မတ်လ နိုင်ငံတကာ သီတင်းပတ်အတွက် အင်္ဂလန်လူစာရင်းကို မန်နေဂျာဆောက်ဂိတ်က ထုတ်ပြန်ခဲ့ပြီဖြစ်ကာ လီဗာပူးအသင်းသား တစ်ဦးမှ မပါလာခဲ့ပါဘူး။

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့နောက် ပုံစံကောင်း ပြန်ရနေတဲ့ ထရန့်ကလည်း အင်္ဂလန်လူစာရင်းမှာ မပါခဲ့ပါဘူး။ သူ့နေရာမှာ ချယ်ဆီး လူငယ်ကစားသမား ရိစ်ဂျိမ်း ပါဝင်သွားခဲ့တာဖြစ်ကာ ဒီသတင်းဟာ အင်္ဂလန်မီဒီယာတွေမှာတော့ ပြောစရာ သတင်းတစ်ခု ဖြစ်လာနေခဲ့ပါတယ်။

ဆောက်ဂိတ်က ထရန့်ဟာ ဒီနှစ်ထဲမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ မပြနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လူစာရင်းက ချန်ခဲ့တာဖြစ်တယ်။ နိုင်ငံတကာပွဲစဉ်တွေက ရာသီကုန်ရင် ယှဉ်ပြိုင်ရမယ့် ယူရို ပြိင်ပွဲအတွက် အရေးပါတာကြောင့် ဒီသတင်းက ထရန့်အတွက်တော့ စိတ်မကျေနပ်စရာ ကိစ္စ ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။

ဆောက်ဂိတ်ကပဲ “ ထရန့်က ကုန်ခဲ့တဲ့ နှစ်နှစ်လောက်မှာ သူပြသထားတဲ့ ခြေစွမ်းမျိုးကို မပြထားနိုင်ပါဘူး။ ဒါပေမယ့် သူက ပုံမှန်ခြေစွမ်း ပြန်ရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဦးတည်ချက်တွေအတွက်လည်း ခြေလှမ်းနိုင်မှုတွေ ရှိနေပါပြီ။ အနာဂတ်မှာ ထရန့်က အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်လာမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

တစ်ဘက်မှာတော့ ထရန့်ရဲ့ သတင်းက လီဗာပူးအတွက် စိတ်ပျက်စရာ မဟုတ်ခဲ့ပါဘူး။ အင်္ဂလန်ညာအစွန်လူစာ ကြံ့ခိုင်မှု ပြန်ကောင်းလာကတည်းက အနားယူမှုနဲ့ ကလပ်ရဲ့ လေ့ကျင့်ရေးတွေမှာ သက်သောင့်သက်သာ မပါနိုင်ခဲ့တာ လအတန်ကြာခဲ့ပါပြီ။ ရာသီကုန်ထိ အနည်းဆုံး ၁၁ ပွဲ ယှဉ်ပြိုင်ရမယ့် ပွဲတွေအတွက် သူ့အနားယူရမှုက ကလပ်ကို အကျိုးဖြစ်စေမှာဖြစ်တယ်။

မတ်လ နိုင်ငံတကာသီတင်းပတ်မှာ လီဗာပူးက ကစားသမား အများအပြားကို ဆက်ထိန်းသွားနိုင်ဖို့ရှိပြီး ဂလယ်ဟာ၊ ဂျုံးနဲ့ ကိတ်တာတို့ကိုလည်း နိုင်ငံပွဲတွေအတွက် ခွင့်ပြုသွားရဖို့ ရှိနေပါတယ်။

ZAWGYI

မတ္လ ႏုိင္ငံတကာ သီတင္းပတ္အတြက္ အဂၤလန္လူစာရင္းကို မန္ေနဂ်ာေဆာက္ဂိတ္က ထုတ္ျပန္ခဲ့ျပီျဖစ္ကာ လီဗာပူးအသင္းသား တစ္ဦးမွ မပါလာခဲ့ပါဘူး။

ဒဏ္ရာကေန ျပန္သက္သာလာတဲ့ေနာက္ ပံုစံေကာင္း ျပန္ရေနတဲ့ ထရန္႔ကလည္း အဂၤလန္လူစာရင္းမွာ မပါခဲ့ပါဘူး။ သူ႔ေနရာမွာ ခ်ယ္ဆီး လူငယ္ကစားသမား ရိစ္ဂ်ိမ္း ပါဝင္သြားခဲ့တာျဖစ္ကာ ဒီသတင္းဟာ အဂၤလန္မီဒီယာေတြမွာေတာ့ ေျပာစရာ သတင္းတစ္ခု ျဖစ္လာေနခဲ့ပါတယ္။

ေဆာက္ဂိတ္က ထရန္႔ဟာ ဒီႏွစ္ထဲမွာ သူ႔ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြ မျပႏုိင္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လူစာရင္းက ခ်န္ခဲ့တာျဖစ္တယ္။ ႏုိင္ငံတကာပြဲစဥ္ေတြက ရာသီကုန္ရင္ ယွဥ္ျပိဳင္ရမယ့္ ယူရို ျပိင္ပြဲအတြက္ အေရးပါတာေၾကာင့္ ဒီသတင္းက ထရန္႔အတြက္ေတာ့ စိတ္မေက်နပ္စရာ ကိစၥ ျဖစ္လာေကာင္း ျဖစ္လာႏုိင္ပါတယ္။

ေဆာက္ဂိတ္ကပဲ “ ထရန္႔က ကုန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္မွာ သူျပသထားတဲ့ ေျခစြမ္းမ်ိဳးကို မျပထားႏုိင္ပါဘူး။ ဒါေပမယ့္ သူက ပံုမွန္ေျခစြမ္း ျပန္ရဖို႔ နီးစပ္ေနျပီ ျဖစ္ပါတယ္။ မွန္ကန္တဲ့ ဦးတည္ခ်က္ေတြအတြက္လည္း ေျခလွမ္းႏုိင္မႈေတြ ရွိေနပါျပီ။ အနာဂတ္မွာ ထရန္႔က အသင္းအတြက္ ၾကီးမားတဲ့ အစိတ္အပိုင္းအျဖစ္ ပါဝင္လာမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

တစ္ဘက္မွာေတာ့ ထရန္႔ရဲ႕ သတင္းက လီဗာပူးအတြက္ စိတ္ပ်က္စရာ မဟုတ္ခဲ့ပါဘူး။ အဂၤလန္ညာအစြန္လူစာ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာကတည္းက အနားယူမႈနဲ႔ ကလပ္ရဲ႕ ေလ့က်င့္ေရးေတြမွာ သက္ေသာင့္သက္သာ မပါႏုိင္ခဲ့တာ လအတန္ၾကာခဲ့ပါျပီ။ ရာသီကုန္ထိ အနည္းဆံုး ၁၁ ပြဲ ယွဥ္ျပိဳင္ရမယ့္ ပြဲေတြအတြက္ သူ႔အနားယူရမႈက ကလပ္ကို အက်ိဳးျဖစ္ေစမွာျဖစ္တယ္။

မတ္လ ႏုိင္ငံတကာသီတင္းပတ္မွာ လီဗာပူးက ကစားသမား အမ်ားအျပားကို ဆက္ထိန္းသြားႏုိင္ဖို႔ရွိျပီး ဂလယ္ဟာ၊ ဂ်ံဳးနဲ႔ ကိတ္တာတို႔ကိုလည္း ႏုိင္ငံပြဲေတြအတြက္ ခြင့္ျပဳသြားရဖို႔ ရွိေနပါတယ္။