ဂူနီယာ လက်ရွေးစင်မန်နေဂျာ ဒီဒီယာ ဆစ်က သူဟာ လီဗာပူးအသင်းနဲ့ ညိနှိုင်းမှုတွေ လုပ်ခဲ့ကာ ကိတ်တာကို အာဖရိကဖလား ခြေစစ်ပွဲအတွက် ပါဝင်ပေးနိုင်ဖို့ စကားပြောခဲ့ကြောင်း ထုတ်ပြောပါတယ်။
ဂူနီယာအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ကိတ်တာက အုပ်စုတွင်း ဦးဆောင်နေတဲ့ မာလီအသင်းနဲ့ မတ်လ ၂၄ ရက်နေ့မှာ ထိပ်တိုက် ယှဉ်ပြိုင်ရမှာပါ။ ဂူနီယာဘက်က အဆိုပါ ပွဲတစ်ပွဲတည်းမှာ ကိတ်တာကို သုံးခွင့်ပေးဖို့ တောင်းဆိုမှု လုပ်ခဲ့ပြီး ချက်ခြင်း အင်္ဂလန်ကို ပြန်ပို့ပေးပါမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
ဆစ်က ” ကမ္ဘာအကြီးမားဆုံး ကလပ်တွေထဲက တစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ ကျနော်တို့ ညိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ ကိတ်တာအတွက် လက်ရွေးစင်အသင်းရဲ့ ပထမဆုံးပွဲမှာ ပါဝင်ကစားခွင့် ရနိုင်ဖို့ပါ။
အဲ့ပွဲပြီးရင် ကျနေ်ာတို့က သူ့ကို လေယာဉ်နဲ့ ချက်ခြင်း ပြန်ပို့ပေးသွားမှာဖြစ်ပါတယ်။ အင်္ဂလန်မှာ ကွာရန်တင်း ၇ ရက်နေပြီးရင် ပရီးမီးယားလိဂ်ပွဲ ပြန်ကစားဖို့ သူ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ လေ့ကျင့်ချိန်လည်း ရပါလိမ့်မယ်။
လီဗာပူးကို ဒီအဆိုတင်သွင်းမှု ကျနော် လုပ်ခဲ့ပြီး ကျနော်တို့ရဲ့ ပထမဆုံးပွဲအတွက် ဖြစ်နိုင်သလောက် အတောင့်တင်းဆုံး လူစာရင်းကို ကျနေ်ာတို ရလိုပါတယ်။ အဲ့အတွက်လည်း အတင်းအကျပ် လုပ်ဖို့ထက် သံတမန်နည်းလမ်းကိုပဲ သုံးသွားမှာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ လက်ရွေးစင်တာဝန်တွေကို ထမ်းဆောင်ရင်း ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေ ကြီးကြီးမားမား ခံစားခဲ့ရသူဖြစ်တယ်။ သူဟာ ပြန်သက်သာလာကာ လီဗာပူးရဲ့ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာပေမယ့် ပွဲကစားခွင့် အကန့်အသတ်နဲ့ပဲ ကွင်းထဲ ပြန်ဝင်ခွင့် ရနေသေးတာဖြစ်တယ်။
ZAWGYI
ဂူနီယာ လက္ေရြးစင္မန္ေနဂ်ာ ဒီဒီယာ ဆစ္က သူဟာ လီဗာပူးအသင္းနဲ႔ ညိႏိႈင္းမႈေတြ လုပ္ခဲ့ကာ ကိတ္တာကို အာဖရိကဖလား ေျခစစ္ပြဲအတြက္ ပါဝင္ေပးႏုိင္ဖို႔ စကားေျပာခဲ့ေၾကာင္း ထုတ္ေျပာပါတယ္။
ဂူနီယာအသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္သူ ကိတ္တာက အုပ္စုတြင္း ဦးေဆာင္ေနတဲ့ မာလီအသင္းနဲ႔ မတ္လ ၂၄ ရက္ေန႔မွာ ထိပ္တိုက္ ယွဥ္ျပိဳင္ရမွာပါ။ ဂူနီယာဘက္က အဆိုပါ ပြဲတစ္ပြဲတည္းမွာ ကိတ္တာကို သံုးခြင့္ေပးဖို႔ ေတာင္းဆိုမႈ လုပ္ခဲ့ျပီး ခ်က္ျခင္း အဂၤလန္ကို ျပန္ပို႔ေပးပါမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။
ဆစ္က ” ကမၻာအၾကီးမားဆံုး ကလပ္ေတြထဲက တစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔ က်ေနာ္တို႔ ညိႏိႈင္း ေဆြးေႏြးခဲ့ပါတယ္။ ကိတ္တာအတြက္ လက္ေရြးစင္အသင္းရဲ႕ ပထမဆံုးပြဲမွာ ပါဝင္ကစားခြင့္ ရႏုိင္ဖို႔ပါ။
အဲ့ပြဲျပီးရင္ က်ေန္ာတို႔က သူ႔ကို ေလယာဥ္နဲ႔ ခ်က္ျခင္း ျပန္ပို႔ေပးသြားမွာျဖစ္ပါတယ္။ အဂၤလန္မွာ ကြာရန္တင္း ၇ ရက္ေနျပီးရင္ ပရီးမီးယားလိဂ္ပြဲ ျပန္ကစားဖို႔ သူ အဆင္သင့္ျဖစ္ေနပါလိမ့္မယ္။ ေလ့က်င့္ခ်ိန္လည္း ရပါလိမ့္မယ္။
လီဗာပူးကို ဒီအဆိုတင္သြင္းမႈ က်ေနာ္ လုပ္ခ့ဲျပီး က်ေနာ္တို႔ရဲ႕ ပထမဆံုးပြဲအတြက္ ျဖစ္ႏုိင္သေလာက္ အေတာင့္တင္းဆံုး လူစာရင္းကို က်ေန္ာတို ရလိုပါတယ္။ အဲ့အတြက္လည္း အတင္းအက်ပ္ လုပ္ဖို႔ထက္ သံတမန္နည္းလမ္းကိုပဲ သံုးသြားမွာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူဟာ လက္ေရြးစင္တာဝန္ေတြကို ထမ္းေဆာင္ရင္း ၾကံ႕ခိုင္မႈဆိုင္ရာ ျပႆနာေတြ ၾကီးၾကီးမားမား ခံစားခဲ့ရသူျဖစ္တယ္။ သူဟာ ျပန္သက္သာလာကာ လီဗာပူးရဲ႕ ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္လာေပမယ့္ ပြဲကစားခြင့္ အကန္႔အသတ္နဲ႔ပဲ ကြင္းထဲ ျပန္ဝင္ခြင့္ ရေနေသးတာျဖစ္တယ္။