ရီးရဲလ်မက်ဒရစ်မန်နေဂျာ ဇီဒန်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့နေတဲ့ လီဗာပူးအသင်းက ရံှူးထွက်တွေမှာ ခြေစွာတဲ့ အသင်းပါလို့ ထုတ်ပြောလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာကော ချန်ပီယံလိဂ်မှာပါ ဆုဖလား အောင်မြင်ရေး လမ်းကြောင်းတွေအတွင်း ဆက်ရှိနေသေးတာပါ။ သူတို့အသင်းက ဥရောပရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်သလို လီဗာပူးနည်းတူပဲ ရံှူးထွက်တွေမှာ ရလဒ်ကောင်းလေ့ရှိကြောင်း မှတ်ချက်ကောင်းတွေ ရနေတဲ့အသင်းဖြစ်တယ်။
ချန်ပီယံလိဂ်ပြိုင်ဘက် လီဗာပူးနဲ့ ပက်သက်လို့ ဇီဒန်းက ” လီဗာပူးကို ရင်ဆိုင်ကစားရတာက ဘယ်လောက် ခက်ခဲလဲဆိုတာကို ကျနော်တို့ သိပါတယ်။ သူတို့နဲ့ အတွဲကျတာက ဆိုးတယ်ကော ကောင်းတယ်ပါ ပြောလို့မရပါဘူး။ လီဗာပူးက ဘယ်အချိန်မဆိုနဲ့ အထူးသဖြင့် ရံှူးထွက်အဆင့်တွေမှာ ဝှက်ဖဲတွေကို ထုတ်သုံးနိုင်တဲ့ အသင်းဖြစ်ပါတယ်။
သူတို့ ဘယ်လိုအသင်းလဲဆိုတာ ကျနော်တို့ ကောင်းကောင်းနားလည်ပါတယ်။ အဲ့တာကလည်း မပြောင်းလဲသွားပါဘူး။ တစ်ချိန်တည်းမှာပဲ ကျနော်တို့နဲ့ ပက်သက်ပြီးလည်း လူတွေက အဲ့လိုပဲ ပြောနေကြပါလိမ့်မယ်။ ကျနော်တို့က ပြိုင်ပွဲ နှစ်ခုလုံးမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ကျနော်တို့ ယှဉ်ပြိုင်သွားရပါလိမ့်မယ်။
ချန်ပီယံလိဂ်ဖလားကို အကြိမ် အများကြီး အောင်နိုင်ထားတဲ့ အသင်းနှစ်သင်းကြား ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်လို့ ပွဲကောင်းဖြစ်လာပါလိမ့်မယ်။ ဒီအဆင့်မှာတော့ အနိုင်ရဖို့ဆိုတာက အမြဲတမ်း ခက်ခဲလာပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးဖြင့် ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၂ ပွဲ ကြားမှာ ဘာစီလိုနာနဲ့ လာလီဂါပွဲ တစ်ပွဲကိုလည်း ကစားရဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။
ZAWGYI
ရီးရဲလ္မက္ဒရစ္မန္ေနဂ်ာ ဇီဒန္းက ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ထိပ္တိုက္ေတြ႔ေနတဲ့ လီဗာပူးအသင္းက ရံွဴးထြက္ေတြမွာ ေျခစြာတဲ့ အသင္းပါလို႔ ထုတ္ေျပာလာပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာ လာလီဂါမွာေကာ ခ်န္ပီယံလိဂ္မွာပါ ဆုဖလား ေအာင္ျမင္ေရး လမ္းေၾကာင္းေတြအတြင္း ဆက္ရွိေနေသးတာပါ။ သူတို႔အသင္းက ဥေရာပရဲ႕ အေအာင္ျမင္ဆံုးအသင္း ျဖစ္သလို လီဗာပူးနည္းတူပဲ ရံွဴးထြက္ေတြမွာ ရလဒ္ေကာင္းေလ့ရွိေၾကာင္း မွတ္ခ်က္ေကာင္းေတြ ရေနတဲ့အသင္းျဖစ္တယ္။
ခ်န္ပီယံလိဂ္ျပိဳင္ဘက္ လီဗာပူးနဲ႔ ပက္သက္လို႔ ဇီဒန္းက ” လီဗာပူးကို ရင္ဆိုင္ကစားရတာက ဘယ္ေလာက္ ခက္ခဲလဲဆိုတာကို က်ေနာ္တုိ႔ သိပါတယ္။ သူတို႔နဲ႔ အတြဲက်တာက ဆိုးတယ္ေကာ ေကာင္းတယ္ပါ ေျပာလို႔မရပါဘူး။ လီဗာပူးက ဘယ္အခ်ိန္မဆိုနဲ႔ အထူးသျဖင့္ ရံွဴးထြက္အဆင့္ေတြမွာ ဝွက္ဖဲေတြကို ထုတ္သံုးႏုိင္တဲ့ အသင္းျဖစ္ပါတယ္။
သူတို႔ ဘယ္လိုအသင္းလဲဆိုတာ က်ေနာ္တို႔ ေကာင္းေကာင္းနားလည္ပါတယ္။ အဲ့တာကလည္း မေျပာင္းလဲသြားပါဘူး။ တစ္ခ်ိန္တည္းမွာပဲ က်ေနာ္တို႔နဲ႔ ပက္သက္ျပီးလည္း လူေတြက အဲ့လိုပဲ ေျပာေနၾကပါလိမ့္မယ္။ က်ေနာ္တို႔က ျပိဳင္ပြဲ ႏွစ္ခုလံုးမွာ ဆက္ရွိေနဆဲျဖစ္ပါတယ္။ က်ေနာ္တို႔ ယွဥ္ျပိဳင္သြားရပါလိမ့္မယ္။
ခ်န္ပီယံလိဂ္ဖလားကို အၾကိမ္ အမ်ားၾကီး ေအာင္ႏုိင္ထားတဲ့ အသင္းႏွစ္သင္းၾကား ထိပ္တိုက္ေတြ႔တဲ့ပြဲျဖစ္လို႔ ပြဲေကာင္းျဖစ္လာပါလိမ့္မယ္။ ဒီအဆင့္မွာေတာ့ အႏုိင္ရဖို႔ဆိုတာက အျမဲတမ္း ခက္ခဲလာပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာ လီဗာပူးျဖင့္ ယွဥ္ျပိဳင္ရမယ့္ ပြဲစဥ္ ၂ ပြဲ ၾကားမွာ ဘာစီလိုနာနဲ႔ လာလီဂါပြဲ တစ္ပြဲကိုလည္း ကစားရဖို႔ ရွိေနေသးတာ ျဖစ္ပါတယ္။