များစွာသော လီဗာပူးကစားသမားတွေကို နိုင်ငံတကာပွဲတွေထံ သွားရောက် ပူးပေါင်းမှုတွေ မလုပ်ခင်မှာ ကလပ်ဘက်က အနားပေးမှုတွေ လုပ်ထားပါတယ်။
ဒါပေမယ့်လည်း ထရန့်၊ ဖာဘင်ညို၊ အယ်လီဆန်၊ ဖာမင်နို၊ ချိန်ဘာလိန်နဲ့ မီလ်နာတို့က မာဆေးဆိုဒ်မှာ ဆက်ရှိနေဆဲပါ။ သက်ဆိုင်ရာ လက်ရွေးစင်တွေမှာ ခေါ်ယူခံရမယ့် ဂျုံး၊ ရှာကွီရီတို့ကလည်း ခါဘီမှာ ဆက်ရှိနေပါတယ်။ သူတို့နဲ့ အကယ်ဒမီ ကြယ်ပွင့်တွေကို ပေါင်းစပ်ပြီး ခါဘီလေ့ကျင့်ရေးမှာ 11 V 11 ပွဲတစ်ပွဲကို ကစားစေခဲ့တယ်လို့ သိရတယ်။
ဒီအပတ်မှာ ဘောလုံးပွဲတွေ ကစားရဖို့ မရှိပေမယ့် ကလော့ပ်ရဲ့ လက်ထောက်နည်းပြတွေက ဘလာဂီဇီ၊ မူစီယာလိုစကီတို့လို လူငယ်ကြယ်ပွင့်တွေပါတဲ့ အကယ်ဒမီကစားသမား ၁၂ ဦးကို စီနီယာအသင်း လေ့ကျင့်ရေးထံ လာစေခဲ့ပါတယ်။ ဒီလိုပွဲဟာ ပွဲကစားခွင့် နည်းပါးထားတဲ့ ချိန်ဘာလိန်လို ကစားသမားကို သူ့ရဲ့ တိုးတက်မှုတွေကို ပြသခွင့် ရစေခဲ့တယ်။
“ မတူညီတဲ့ အကြောင်းရင်းတွေနဲ့အတူ ကလပ်တွင်း ပွဲစဉ်တစ်ပွဲကို ကျနော်တို့ ကစားခဲ့ကြပါတယ်။ ပထမအားဖြင့် ပုံစံကောင်းတွေကို ဆက်ထိန်းဖို့နဲ့ ဒုတိကတော့ နည်းစနစ်ပိုင်း စိန်ခေါ်မှုတွေကို ဖန်တီးဖို့အတွက်ပါ ” လို့ လက်ထောက်နည်းပြ လင်ဒါးက လီဗာပူးအသင်း ဝဘ်ဆိုဒ်ကို ပြောပါတယ်။
“ ဒီတစ်ပတ်လုံးက ကျနေ်ာတို့ရဲ့ ပွဲတွင်း အရည်အသွေးတွေကို တိုးတက်လာအောင် လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ပွဲတစ်ခုအဖြစ်နဲ့ ကျနေ်ာတို့ လေ့ကျင့်ခဲ့ကြတယ်။ ကျနေ်ာတို့ရဲ့ ကစားဟန်ကို နားလည်မှပဲ ကျနေ်ာတို့ရဲ့ လေ့ကျင့်မှုကို ခင်ဗျားတို့ နားလည်နိုင်ပါလိမ့်မယ်။
အားလုံးသော လေ့ကျင့်မှုတွေက ပိုကောင်းကောင်းကစားလေ ပိုကစားရလေဆိုတဲ့ အိုင်ဒီယာအတွက်ပါပဲ။ အဲ့တာက ဘောလုံးပွဲတွေကို ပိုမို အနိုင်ရဖို့လည်း နီးစပ်လာစေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
လင်ဒါးကအသင်းဟာ မှန်ကန်တဲ့ ဦးတည်ချက်တွေ အားလုံးနဲ့အတူ ပြိုင်ဘက်ကို ထိုးဖောက် ကစားနိုင်ဖို့အတွက် လေ့ကျင့်ရေးမှာ ခန္ဓာကိုယ်အားလုံးကို အသုံးပြုပြီး လေ့ကျင့်ဖို့ လိုအပ်တယ်လို့ ဆိုတယ်။
အသင်းရဲ့ စိတ်ဓါတ်ပိုင်းမှာ ဘောလုံးပြန်ရလိုတယ်ဆိုတဲ့ ခံယူချက်တွေဖြင့် အသင်းလိုက်စုဖွဲ့မှုတွေ ကောင်းစေဖို့ကို အသင်းဝန်ထမ်းတွေနဲ့ အသင်းသားတွေ ကြိုးစားလုပ်ဆောင်နေပြီး ဒီလေ့ကျင့်ရေးပွဲတွေကပဲ အသင်းကို အကောင်းမြင်စရာတွေ ယူဆောင်ပေးလာပါလိမ့်မယ်လို့ ထုတ်ပြောခဲ့သေးတာ ဖြစ်ပါတယ်။
ZAWGYI
မ်ားစြာေသာ လီဗာပူးကစားသမားေတြကို ႏုိင္ငံတကာပြဲေတြထံ သြားေရာက္ ပူးေပါင္းမႈေတြ မလုပ္ခင္မွာ ကလပ္ဘက္က အနားေပးမႈေတြ လုပ္ထားပါတယ္။
ဒါေပမယ့္လည္း ထရန္႔၊ ဖာဘင္ညိဳ၊ အယ္လီဆန္၊ ဖာမင္ႏို၊ ခ်ိန္ဘာလိန္နဲ႔ မီလ္နာတို႔က မာေဆးဆိုဒ္မွာ ဆက္ရွိေနဆဲပါ။ သက္ဆိုင္ရာ လက္ေရြးစင္ေတြမွာ ေခၚယူခံရမယ့္ ဂ်ံဳး၊ ရွာကီြရီတို႔ကလည္း ခါဘီမွာ ဆက္ရွိေနပါတယ္။ သူတို႔နဲ႔ အကယ္ဒမီ ၾကယ္ပြင့္ေတြကို ေပါင္းစပ္ျပီး ခါဘီေလ့က်င့္ေရးမွာ 11 V 11 ပြဲတစ္ပြဲကို ကစားေစခဲ့တယ္လို႔ သိရတယ္။
ဒီအပတ္မွာ ေဘာလံုးပြဲေတြ ကစားရဖို႔ မရွိေပမယ့္ ကေလာ့ပ္ရဲ႕ လက္ေထာက္နည္းျပေတြက ဘလာဂီဇီ၊ မူစီယာလိုစကီတို႔လို လူငယ္ၾကယ္ပြင့္ေတြပါတဲ့ အကယ္ဒမီကစားသမား ၁၂ ဦးကို စီနီယာအသင္း ေလ့က်င့္ေရးထံ လာေစခဲ့ပါတယ္။ ဒီလိုပြဲဟာ ပြဲကစားခြင့္ နည္းပါးထားတဲ့ ခ်ိန္ဘာလိန္လို ကစားသမားကို သူ႔ရဲ႕ တိုးတက္မႈေတြကို ျပသခြင့္ ရေစခဲ့တယ္။
“ မတူညီတဲ့ အေၾကာင္းရင္းေတြနဲ႔အတူ ကလပ္တြင္း ပြဲစဥ္တစ္ပြဲကို က်ေနာ္တို႔ ကစားခဲ့ၾကပါတယ္။ ပထမအားျဖင့္ ပံုစံေကာင္းေတြကို ဆက္ထိန္းဖို႔နဲ႔ ဒုတိကေတာ့ နည္းစနစ္ပိုင္း စိန္ေခၚမႈေတြကို ဖန္တီးဖို႔အတြက္ပါ ” လို႔ လက္ေထာက္နည္းျပ လင္ဒါးက လီဗာပူးအသင္း ဝဘ္ဆိုဒ္ကို ေျပာပါတယ္။
“ ဒီတစ္ပတ္လံုးက က်ေန္ာတို႔ရဲ႕ ပြဲတြင္း အရည္အေသြးေတြကို တိုးတက္လာေအာင္ လုပ္ေဆာင္ဖို႔ပဲျဖစ္ပါတယ္။ ပြဲတစ္ခုအျဖစ္နဲ႔ က်ေန္ာတို႔ ေလ့က်င့္ခဲ့ၾကတယ္။ က်ေန္ာတို႔ရဲ႕ ကစားဟန္ကို နားလည္မွပဲ က်ေန္ာတို႔ရဲ႕ ေလ့က်င့္မႈကို ခင္ဗ်ားတို႔ နားလည္ႏုိင္ပါလိမ့္မယ္။
အားလံုးေသာ ေလ့က်င့္မႈေတြက ပိုေကာင္းေကာင္းကစားေလ ပိုကစားရေလဆိုတဲ့ အိုင္ဒီယာအတြက္ပါပဲ။ အဲ့တာက ေဘာလံုးပြဲေတြကို ပိုမို အႏုိင္ရဖို႔လည္း နီးစပ္လာေစပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။
လင္ဒါးကအသင္းဟာ မွန္ကန္တဲ့ ဦးတည္ခ်က္ေတြ အားလံုးနဲ႔အတူ ျပိဳင္ဘက္ကို ထိုးေဖာက္ ကစားႏုိင္ဖို႔အတြက္ ေလ့က်င့္ေရးမွာ ခႏၶာကိုယ္အားလံုးကို အသံုးျပဳျပီး ေလ့က်င့္ဖို႔ လိုအပ္တယ္လို႔ ဆိုတယ္။
အသင္းရဲ႕ စိတ္ဓါတ္ပိုင္းမွာ ေဘာလံုးျပန္ရလိုတယ္ဆိုတဲ့ ခံယူခ်က္ေတြျဖင့္ အသင္းလိုက္စုဖြဲ႔မႈေတြ ေကာင္းေစဖို႔ကို အသင္းဝန္ထမ္းေတြနဲ႔ အသင္းသားေတြ ၾကိဳးစားလုပ္ေဆာင္ေနျပီး ဒီေလ့က်င့္ေရးပြဲေတြကပဲ အသင္းကို အေကာင္းျမင္စရာေတြ ယူေဆာင္ေပးလာပါလိမ့္မယ္လို႔ ထုတ္ေျပာခဲ့ေသးတာ ျဖစ္ပါတယ္။