လီဗာပူးအသင်းဟာ ဒီဘက်နှစ်တွေမှာ တန်းဆင်းဇုန်အသင်းတွေက ကစားသမားကောင်းတွေကို ခေါ်ယူခြင်းဖြင့် ပြည်တွင်းလိဂ်မှာ အကျိုးအမြတ်ရနေတဲ့ စနစ်တစ်ခုကို ဖော်ဆောင်ထားနိုင်တယ်။
ဝိုက်နယ်ဒမ်၊ ရော်ဘတ်ဆန်နဲ့ ရှာကွီရီတို့ဟာ တန်းဆင်းသွားတဲ့ ကလပ်တွေကနေ သက်သာတဲ့ ပြောင်းရွှေ့ကြေးဖြင့် အသင်းကို ပြောင်းလာသူတွေဖြစ်တယ်။ ဝိုက်နယ်ဒမ်နဲ့ ရော်ဘတ်ဆန်တို့ဟာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်လာတဲ့ထိ ခြေစွမ်းပြနိုင်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ကလပ်က ရှက်ဖီးက ဆန်ဒါ ဘာ့ဂျ်ကို မျက်စိကျလာနေပါတယ်။
သတင်းထောက် Dean Jones က ဒီသတင်းကို ဖော်ပြလာတာဖြစ်ပေမယ့် ဆန်ဒါ ဘာ့ဂျ်ဟာ လီဗာပူးပရိသတ်တွေနဲ့ သိပ်စိမ်းတဲ့သူတော့ မဟုတ်ပါဘူး။ ၂၀၁၉ တုန်းက သူကစားနေတဲ့ ဂျန့်အသင်းနဲ့ လီဗာပူးတို့ ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဖူးသလို ကစားသမားလေး ကိုယ်တိုင်ကလည်း လီဗာပူးကို အထင်ကြီးတဲ့ ပရိသတ်တစ်ဦးဆိုတာကို ဝန်ခံခဲ့ဖူးသူဖြစ်တယ်။
လက်ရှိမှာ အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကွင်းလယ်ခံစစ်သမားကို လီဗာပူးဘက်က စောင့်ကြည့်ခဲ့ပေမယ့် ရှက်ဖီးကပဲ ကလပ်စံချိန်တင်ကြေး ပေါင် ၂၂ သန်းဖြင့် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ မာကျောတဲ့ ဆန်ဒါ ဘာ့ဂျ်ဟာ ဝိုက်နယ်ဒမ်နေရာ အစားထိုးဖို့ လီဗာပူး ကင်းထောက်တွေ စောင့်ကြည့်နေသူတွေထဲ ပါဝင်နေဆဲလို့ အသံထွက်လာပါတယ်။
နော်ဝေဘက်ကလည်း ကလော့ပ်က ဘာ့ဂျ်ကို အတော်လေး စိတ်ဝင်စားသလို ကစားသမားကောင်းအဖြစ် မြင်တယ်လို့ ဖော်ပြနေကြတယ်။ လီဗာပူးကွင်းလယ်လူတွေဖြစ်တဲ့ မီလ်နာ၊ သီယာဂို၊ ဟန်ဒါဆန်တို့ရဲ့ အသက်အရွယ်တွေက ၃၀ နဲ့ ၃၀ အထက်တွေဖြစ်ကာ ချိန်ဘာလိန်နဲ့ ဖာဘင်ညိုကလည်း အရွယ်ကောင်းကို ရောက်လာခဲ့လို့ သွေးသစ်လောင်းမှုတွေ ရှိလာတော့မှာ ဖြစ်တယ်။
ရှက်ဖီးအသင်းက ဒီရာသီမှာ တန်းဆင်းရဖို့ ရာနှုန်းများနေလို့ ဘာ့ဂျ်ကို ခေါ်ယူလိုရင် သက်သာတဲ့ စရိတ်ဖြစ်တဲ့ ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်နိုင်ဖွယ်ရှိပြီး လီဗာပူးဘက်ကလည်း ဒီအခွင့်အရေးကို စောင့်ကြည့်သွားဖို့ ရှိလာနေပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ဒီဘက္ႏွစ္ေတြမွာ တန္းဆင္းဇုန္အသင္းေတြက ကစားသမားေကာင္းေတြကို ေခၚယူျခင္းျဖင့္ ျပည္တြင္းလိဂ္မွာ အက်ိဳးအျမတ္ရေနတဲ့ စနစ္တစ္ခုကို ေဖာ္ေဆာင္ထားႏုိင္တယ္။
ဝိုက္နယ္ဒမ္၊ ေရာ္ဘတ္ဆန္နဲ႔ ရွာကီြရီတို႔ဟာ တန္းဆင္းသြားတဲ့ ကလပ္ေတြကေန သက္သာတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ အသင္းကို ေျပာင္းလာသူေတြျဖစ္တယ္။ ဝိုက္နယ္ဒမ္နဲ႔ ေရာ္ဘတ္ဆန္တို႔ဟာ အသင္းရဲ႕ အဓိက ကစားသမားေတြ ျဖစ္လာတဲ့ထိ ေျခစြမ္းျပႏုိင္ခဲ့တယ္။ ဒီတစ္ၾကိမ္မွာေတာ့ ကလပ္က ရွက္ဖီးက ဆန္ဒါ ဘာ့ဂ်္ကို မ်က္စိက်လာေနပါတယ္။
သတင္းေထာက္ Dean Jones က ဒီသတင္းကို ေဖာ္ျပလာတာျဖစ္ေပမယ့္ ဆန္ဒါ ဘာ့ဂ်္ဟာ လီဗာပူးပရိသတ္ေတြနဲ႔ သိပ္စိမ္းတဲ့သူေတာ့ မဟုတ္ပါဘူး။ ၂၀၁၉ တုန္းက သူကစားေနတဲ့ ဂ်န္႔အသင္းနဲ႔ လီဗာပူးတို႔ ခ်န္ပီယံလိဂ္မွာ ထိပ္တိုက္ေတြ႔ဖူးသလို ကစားသမားေလး ကိုယ္တိုင္ကလည္း လီဗာပူးကို အထင္ၾကီးတဲ့ ပရိသတ္တစ္ဦးဆိုတာကို ဝန္ခံခဲ့ဖူးသူျဖစ္တယ္။
လက္ရွိမွာ အသက္ ၂၃ ႏွစ္အရြယ္ ရွိျပီျဖစ္တဲ့ ကြင္းလယ္ခံစစ္သမားကို လီဗာပူးဘက္က ေစာင့္ၾကည့္ခဲ့ေပမယ့္ ရွက္ဖီးကပဲ ကလပ္စံခ်ိန္တင္ေၾကး ေပါင္ ၂၂ သန္းျဖင့္ ေခၚယူသြားခဲ့တာ ျဖစ္ပါတယ္။ ရုပ္ပိုင္းဆိုင္ရာ မာေက်ာတဲ့ ဆန္ဒါ ဘာ့ဂ်္ဟာ ဝိုက္နယ္ဒမ္ေနရာ အစားထိုးဖို႔ လီဗာပူး ကင္းေထာက္ေတြ ေစာင့္ၾကည့္ေနသူေတြထဲ ပါဝင္ေနဆဲလို႔ အသံထြက္လာပါတယ္။
ေနာ္ေဝဘက္ကလည္း ကေလာ့ပ္က ဘာ့ဂ်္ကို အေတာ္ေလး စိတ္ဝင္စားသလို ကစားသမားေကာင္းအျဖစ္ ျမင္တယ္လို႔ ေဖာ္ျပေနၾကတယ္။ လီဗာပူးကြင္းလယ္လူေတြျဖစ္တဲ့ မီလ္နာ၊ သီယာဂို၊ ဟန္ဒါဆန္တို႔ရဲ႕ အသက္အရြယ္ေတြက ၃၀ နဲ႔ ၃၀ အထက္ေတြျဖစ္ကာ ခ်ိန္ဘာလိန္နဲ႔ ဖာဘင္ညိဳကလည္း အရြယ္ေကာင္းကို ေရာက္လာခဲ့လို႔ ေသြးသစ္ေလာင္းမႈေတြ ရွိလာေတာ့မွာ ျဖစ္တယ္။
ရွက္ဖီးအသင္းက ဒီရာသီမွာ တန္းဆင္းရဖို႔ ရာႏႈန္းမ်ားေနလို႔ ဘာ့ဂ်္ကို ေခၚယူလိုရင္ သက္သာတဲ့ စရိတ္ျဖစ္တဲ့ ေပါင္ သန္း ၂၀ ဝန္းက်င္နဲ႔ ေခၚႏုိင္ဖြယ္ရွိျပီး လီဗာပူးဘက္ကလည္း ဒီအခြင့္အေရးကို ေစာင့္ၾကည့္သြားဖို႔ ရွိလာေနပါတယ္။