ဂန်းနားဟောင်းကြီး နီဂဲလ် ဝင်တားဘန်းက အာတီတာဟာ ဒီရာသီ လီဗာပူးကို ဥပမာယူပြီး သင်ယူမှုတွေ လုပ်သွားရမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

ဥရောပချန်ပီယံနဲ့ အင်္ဂလန်ချန်ပီယံတွေဖြစ်တဲ့ လက်ရှိ လီဗာပူးအသင်း လူစာရင်းဟာ ထိပ်တန်းဆိုတဲ့ ကစားသမားတွေ စုဖွဲ့နေတာပါ။ ဒါပေမယ့်လို့ ဒဏ်ရာရိုက်ခတ်မှုကနေ အသင်းသားရဲ့ ယုံကြည်မှုပိုင်း ကျဆင်းမှုက ချန်ပီယံကာကွယ်ဖို့ မပြောနဲ့ အခုဆိုရင် ဥရောပဝင်ခွင့် တစ်နေရာအတွက် အဆင့် ၄ က ချယ်ဆီးနဲ့တောင် ၅ မှတ်လောက် ပြတ်လာနေခဲ့တယ်။

အာတီတာအနေနဲ့ ဘယ်လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူအားဖြည့်မယ်ဆိုတာထက် ကလပ်က ကစားသမားတွေရဲ့ ယုံကြည်မှုတွေကို တည်ငြိမ်နေအောင် ဘယ်လို ထိန်းသိမ်းမယ်ဆိုတာကို အာရုံစိုက်သင့်တယ်လို့ ဝင်တားဘန်းက အကြံပြုပါတယ်။

ဝင်တားဘန်းက ” နောက်ထပ် တစ်ဆင့်ကို ရောက်ဖို့အတွက် လုပ်ဆောင်ပေးမှာက ယုံကြည်မှုပဲ ဖြစ်ပါတယ်။ ကလပ်က ဘယ်လို ကစားသမားကို ခေါ်ယူလိုက်တယ်ဆိုတာက အရေးမကြီးပါဘူး။ ဒီရာသီ လီဗာပူးအသင်းကို ကြည့်မယ်ဆိုရင် ဒါကို ရှင်းလင်းစွာ မြင်ရပါမယ်။

ဟုတ်ပါတယ် သူတို့အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းရဲ့ လူစာရင်းက သိပ် သိပ်ကို တောင့်တင်းပါတယ်။ အဲ့လိုတောင့်တင်းပေမယ့် ဒီရာသီမှာ သူတို့ စွမ်းဆောင်ရည်ကောင်းပြဖို့ ရုန်းကန်နေရတယ်။ ယုံကြည်မှုက ကိုယ်ရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လောက်တောင် သက်ရောက်နိုင်တယ်ဆိုတာ လူတွေက သတိထားမိကြဟန် မရှိပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီရာသီမှာ လီဗာပူးကော အာဆင်နယ်ပါ ရုန်းကန်နေရမှုတွေ ရှိနေခဲ့တယ်။ လီဗာပူးက ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာက အဆုံးသတ်နိုင်ဖို့ အတော်လေး ခက်ခဲစွာ ကြိုးစားရမှာဖြစ်သလို အာဆင်နယ်ကလည်း ဥရောပဝင်ခွင့် တစ်နေရာအတွက် ပြင်းပြင်းထန်ထန် ကြိုးစားရပါလိမ့်မယ်။

ဝင်တားဘန်းကတော့ ယုံကြည်မှုနဲ့ တည်ငြိမ်မှုဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာ ဆုပ်ကိုင်ဖို့အတွက် အဓိက ကျလာမယ်လို့ ယုံကြည်တယ်။ ကလပ်တွေက ပွဲစဉ် ၂ ပွဲလောက်ကို ဆက်တိုက် အနိုင်ရလိုက်မယ်ဆိုရင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်သေးတယ်လို့လည်း သူက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ZAWGYI

ဂန္းနားေဟာင္းၾကီး နီဂဲလ္ ဝင္တားဘန္းက အာတီတာဟာ ဒီရာသီ လီဗာပူးကို ဥပမာယူျပီး သင္ယူမႈေတြ လုပ္သြားရမွာျဖစ္ေၾကာင္း သတိေပးလိုက္ပါတယ္။

ဥေရာပခ်န္ပီယံနဲ႔ အဂၤလန္ခ်န္ပီယံေတြျဖစ္တဲ့ လက္ရွိ လီဗာပူးအသင္း လူစာရင္းဟာ ထိပ္တန္းဆိုတဲ့ ကစားသမားေတြ စုဖြဲ႔ေနတာပါ။ ဒါေပမယ့္လို႔ ဒဏ္ရာရိုက္ခတ္မႈကေန အသင္းသားရဲ႕ ယံုၾကည္မႈပိုင္း က်ဆင္းမႈက ခ်န္ပီယံကာကြယ္ဖို႔ မေျပာနဲ႔ အခုဆိုရင္ ဥေရာပဝင္ခြင့္ တစ္ေနရာအတြက္ အဆင့္ ၄ က ခ်ယ္ဆီးနဲ႔ေတာင္ ၅ မွတ္ေလာက္ ျပတ္လာေနခဲ့တယ္။

အာတီတာအေနနဲ႔ ဘယ္လို ထိပ္တန္းကစားသမားေတြကို ေခၚယူအားျဖည့္မယ္ဆိုတာထက္ ကလပ္က ကစားသမားေတြရဲ႕ ယံုၾကည္မႈေတြကို တည္ျငိမ္ေနေအာင္ ဘယ္လို ထိန္းသိမ္းမယ္ဆိုတာကို အာရံုစိုက္သင့္တယ္လို႔ ဝင္တားဘန္းက အၾကံျပဳပါတယ္။

ဝင္တားဘန္းက ” ေနာက္ထပ္ တစ္ဆင့္ကို ေရာက္ဖို႔အတြက္ လုပ္ေဆာင္ေပးမွာက ယံုၾကည္မႈပဲ ျဖစ္ပါတယ္။ ကလပ္က ဘယ္လို ကစားသမားကို ေခၚယူလိုက္တယ္ဆိုတာက အေရးမၾကီးပါဘူး။ ဒီရာသီ လီဗာပူးအသင္းကို ၾကည့္မယ္ဆိုရင္ ဒါကို ရွင္းလင္းစြာ ျမင္ရပါမယ္။

ဟုတ္ပါတယ္ သူတို႔အသင္းမွာ ဒဏ္ရာျပႆနာေတြ ရွိေနပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးအသင္းရဲ႕ လူစာရင္းက သိပ္ သိပ္ကို ေတာင့္တင္းပါတယ္။ အဲ့လိုေတာင့္တင္းေပမယ့္ ဒီရာသီမွာ သူတို႔ စြမ္းေဆာင္ရည္ေကာင္းျပဖို႔ ရုန္းကန္ေနရတယ္။ ယံုၾကည္မႈက ကိုယ္ရဲ႕ စြမ္းေဆာင္ရည္အေပၚ ဘယ္ေလာက္ေတာင္ သက္ေရာက္ႏုိင္တယ္ဆိုတာ လူေတြက သတိထားမိၾကဟန္ မရွိပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီရာသီမွာ လီဗာပူးေကာ အာဆင္နယ္ပါ ရုန္းကန္ေနရမႈေတြ ရွိေနခဲ့တယ္။ လီဗာပူးက ပရီးမီးယားလိဂ္မွာ အဆင့္ ၄ ေနရာက အဆံုးသတ္ႏုိင္ဖို႔ အေတာ္ေလး ခက္ခဲစြာ ၾကိဳးစားရမွာျဖစ္သလို အာဆင္နယ္ကလည္း ဥေရာပဝင္ခြင့္ တစ္ေနရာအတြက္ ျပင္းျပင္းထန္ထန္ ၾကိဳးစားရပါလိမ့္မယ္။

ဝင္တားဘန္းကေတာ့ ယံုၾကည္မႈနဲ႔ တည္ျငိမ္မႈဟာ လာမယ့္ရာသီ ဥေရာပဝင္ခြင့္ တစ္ေနရာ ဆုပ္ကိုင္ဖို႔အတြက္ အဓိက က်လာမယ္လို႔ ယံုၾကည္တယ္။ ကလပ္ေတြက ပြဲစဥ္ ၂ ပြဲေလာက္ကို ဆက္တိုက္ အႏုိင္ရလိုက္မယ္ဆိုရင္ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ႏုိင္ေသးတယ္လို႔လည္း သူက မွတ္ခ်က္ေပးသြားခဲ့ပါတယ္။