မတ်လ နိုင်ငံတကာ သီတင်းပတ် ဝင်ရောက်လာခဲ့ပြီဖြစ်လို့ လီဗာပူးဟာ ကာလရှည် အနားရပြီဖြစ်ကာ ဧပရယ်လ ၄ ရက်နေ့မှာမှ အာဆင်နယ်ဖြင့် ပြန်လည် ရင်ဆိုင်ရပါမယ်။

ဒီကာလတွေမှာ သက်ဆိုင်ရာ ကစားသမားတွေကို လက်ရွေးစင် အသင်းတွေထံ စေလွှတ်ရမှာ ဖြစ်ပေမယ့် လီဗာပူးက အက်ဖ်အေပွဲ ကစားဖို့ မရှိတာကြောင့် နားချိန် ပိုရတယ်လို့ ဆိုနိုင်တယ်။ ပထမအပတ်မှာ အသင်းသားတွေနဲ့အတူ လေ့ကျင့်ရေးတွေ ဆက်လုပ်သွားဖို့ရှိပြီး နောက်ထပ် ၂ ပတ်ကတော့ နိုင်ငံတကာပွဲစဉ်တွေ ဖြစ်ပါတယ်။

ကလော့ပ်က “ အဲ့လောက်ကြီး နားရမယ်ဆိုတာက ထူးဆန်းပါတယ်။ လာမယ့် အပတ်ကို ကျနော်တို့ အပြည့်အဝ လေ့ကျင့်ရင်း ကျော်ဖြတ်သွားမှာပါ။ အဲ့တာက ရှင်းပါတယ်။ ကစားသမားတွေကလည်း အားလပ်ရက် ၂ ရက် (သို့) ၃ ရက် ရပါမယ်။

သူတို့ လက်ရွေးစင်တာဝန်တွေအတွက် သွားရမှာပါ။ ဒါပေမယ့် မနက်ဖြန်မှာ အသင်းနဲ့ လေ့ကျင့်ရေးရမှာဖြစ်ပြီး သောကြာနဲ့ စနေကောပါပဲ။ သူတို့တွေက လက်ရွေးစင်ပွဲ ၃ ပွဲလောက်ထိ ကစားဖို့အတွက် နိုင်ငံအသင်းတွေနဲ့ ပူးပေါင်းရမှာပါ။ အဲ့အတွက်ကြောင့်တော့ သူတို့ကို အားလပ်ရက် ၁ ပတ်လောက်ထိ ပေးသွားမှာ မဟုတ်ပါဘူး ” ဆိုပြီး ရှင်းပြသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ လိုက်ဇစ်နဲ့ ဝုဗ်တို့ကို ဆက်တိုက် အနိုင်ရတဲ့နောက် ပုံစံကောင်း တစ်ခုကို ပြန်လည် ပြသထားနိုင်ပါတယ်။ ဒါပေမယ့်လို့ လိဂ်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ကော ချန်ပီယံလိဂ်မှာ နောက်အဆင့်တွေ တက်ရောက်ဖို့အတွက်ပါ အများကြီး စွမ်းဆောင်ပြရဦးမှာပါ။

“ ဒီကာလတွေမှာ ကျနော်တို့တွေ လေ့ကျင့်ရင်း ကျော်ဖြတ်ပါမယ်။ ဒီလို အချိန်အကြာကြီး ဘောလုံးပွဲ မရှိတာကလည်း ကောင်းပါတယ်။ အကောင်းမြင်မှုနဲ့အတူ ခဏလောက် အနားယူလိပြီး အခုချိန်မှာ အဲ့ခံစားချက်ကို ရနေပြီဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

နိုင်ငံတကာ သီတင်းပတ်မှာ လီဗာပူးက ဘယ်ကစားသမားတွေကို စေလွှတ်မယ်ဆိုတာ မသေချာသေးပါဘူး။ ဒါပေမယ့်လို့ ၃ ပတ်ထိ အနားယူရမှာက ဒဏ်ရာရနေတဲ့ ဖာမင်နိုလို ကစားသမားနဲ့ ကိတ်တာ၊ ဖာဘင်ညိုလို ဒဏ်ရာက ပြန်သက်သာလာနေတဲ့ ကစားသမားတွေအတွက် အကျိုးဖြစ်လာစေဖို့ ရှိနေပါတယ်။

ZAWGYI

မတ္လ ႏုိင္ငံတကာ သီတင္းပတ္ ဝင္ေရာက္လာခဲ့ျပီျဖစ္လို႔ လီဗာပူးဟာ ကာလရွည္ အနားရျပီျဖစ္ကာ ဧပရယ္လ ၄ ရက္ေန႔မွာမွ အာဆင္နယ္ျဖင့္ ျပန္လည္ ရင္ဆိုင္ရပါမယ္။

ဒီကာလေတြမွာ သက္ဆိုင္ရာ ကစားသမားေတြကို လက္ေရြးစင္ အသင္းေတြထံ ေစလႊတ္ရမွာ ျဖစ္ေပမယ့္ လီဗာပူးက အက္ဖ္ေအပြဲ ကစားဖို႔ မရွိတာေၾကာင့္ နားခ်ိန္ ပိုရတယ္လို႔ ဆိုႏုိင္တယ္။ ပထမအပတ္မွာ အသင္းသားေတြနဲ႔အတူ ေလ့က်င့္ေရးေတြ ဆက္လုပ္သြားဖို႔ရွိျပီး ေနာက္ထပ္ ၂ ပတ္ကေတာ့ ႏုိင္ငံတကာပြဲစဥ္ေတြ ျဖစ္ပါတယ္။

ကေလာ့ပ္က “ အဲ့ေလာက္ၾကီး နားရမယ္ဆိုတာက ထူးဆန္းပါတယ္။ လာမယ့္ အပတ္ကို က်ေနာ္တို႔ အျပည့္အဝ ေလ့က်င့္ရင္း ေက်ာ္ျဖတ္သြားမွာပါ။ အဲ့တာက ရွင္းပါတယ္။ ကစားသမားေတြကလည္း အားလပ္ရက္ ၂ ရက္ (သို႔) ၃ ရက္ ရပါမယ္။

သူတို႔ လက္ေရြးစင္တာဝန္ေတြအတြက္ သြားရမွာပါ။ ဒါေပမယ့္ မနက္ျဖန္မွာ အသင္းနဲ႔ ေလ့က်င့္ေရးရမွာျဖစ္ျပီး ေသာၾကာနဲ႔ စေနေကာပါပဲ။ သူတို႔ေတြက လက္ေရြးစင္ပြဲ ၃ ပြဲေလာက္ထိ ကစားဖို႔အတြက္ ႏုိင္ငံအသင္းေတြနဲ႔ ပူးေပါင္းရမွာပါ။ အဲ့အတြက္ေၾကာင့္ေတာ့ သူတို႔ကို အားလပ္ရက္ ၁ ပတ္ေလာက္ထိ ေပးသြားမွာ မဟုတ္ပါဘူး ” ဆိုျပီး ရွင္းျပသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ လိုက္ဇစ္နဲ႔ ဝုဗ္တို႔ကို ဆက္တိုက္ အႏုိင္ရတဲ့ေနာက္ ပံုစံေကာင္း တစ္ခုကို ျပန္လည္ ျပသထားႏုိင္ပါတယ္။ ဒါေပမယ့္လို႔ လိဂ္မွာ ထိပ္ဆံုး ၄ သင္းထဲ ဝင္ဖို႔ေကာ ခ်န္ပီယံလိဂ္မွာ ေနာက္အဆင့္ေတြ တက္ေရာက္ဖို႔အတြက္ပါ အမ်ားၾကီး စြမ္းေဆာင္ျပရဦးမွာပါ။

“ ဒီကာလေတြမွာ က်ေနာ္တို႔ေတြ ေလ့က်င့္ရင္း ေက်ာ္ျဖတ္ပါမယ္။ ဒီလို အခ်ိန္အၾကာၾကီး ေဘာလံုးပြဲ မရွိတာကလည္း ေကာင္းပါတယ္။ အေကာင္းျမင္မႈနဲ႔အတူ ခဏေလာက္ အနားယူလိျပီး အခုခ်ိန္မွာ အဲ့ခံစားခ်က္ကို ရေနျပီျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္တယ္။

ႏုိင္ငံတကာ သီတင္းပတ္မွာ လီဗာပူးက ဘယ္ကစားသမားေတြကို ေစလႊတ္မယ္ဆိုတာ မေသခ်ာေသးပါဘူး။ ဒါေပမယ့္လို႔ ၃ ပတ္ထိ အနားယူရမွာက ဒဏ္ရာရေနတဲ့ ဖာမင္ႏိုလို ကစားသမားနဲ႔ ကိတ္တာ၊ ဖာဘင္ညိဳလို ဒဏ္ရာက ျပန္သက္သာလာေနတဲ့ ကစားသမားေတြအတြက္ အက်ိဳးျဖစ္လာေစဖို႔ ရွိေနပါတယ္။