လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့တာက အထူးအဆန်း ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဒီနှစ်သင်းဟာ အုပ်စုအဆင့်၊ ရံှူးထွက်အဆင့်နဲ့ ဗိုလ်လုပွဲအဆင့်တွေမှာ မကြာခဏ ထိပ်တိုက်တွေ့နေကျဖြစ်ပါတယ်။
ထိုနည်းတူ ယာဂင်ကလော့ပ်ဟာလည်း မန်နေဂျာဘဝမှာ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့တာက ပုံမှန်လိုဖြစ်နေခဲ့တယ်။ သူဟာ လီဗာပူးမန်နေဂျာဘဝ ရီးရဲလ်နဲ့ တစ်ကြိမ် ထိပ်တိုက်တွေ့ဖူးသလို ဒေါ့မွန်မန်နေဂျာဘဝမှာဆိုရင် ၆ ကြိမ်တောင် ယှဉ်ပြိုင်ထားခဲ့ဖူးပါတယ်။
ကလော့ပ်က “ ဒေါ့မွန်နဲ့ဆိုရင် ချန်ပီယံလိဂ် အုပ်စုအဆင့်ဖြစ်ဖြစ် အခြားအဆင့်ဖြစ်ဖြစ် တစ်ခုခုမှာ ကျနေ်ာတို့ တွေ့နေကျပါ။ ရီးရဲလ်မက်ဒရစ် မဟုတ်ရင် အာဆင်နယ်နဲ့ ကျနေ်ာတို့ တွေ့ဆုံနေကျပဲဖြစ်ပါတယ် ” လို့ ပြောပါတယ်။
မန်နေဂျာဘဝ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရချိန်တိုင်းမှာ ရော်နယ်ဒိုကို ပြိုင်ဘက်အဖြစ် အမြဲ ရင်ဆိုင်ရတဲ့ ကလော့ပ်က ဒီတစ်ကြိမ်မှာတော့ ပေါ်တူဂီသားမပါတဲ့ ရီးရဲလ်မက်ဒရစ်ကို ပထမဆုံး ရင်ဆိုင်ရတော့မှာပါ။ ဒါပေမယ့်လည်း လာလီဂါအသင်းရဲ့ အမာခံ ကစားသမား ၆ ဦးကတော့ ဆက်ရှိနေဆဲဖြစ်ကြောင်း ကလော့ပ်က ပြောပါသေးတယ်။
“ လီဗာပူးက ဒီတစ်ဆင့်မှာ အသင်းတစ်သင်းနဲ့ပဲ ထိပ်တိုက်တွေ့လိုရတယ်။ အခု ရီးရဲလ်မက်ဒရစ်နဲ့ တွေ့တယ်။ အဆင်ပြေပါတယ်။ ခက်ခဲမယ်ဆိုပေမယ့် ရပါတယ်။ ကျနော်အတွက်ကတော့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရချိန်မှာ ရော်နယ်ဒိုနဲ့ ဘေလ်းမပါတဲ့ အသင်းတစ်သင်းကို ပထမဆုံး ရင်ဆိုင်သွားရမှာပါ။
ဒါပေမယ့်လည်း ရာမိုစ့် ရှိနေပါသေးတယ်။ ဗာရိန်း၊ တိုနီ ခရုစ်၊ မိုဒရစ်၊ ကတ်စမဲရိုး၊ ကာဗာဂျယ်၊ ဘန်ဇီမာတို့ ရှိနေပါသေးတယ်။ လူငယ်ကစားသမား အချို့လည်းရှိပြီး ကစားသမားကောင်းတွေလည်း ရှိနေပါတယ်။ ဒီပွဲအတွက် ကျနော်ကတော့ တကယ်ကို စောင့်မျှော်နေမိပါတယ် ” လို့ ယာဂင်ကလော့ပ်က မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဗိုလ်လုပွဲ နောက်ပိုင်းမှာ လီဗာပူးအသင်းဘက်က ချန်၊ လယ်လာနာတိုကို လက်လွတ်ထားရပြီဖြစ်တယ်။ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်၊ ဟန်ဒါဆန်တို့ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ၂၀၁၈ နွေကစလို့ ခေါ်ယူထားတဲ့ ကိတ်တာ၊ အယ်လီဆန်၊ သီယာဂို၊ ဂျိုတာ၊ ဖာဘင်ညိုတို့လို ကစားသမားတွေဖြင့် လီဗာပူးက အင်အားတောင့်တင်းနေဆဲ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ခ်န္ပီယံလိဂ္မွာ ထိပ္တိုက္ေတြ႔တာက အထူးအဆန္း ကိစၥေတာ့ မဟုတ္ေတာ့ပါဘူး။ ဒီႏွစ္သင္းဟာ အုပ္စုအဆင့္၊ ရံွဴးထြက္အဆင့္နဲ႔ ဗိုလ္လုပြဲအဆင့္ေတြမွာ မၾကာခဏ ထိပ္တိုက္ေတြ႔ေနက်ျဖစ္ပါတယ္။
ထိုနည္းတူ ယာဂင္ကေလာ့ပ္ဟာလည္း မန္ေနဂ်ာဘဝမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ထိပ္တိုက္ေတြ႔တာက ပံုမွန္လိုျဖစ္ေနခဲ့တယ္။ သူဟာ လီဗာပူးမန္ေနဂ်ာဘဝ ရီးရဲလ္နဲ႔ တစ္ၾကိမ္ ထိပ္တိုက္ေတြ႔ဖူးသလို ေဒါ့မြန္မန္ေနဂ်ာဘဝမွာဆိုရင္ ၆ ၾကိမ္ေတာင္ ယွဥ္ျပိဳင္ထားခဲ့ဖူးပါတယ္။
ကေလာ့ပ္က “ ေဒါ့မြန္နဲ႔ဆိုရင္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ျဖစ္ျဖစ္ အျခားအဆင့္ျဖစ္ျဖစ္ တစ္ခုခုမွာ က်ေန္ာတို႔ ေတြ႔ေနက်ပါ။ ရီးရဲလ္မက္ဒရစ္ မဟုတ္ရင္ အာဆင္နယ္နဲ႔ က်ေန္ာတို႔ ေတြ႔ဆံုေနက်ပဲျဖစ္ပါတယ္ ” လို႔ ေျပာပါတယ္။
မန္ေနဂ်ာဘဝ ရီးရဲလ္မက္ဒရစ္ကို ရင္ဆိုင္ရခ်ိန္တိုင္းမွာ ေရာ္နယ္ဒိုကို ျပိဳင္ဘက္အျဖစ္ အျမဲ ရင္ဆိုင္ရတဲ့ ကေလာ့ပ္က ဒီတစ္ၾကိမ္မွာေတာ့ ေပၚတူဂီသားမပါတဲ့ ရီးရဲလ္မက္ဒရစ္ကို ပထမဆံုး ရင္ဆိုင္ရေတာ့မွာပါ။ ဒါေပမယ့္လည္း လာလီဂါအသင္းရဲ႕ အမာခံ ကစားသမား ၆ ဦးကေတာ့ ဆက္ရွိေနဆဲျဖစ္ေၾကာင္း ကေလာ့ပ္က ေျပာပါေသးတယ္။
“ လီဗာပူးက ဒီတစ္ဆင့္မွာ အသင္းတစ္သင္းနဲ႔ပဲ ထိပ္တိုက္ေတြ႔လိုရတယ္။ အခု ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႔တယ္။ အဆင္ေျပပါတယ္။ ခက္ခဲမယ္ဆိုေပမယ့္ ရပါတယ္။ က်ေနာ္အတြက္ကေတာ့ ရီးရဲလ္မက္ဒရစ္ကို ရင္ဆိုင္ရခ်ိန္မွာ ေရာ္နယ္ဒိုနဲ႔ ေဘလ္းမပါတဲ့ အသင္းတစ္သင္းကို ပထမဆံုး ရင္ဆိုင္သြားရမွာပါ။
ဒါေပမယ့္လည္း ရာမိုစ့္ ရွိေနပါေသးတယ္။ ဗာရိန္း၊ တိုနီ ခရုစ္၊ မိုဒရစ္၊ ကတ္စမဲရိုး၊ ကာဗာဂ်ယ္၊ ဘန္ဇီမာတို႔ ရွိေနပါေသးတယ္။ လူငယ္ကစားသမား အခ်ိဳ႔လည္းရွိျပီး ကစားသမားေကာင္းေတြလည္း ရွိေနပါတယ္။ ဒီပြဲအတြက္ က်ေနာ္ကေတာ့ တကယ္ကို ေစာင့္ေမွ်ာ္ေနမိပါတယ္ ” လို႔ ယာဂင္ကေလာ့ပ္က မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။
၂၀၁၈ ခုႏွစ္ ဗိုလ္လုပြဲ ေနာက္ပိုင္းမွာ လီဗာပူးအသင္းဘက္က ခ်န္၊ လယ္လာနာတိုကို လက္လြတ္ထားရျပီျဖစ္တယ္။ ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈမွာ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္၊ ဟန္ဒါဆန္တို႔ ပါဝင္ႏုိင္မွာ မဟုတ္ေပမယ့္ ၂၀၁၈ ေႏြကစလို႔ ေခၚယူထားတဲ့ ကိတ္တာ၊ အယ္လီဆန္၊ သီယာဂို၊ ဂ်ိဳတာ၊ ဖာဘင္ညိဳတို႔လို ကစားသမားေတြျဖင့္ လီဗာပူးက အင္အားေတာင့္တင္းေနဆဲ ျဖစ္ပါတယ္။