မန်နေဂျာကလော့ပ်က သူဟာ ဂျိုအာချင်လောနေရာ ဆက်ခံပြီး ဂျာမနီလက်ရွေးစင်အသင်းကို တာဝန်ယူလိုစိတ် ရှိပါကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

ဒီနွေမှာ ကျင်းပမယ့် ယူရို ပြိုင်ပွဲ အပြီးမှာတော့ ဂျိုအာချင်လောက ရာထူးကနေ နုတ်ထွက်သွားမှာပါ။ သူ့နေရာကို ဆက်ခံဖို့ ရေပန်းစားသူတွေထဲမှာ ယာဂင်ကလော့ပ်ကလည်း ထိပ်ဆုံး တစ်နေရာက ပါဝင်နေကာ ဒီကိစ္စနဲ့ ပက်သက်လို့ ကလော့ပ်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောမှု လုပ်လာခဲ့တယ်။

ကလော့ပ်က “ အရေးကြီးဆုံးက လက်ရွေးစင်မန်နေဂျာ မဖြစ်ချင်ဘူးလို့ ကျနော် ဘယ်တုန်းကမှ မပြောပါဘူး။ ဒါပေမယ့် ဖြစ်လာအောင် ကျနော် မလုပ်နိုင်ပါဘူး။ အဲ့တာက ကြီးကြီးမားမား ကွာခြားပါတယ်။

ကျနော်ရဲ့ ကြိုးစားအားထုတ်မှုကတော့ ရှင်းပါတယ်။ ကျနော်က လီဗာပူးမှာ အရေးပါတဲ့ နေရာက ရှိနေသူပါ။ အခုက လီဗာပူးမှာ ကျနော်ရဲ့ ၆ နှစ်ပြည့်ပဲ ဖြစ်ပါတယ်။ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ကျနော်က ဒီကလူတွေနဲ့ သိပ်ကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်တယ်။ ကျနေ်ာတို့က အချင်းချင်း မှီခိုနေရပါတယ်။

အခုချိန်မှာ ခက်ခဲတဲ့ ကာလအပိုင်းအခြားမှာ ကျနော်ဘက်က ဂျာမနီအသင်းကို ကိုင်တွယ်ဖို့ ထွက်သွားမလားဆိုရင် အဲ့လိုမျိုး မလုပ်နိုင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

အသက် ၅၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ယာဂင်ဟာ လီဗာပူးမှာ ၂၀၂၄ ခုနှစ်ထိ ဆက်ရှိနေဖို့ စာချုပ်ရှိထားသူ ဖြစ်ပါတယ်။ သူဟာ ဂျာမနီအသင်းကို ကိုင်တွယ်မယ်ဆိုတဲ့ သတင်းတွေဖြင့် မကြာခဏ ချိတ်ဆက်ခံနေရပေမယ့် လီဗာပူးဘက်ကတော့ အဆိုပါ သတင်းတွေကို ငြင်းဆန်ထားပြီး စာချုပ် သက်တမ်း ကုန်တဲ့အချိန်ထိ ကလော့ပ်ကို အန်ဖီးမှာပဲ ဆက်ရှိနေစေဖို့ ကြိုးစားမှာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က သူဟာ ဂ်ိဳအာခ်င္ေလာေနရာ ဆက္ခံျပီး ဂ်ာမနီလက္ေရြးစင္အသင္းကို တာဝန္ယူလိုစိတ္ ရွိပါေၾကာင္း ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။

ဒီေႏြမွာ က်င္းပမယ့္ ယူရို ျပိဳင္ပြဲ အျပီးမွာေတာ့ ဂ်ိဳအာခ်င္ေလာက ရာထူးကေန ႏုတ္ထြက္သြားမွာပါ။ သူ႔ေနရာကို ဆက္ခံဖို႔ ေရပန္းစားသူေတြထဲမွာ ယာဂင္ကေလာ့ပ္ကလည္း ထိပ္ဆံုး တစ္ေနရာက ပါဝင္ေနကာ ဒီကိစၥနဲ႔ ပက္သက္လို႔ ကေလာ့ပ္က ပြင့္ပြင့္လင္းလင္း ထုတ္ေျပာမႈ လုပ္လာခဲ့တယ္။

ကေလာ့ပ္က “ အေရးၾကီးဆံုးက လက္ေရြးစင္မန္ေနဂ်ာ မျဖစ္ခ်င္ဘူးလို႔ က်ေနာ္ ဘယ္တုန္းကမွ မေျပာပါဘူး။ ဒါေပမယ့္ ျဖစ္လာေအာင္ က်ေနာ္ မလုပ္ႏုိင္ပါဘူး။ အဲ့တာက ၾကီးၾကီးမားမား ကြာျခားပါတယ္။

က်ေနာ္ရဲ႕ ၾကိဳးစားအားထုတ္မႈကေတာ့ ရွင္းပါတယ္။ က်ေနာ္က လီဗာပူးမွာ အေရးပါတဲ့ ေနရာက ရွိေနသူပါ။ အခုက လီဗာပူးမွာ က်ေနာ္ရဲ႕ ၆ ႏွစ္ျပည့္ပဲ ျဖစ္ပါတယ္။ ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြမွာ က်ေနာ္က ဒီကလူေတြနဲ႔ သိပ္ေကာင္းတဲ့ ဆက္ဆံေရးကို တည္ေဆာက္ထားႏုိင္တယ္။ က်ေန္ာတို႔က အခ်င္းခ်င္း မွီခိုေနရပါတယ္။

အခုခ်ိန္မွာ ခက္ခဲတဲ့ ကာလအပိုင္းအျခားမွာ က်ေနာ္ဘက္က ဂ်ာမနီအသင္းကို ကိုင္တြယ္ဖို႔ ထြက္သြားမလားဆိုရင္ အဲ့လိုမ်ိဳး မလုပ္ႏုိင္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အသက္ ၅၃ ႏွစ္အရြယ္ ရွိျပီျဖစ္တဲ့ ယာဂင္ဟာ လီဗာပူးမွာ ၂၀၂၄ ခုႏွစ္ထိ ဆက္ရွိေနဖို႔ စာခ်ဳပ္ရွိထားသူ ျဖစ္ပါတယ္။ သူဟာ ဂ်ာမနီအသင္းကို ကိုင္တြယ္မယ္ဆိုတဲ့ သတင္းေတြျဖင့္ မၾကာခဏ ခ်ိတ္ဆက္ခံေနရေပမယ့္ လီဗာပူးဘက္ကေတာ့ အဆိုပါ သတင္းေတြကို ျငင္းဆန္ထားျပီး စာခ်ဳပ္ သက္တမ္း ကုန္တဲ့အခ်ိန္ထိ ကေလာ့ပ္ကို အန္ဖီးမွာပဲ ဆက္ရွိေနေစဖို႔ ၾကိဳးစားမွာျဖစ္ပါတယ္။