စတီဗင်ဂျရတ်ဟာ လီဗာပူးကစားသမားဘဝမှာ သူနဲ့ ကာလရှည် တွဲကစားဖူးတဲ့ နယ်သာလန်သား ကစားသမားဟောင်း ဒါ့ကောက်ကို ရိန်းဂျားလေ့ကျင့်ရေးကွင်းထံ ဖိတ်ခေါ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ အန်ဖီးမှာ ၆ နှစ်ကြာ တွဲကစားဖူးခဲ့ကာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပိုင်ဆိုင်ထားတာပါ။ ဒါ့ကောက်ဟာ အနာဂတ်မှာ မန်နေဂျာတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ချက်ရှိထားသလို သူက လက်ထောက်နည်းပြ တစ်ဦးအဖြစ်နဲ့ မန်နေဂျာလောကထဲ ဝင်ရောက်ဖို့လည်း စဉ်းစားထားသူဖြစ်ပါတယ်။
ဒါ့ကောက်က ပြောရာမှာ “ မန်နေဂျာတစ်ယောက်အနေနဲ့ သူဘယ်လို အလုပ်လုပ်နေတယ်၊ အသင်းကို ဘယ်လို စွမ်းဆောင်စေတယ်ဆိုတာကို ကျနော် လေ့လာကြည့်ပါတယ်။ ကစားသမား တစ်ယောက်အနေနဲ့ သူက ခေါင်းဆောင်တစ်ဦးပါ၊ မန်နေဂျာတစ်ယောက်အဖြစ်လည်း အတူတူပါပဲ။
သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကပဲ သူ့ကို မန်နေဂျာတစ်ယောက်အဖြစ် ဒီလောက် ခရီးဝေးဝေး ရောက်လာစေတာပါ။ သူ လီဗာပူးမန်နေဂျာ ဖြစ်လာခဲ့ရင် သိပ်ကောင်းပါလိမ့်မယ်။ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးကို အန်ဖီးမှာပဲ မြုပ်နှံထားခဲ့သူပါ။ မန်နေဂျာတစ်ယောက်အဖြစ် တူညီတဲ့ အောင်မြင်မှုကို သူရဖို့ မျှော်လင့်ပါတယ်။
ကျနော်က သူနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းသလို အခုထိလည်း အဆက်အသွယ်ရှိပါတယ်။ သူက ကျနော်နဲ့ စကားတွေ ပြောနေဆဲပါ။ စကော်တလန်မှာ သူနဲ့ သူ့အသင်း အလုပ်လုပ်တာကို မြင်ရတာက သိပ်ကောင်းပါတယ်။ ’’ လို့ ဆိုခဲ့တယ်။
ဒါ့ကောက် ကိုယ်တိုင်ကလည်း ယူအီးအက်ဖ်အေ ပရိုလိုင်စင်ကို ရရယူဖို့ ကြိုးစားနေတာပါ။ ဒီတော့ အနာဂတ်မှာ စတီဗင်ဂျရတ်နဲ့အတူ အန်ဖီးကို ပြန်လာဖို့က ဖြစ်နိုင်နေဆဲပါ။
ဒါ့ကောက်က “ စတီဗင်က အကောင်းဆုံးတွေထက တစ်ယောက်ပါ။ ကျနော် တွဲကစားဖူးသူတွေထဲမှာ အပြည့်စုံဆုံး ကစားသမားတွေထဲက တစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။ သူက ဂိုးသွင်းနိုင်တယ်၊ ခံစစ်ကစားနိုင်တယ်၊ ကိုက် ၅၀ အကွာကနေ ဘောလုံးပေးနိုင်တယ်။ ဘောလုံးပွဲတွေအပေါ် ပြင်းပြတဲ့ စိတ်ထားလည်း ရှိပါတယ်။
ကျနော်လည်း မန်နေဂျာတစ်ယောက် ဖြစ်လာလိုစိတ် ရှိပါတယ်။ ဒါပေမယ့် လက်ထောက်မန်နေဂျာအဖြစ် စလုပ်ဖို့လည်း ရည်ရွယ်ချက်ရှိတယ်။ စတီဗင်နဲ့ တွဲပြီး အလုပ်လုပ်ဖို့ကလည်း ရွေးချယ်စရာ တစ်ခုပါပဲ။
သူ ကျနော်ကို လက်ထောက်အဖြစ် ရွေးမယ်ဆိုရင် သိပ်ကောင်းပါမယ်။ ကိုယ်ဘာသာတော့ မန်နေဂျာအဖြစ်ပဲ အလုပ်လုပ်လိုတာပေါ့။ ဒါပေမယ့် သူ့လက်ထောက်ဆိုတာကလည်း ရွေးချယ်စရာပါ။ သူ လီဗာပူးမန်နေဂျာအဖြစ် တရားဝင် ခန့်အပ်ခံရရင် သိပ်ကောင်းမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
စတီဗင္ဂ်ရတ္ဟာ လီဗာပူးကစားသမားဘဝမွာ သူနဲ႔ ကာလရွည္ တြဲကစားဖူးတဲ့ နယ္သာလန္သား ကစားသမားေဟာင္း ဒါ့ေကာက္ကို ရိန္းဂ်ားေလ့က်င့္ေရးကြင္းထံ ဖိတ္ေခၚခဲ့ဖူးတယ္လို႔ သိရပါတယ္။
သူတို႔ႏွစ္ဦးဟာ အန္ဖီးမွာ ၆ ႏွစ္ၾကာ တြဲကစားဖူးခဲ့ကာ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ပိုင္ဆိုင္ထားတာပါ။ ဒါ့ေကာက္ဟာ အနာဂတ္မွာ မန္ေနဂ်ာတစ္ေယာက္ ျဖစ္လာဖို႔ ရည္ရြယ္ခ်က္ရွိထားသလို သူက လက္ေထာက္နည္းျပ တစ္ဦးအျဖစ္နဲ႔ မန္ေနဂ်ာေလာကထဲ ဝင္ေရာက္ဖို႔လည္း စဥ္းစားထားသူျဖစ္ပါတယ္။
ဒါ့ေကာက္က ေျပာရာမွာ “ မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ သူဘယ္လို အလုပ္လုပ္ေနတယ္၊ အသင္းကို ဘယ္လို စြမ္းေဆာင္ေစတယ္ဆိုတာကို က်ေနာ္ ေလ့လာၾကည့္ပါတယ္။ ကစားသမား တစ္ေယာက္အေနနဲ႔ သူက ေခါင္းေဆာင္တစ္ဦးပါ၊ မန္ေနဂ်ာတစ္ေယာက္အျဖစ္လည္း အတူတူပါပဲ။
သူ႔ရဲ႕ ေခါင္းေဆာင္မႈ စြမ္းရည္ကပဲ သူ႔ကို မန္ေနဂ်ာတစ္ေယာက္အျဖစ္ ဒီေလာက္ ခရီးေဝးေဝး ေရာက္လာေစတာပါ။ သူ လီဗာပူးမန္ေနဂ်ာ ျဖစ္လာခဲ့ရင္ သိပ္ေကာင္းပါလိမ့္မယ္။ သူ႔ရဲ႕ ကစားသမားဘဝ တစ္ေလွ်ာက္လံုးကို အန္ဖီးမွာပဲ ျမဳပ္ႏွံထားခဲ့သူပါ။ မန္ေနဂ်ာတစ္ေယာက္အျဖစ္ တူညီတဲ့ ေအာင္ျမင္မႈကို သူရဖို႔ ေမွ်ာ္လင့္ပါတယ္။
က်ေနာ္က သူနဲ႔ အျမဲတမ္း ဆက္ဆံေရးေကာင္းသလို အခုထိလည္း အဆက္အသြယ္ရွိပါတယ္။ သူက က်ေနာ္နဲ႔ စကားေတြ ေျပာေနဆဲပါ။ စေကာ္တလန္မွာ သူနဲ႔ သူ႔အသင္း အလုပ္လုပ္တာကို ျမင္ရတာက သိပ္ေကာင္းပါတယ္။ ’’ လို႔ ဆိုခဲ့တယ္။
ဒါ့ေကာက္ ကိုယ္တိုင္ကလည္း ယူအီးအက္ဖ္ေအ ပရိုလိုင္စင္ကို ရရယူဖို႔ ၾကိဳးစားေနတာပါ။ ဒီေတာ့ အနာဂတ္မွာ စတီဗင္ဂ်ရတ္နဲ႔အတူ အန္ဖီးကို ျပန္လာဖို႔က ျဖစ္ႏုိင္ေနဆဲပါ။
ဒါ့ေကာက္က “ စတီဗင္က အေကာင္းဆံုးေတြထက တစ္ေယာက္ပါ။ က်ေနာ္ တြဲကစားဖူးသူေတြထဲမွာ အျပည့္စံုဆံုး ကစားသမားေတြထဲက တစ္ေယာက္ပဲ ျဖစ္ပါလိမ့္မယ္။ သူက ဂိုးသြင္းႏုိင္တယ္၊ ခံစစ္ကစားႏုိင္တယ္၊ ကိုက္ ၅၀ အကြာကေန ေဘာလံုးေပးႏုိင္တယ္။ ေဘာလံုးပြဲေတြအေပၚ ျပင္းျပတဲ့ စိတ္ထားလည္း ရွိပါတယ္။
က်ေနာ္လည္း မန္ေနဂ်ာတစ္ေယာက္ ျဖစ္လာလိုစိတ္ ရွိပါတယ္။ ဒါေပမယ့္ လက္ေထာက္မန္ေနဂ်ာအျဖစ္ စလုပ္ဖို႔လည္း ရည္ရြယ္ခ်က္ရွိတယ္။ စတီဗင္နဲ႔ တြဲျပီး အလုပ္လုပ္ဖို႔ကလည္း ေရြးခ်ယ္စရာ တစ္ခုပါပဲ။
သူ က်ေနာ္ကို လက္ေထာက္အျဖစ္ ေရြးမယ္ဆိုရင္ သိပ္ေကာင္းပါမယ္။ ကိုယ္ဘာသာေတာ့ မန္ေနဂ်ာအျဖစ္ပဲ အလုပ္လုပ္လိုတာေပါ့။ ဒါေပမယ့္ သူ႔လက္ေထာက္ဆိုတာကလည္း ေရြးခ်ယ္စရာပါ။ သူ လီဗာပူးမန္ေနဂ်ာအျဖစ္ တရားဝင္ ခန္႔အပ္ခံရရင္ သိပ္ေကာင္းမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။