဘက္က ျပန္ကမ္းလွမ္းမႈ လုပ္ႏုိင္ပါေသးတယ္။

ေပၚတူဂီ လူငယ္ခံစစ္မွဴး ကာမိုရဲ႕ တန္ေၾကးကလည္း ယူရို သန္း ၃၀ ဝန္းက်င္ပဲျဖစ္ကာ ဇန္နဝါရီတုန္းက လီဗာပူးဘက္က အငွားကမ္းလွမ္းမႈ ယူရို ၄ သန္း၊ ရာသီကုန္ အျပီးသတ္ ေခၚယူခြင့္ ယူရို သန္း ၂၀ ျဖင့္ ကမ္းလွမ္းမႈ လုပ္ခဲ့ေသးတယ္လို႔ ယံုၾကည္ရတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ အဖြဲ႔ဟာ ေႏြမွာ တိုက္စစ္မွဴး တစ္ဦးနဲ႔ ခံစစ္မွဴး တစ္ဦးတို႔ ေခၚယူတဲ့အခါ အထက္က ၅ ဦးကို အဓိက ဦးစားေပးအျဖစ္ ခ်ိတ္ဆက္ႏုိင္ျပီး ယူရိုျပိဳင္ပြဲမွာ ေတာက္ပလာမယ့္ အျခားေသာ ပစ္မွတ္ေတြကိုလည္း ေစာင့္ၾကည့္သြားဖြယ္ ရွိေနပါတယ္။