ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေက ဒီကနေ့ညမှာ အဆုံးသတ်မှာဖြစ်ကာ မတ်လ ၁၉ ရက်နေ့မှာတော့ ကွာတားဖိုင်နယ်အတွက် မဲခွဲမှုတွေ စတင်သွားမှာဖြစ်ပါတယ်။
လာဇီယို Vs ဘိုင်ယန်၊ အက်သလက်တီကို Vs ချယ်ဆီး တို့ပွဲတွေပြီးရင်တော့ ကွာတားဖိုင်နယ်အဆင့် ၈ သင်းက ထွက်ပေါ်လာတော့မှာပါ။ ဘိုင်ယန်က ပထမအကျော့မှာ လာဇီယိုကို ၄-၁ ဖြင့် အနိုင်ရထားလို့ ဂျာမာန်ချန်ပီယံတွေကပဲ နောက်တစ်ဆင့်ကို တက်လာဖွယ်ရှိပြီး အဖြေမသေချာသေးတာက တီကိုနဲ့ ချယ်ဆီး နှစ်သင်းထဲက တစ်သင်းပဲ ရှိပါလိမ့်မယ်။
အင်္ဂလန်ကလပ် ချယ်ဆီးဟာ ပထမအကျော့မှာ တီကို ကို ၁-၀ ဖြင့် အနိုင်ရထားတာဖြစ်ပြီး လက်တလော သူတို့ရဲ့ ခြေစွမ်းနဲ့ ခံစစ်ပိုင်းအရဆိုရင် လန်ဒန်ကလပ်ကပဲ နောက်တစ်ဆင့်ကို တက်ရောက်လာမယ်လို့ ခန့်မှန်းရတယ်။
လောလောဆယ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားပြီဖြစ်တဲ့ ၆ သင်းကတော့ လီဗာပူး၊ ဒေါ့မွန်၊ ပေါ်တို၊ ပီအက်စ်ဂျီ၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့ဖြစ်ကာ နောက်ထပ် နှစ်သင်းက ဘိုင်ယန်နဲ့ တီကို (သို့) ချယ်ဆီးအသင်း ဖြစ်လာပါလိမ့်မယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ဟာ နိုင်ငံတူတွေလည်း အတွဲကျခွင့်ရပြီဖြစ်လို့ လီဗာပူးအသင်းဟာ ပြည်တွင်းပြိုင်ဘက်တွေနဲ့ အတွဲပြန်ကျတာလည်း ဖြစ်သွားနိုင်ပါတယ်။ အင်္ဂလန်နှစ်သင်း ရံှူးထွက်အဆင့်မှာ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့တာက ၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူး Vs စပါးနဲ့ ၂၀၁၈ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လီဗာပူး Vs မန်စီးတီးတို့ ဖြစ်ပါတယ်။
လက်တလော ခြေစွမ်းတွေအရ ချန်ပီယံလိဂ်မှာ ရေပန်းစားအသင်းတွေအဖြစ် မန်စီးတီး၊ ဘိုင်ယန်၊ ပီအက်စ်ဂျီတို့က ရပ်တည်နေတာဖြစ်ပြီး သူတို့နောက်မှာ ချန်ပီယံဟောင်း လီဗာပူးက စတုတ္ထနေရာက ရပ်တည်နေပါတယ်။ ရေပန်းစားမှု အနိမ့်ဆုံးကတော့ ဒေါ့မွန်နဲ့ ပေါ်တိုတို့ ဖြစ်နေပါတယ်။
လက်ရှိ လီဗာပူးရဲ့ ခြေစွမ်းအရ ကွာတားအဆင့်တောင်မှ ခက်ခဲနိုင်ပြီး အသင်းလိုက် စုဖွဲ့မှုနဲ့ စိတ်ဓါတ်ပိုင်း ပြန်လည် တိုးတက်လာမယ်ဆိုရင်တော့ ပွဲကောင်းတွေနဲ့အတူ ဆီမီးကို တက်ရောက်သွားနိုင်ပါတယ်။
ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်က ရာခိုင်နှုန်း နည်းပါးနေဆဲဖြစ်လို့ ချန်ပီယံလိဂ်ဟာ အသင်းအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်ပြီး ဒီရာသီမှာ ဘယ်လောက်ထိ ဝေးဝေးကို သွားနိုင်မလဲဆိုတာက စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
ZAWGYI
ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပြဲစဥ္ေတြက ဒီကေန႔ညမွာ အဆံုးသတ္မွာျဖစ္ကာ မတ္လ ၁၉ ရက္ေန႔မွာေတာ့ ကြာတားဖိုင္နယ္အတြက္ မဲခြဲမႈေတြ စတင္သြားမွာျဖစ္ပါတယ္။
လာဇီယို Vs ဘိုင္ယန္၊ အက္သလက္တီကို Vs ခ်ယ္ဆီး တို႔ပြဲေတြျပီးရင္ေတာ့ ကြာတားဖိုင္နယ္အဆင့္ ၈ သင္းက ထြက္ေပၚလာေတာ့မွာပါ။ ဘိုင္ယန္က ပထမအေက်ာ့မွာ လာဇီယိုကို ၄-၁ ျဖင့္ အႏုိင္ရထားလို႔ ဂ်ာမာန္ခ်န္ပီယံေတြကပဲ ေနာက္တစ္ဆင့္ကို တက္လာဖြယ္ရွိျပီး အေျဖမေသခ်ာေသးတာက တီကိုနဲ႔ ခ်ယ္ဆီး ႏွစ္သင္းထဲက တစ္သင္းပဲ ရွိပါလိမ့္မယ္။
အဂၤလန္ကလပ္ ခ်ယ္ဆီးဟာ ပထမအေက်ာ့မွာ တီကို ကို ၁-၀ ျဖင့္ အႏုိင္ရထားတာျဖစ္ျပီး လက္တေလာ သူတို႔ရဲ႕ ေျခစြမ္းနဲ႔ ခံစစ္ပိုင္းအရဆိုရင္ လန္ဒန္ကလပ္ကပဲ ေနာက္တစ္ဆင့္ကို တက္ေရာက္လာမယ္လို႔ ခန္႔မွန္းရတယ္။
ေလာေလာဆယ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ထားျပီျဖစ္တဲ့ ၆ သင္းကေတာ့ လီဗာပူး၊ ေဒါ့မြန္၊ ေပၚတို၊ ပီအက္စ္ဂ်ီ၊ မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္တို႔ျဖစ္ကာ ေနာက္ထပ္ ႏွစ္သင္းက ဘိုင္ယန္နဲ႔ တီကို (သို႔) ခ်ယ္ဆီးအသင္း ျဖစ္လာပါလိမ့္မယ္။
ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ဟာ ႏုိင္ငံတူေတြလည္း အတြဲက်ခြင့္ရျပီျဖစ္လို႔ လီဗာပူးအသင္းဟာ ျပည္တြင္းျပိဳင္ဘက္ေတြနဲ႔ အတြဲျပန္က်တာလည္း ျဖစ္သြားႏုိင္ပါတယ္။ အဂၤလန္ႏွစ္သင္း ရံွဴးထြက္အဆင့္မွာ ေနာက္ဆံုးအၾကိမ္ ထိပ္တိုက္ေတြ႔ခဲ့တာက ၂၀၁၉ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ လီဗာပူး Vs စပါးနဲ႔ ၂၀၁၈ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ လီဗာပူး Vs မန္စီးတီးတို႔ ျဖစ္ပါတယ္။
လက္တေလာ ေျခစြမ္းေတြအရ ခ်န္ပီယံလိဂ္မွာ ေရပန္းစားအသင္းေတြအျဖစ္ မန္စီးတီး၊ ဘိုင္ယန္၊ ပီအက္စ္ဂ်ီတို႔က ရပ္တည္ေနတာျဖစ္ျပီး သူတို႔ေနာက္မွာ ခ်န္ပီယံေဟာင္း လီဗာပူးက စတုတၳေနရာက ရပ္တည္ေနပါတယ္။ ေရပန္းစားမႈ အနိမ့္ဆံုးကေတာ့ ေဒါ့မြန္နဲ႔ ေပၚတိုတို႔ ျဖစ္ေနပါတယ္။
လက္ရွိ လီဗာပူးရဲ႕ ေျခစြမ္းအရ ကြာတားအဆင့္ေတာင္မွ ခက္ခဲႏုိင္ျပီး အသင္းလိုက္ စုဖြဲ႔မႈနဲ႔ စိတ္ဓါတ္ပိုင္း ျပန္လည္ တိုးတက္လာမယ္ဆိုရင္ေတာ့ ပြဲေကာင္းေတြနဲ႔အတူ ဆီမီးကို တက္ေရာက္သြားႏုိင္ပါတယ္။
ပရီးမီးယားလိဂ္မွာ ထိပ္ဆံုး ၄ သင္း ဝင္ခြင့္က ရာခိုင္ႏႈန္း နည္းပါးေနဆဲျဖစ္လို႔ ခ်န္ပီယံလိဂ္ဟာ အသင္းအတြက္ ထြက္ေပါက္တစ္ခု ျဖစ္လာႏုိင္ျပီး ဒီရာသီမွာ ဘယ္ေလာက္ထိ ေဝးေဝးကို သြားႏုိင္မလဲဆိုတာက ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။