မန်နေဂျာကလော့ပ်က ရာသီကုန်မှာ လီဗာပူးမန်နေဂျာအဖြစ်ကနေ ထုတ်ပယ်ခံရမယ်ဆိုရင် မန်နေဂျာလောကမှ တစ်နှစ် အနားယူသွားမယ်လို့ ထုတ်ပြောလာပါတယ်။

၂၀၂၄ ခုနှစ်ထိ လီဗာပူးနဲ့ စာချုပ်ရှိထားတဲ့ ကလော့ပ်ဟာ ဒီရာသီ ဘယ်လို အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ရာထူးမှာ ဆက်ရှိနေမယ်လို့ သိထားရတာပါ။ FSG က ပြီးခဲ့တဲ့ ၂ လခွဲအတွင်း ဒဏ်ရာပြဿနာ ရိုက်ခတ်မှုက ကလော့ပ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေခဲ့တယ်ဆိုတာကို နားလည်ထားတယ်။ ဒါကြောင့် နွေမှာ အင်အားဖြည့်မှုတွေကို လုပ်ပေးသွားဖို့ ရှိနေတယ်။

မိခင်ဖြစ်သူရဲ့ အသုဘကိုယ်တောင် မတက်ရောက်နိုင်ခဲ့တဲ့ ကလော့ပ်ကတော့ အန်ဖီးမန်နေဂျာအဖြစ် အဆုံးသတ်တဲ့နေ့ ရောက်လာခဲ့ရင် ပြည့်ပြည့်ဝဝ အနားယူမှုကို လုပ်သွားမယ်လို့ ထုတ်ပြောခဲ့တယ်။

ကလော့ပ်က “ အနားယူတဲ့ ကာလကတော့ သေချာပေါက်ကို ရှိလာပါမယ်။ ကျနော်တို့ ပရီးမီးယားလိဂ်ပွဲတွေ အနိုင်မရလို့ ပိုင်ရှင်က အတွေးပြောင်းပြီး ရာထူးက ထုတ်ပယ်မှုတွေ လုပ်လာမယ်ဆိုရင် ကျနော် တစ်နှစ်လောက် အနားယူသွားမှာ ဖြစ်ပါတယ်။

ချွင်းချက်မရှိပါဘူး။ ကျနော်နဲ့ မိသားစုဝင်တွေကော၊ မိသားစု ဆရာဝန်ကြားမှာပါ ဒီကိစ္စကို သဘောတူညီထားပါတယ်။ သေချာတာတစ်ခုကတော့ လီဗာပူးမန်နေဂျာဘဝ အဆုံးသတ်ရင် တစ်နှစ် အနားယူဖို့ပဲ ဖြစ်ပါတယ်။

အနားယူလို့ ၄ လ အကြာ၊ ၆ လ အကြာမှာ ဘယ်သူကမှ ကျနော်ကို လာခေါ်လို့ ရမှာ မဟုတ်ပါဘူး။ ဘယ်သူကပဲ လာခေါ်ခေါ်မရပါဘူး။ တစ်နှစ် အနားယူပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က ရာသီကုန္မွာ လီဗာပူးမန္ေနဂ်ာအျဖစ္ကေန ထုတ္ပယ္ခံရမယ္ဆိုရင္ မန္ေနဂ်ာေလာကမွ တစ္ႏွစ္ အနားယူသြားမယ္လို႔ ထုတ္ေျပာလာပါတယ္။

၂၀၂၄ ခုႏွစ္ထိ လီဗာပူးနဲ႔ စာခ်ဳပ္ရွိထားတဲ့ ကေလာ့ပ္ဟာ ဒီရာသီ ဘယ္လို အေျခအေနမ်ိဳးကို ရင္ဆိုင္ရသည္ျဖစ္ေစ ရာထူးမွာ ဆက္ရွိေနမယ္လို႔ သိထားရတာပါ။ FSG က ျပီးခဲ့တဲ့ ၂ လခြဲအတြင္း ဒဏ္ရာျပႆနာ ရိုက္ခတ္မႈက ကေလာ့ပ္အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ထိခိုက္ေစခဲ့တယ္ဆိုတာကို နားလည္ထားတယ္။ ဒါေၾကာင့္ ေႏြမွာ အင္အားျဖည့္မႈေတြကို လုပ္ေပးသြားဖို႔ ရွိေနတယ္။

မိခင္ျဖစ္သူရဲ႕ အသုဘကိုယ္ေတာင္ မတက္ေရာက္ႏုိင္ခဲ့တဲ့ ကေလာ့ပ္ကေတာ့ အန္ဖီးမန္ေနဂ်ာအျဖစ္ အဆံုးသတ္တဲ့ေန႔ ေရာက္လာခဲ့ရင္ ျပည့္ျပည့္ဝဝ အနားယူမႈကို လုပ္သြားမယ္လို႔ ထုတ္ေျပာခဲ့တယ္။

ကေလာ့ပ္က “ အနားယူတဲ့ ကာလကေတာ့ ေသခ်ာေပါက္ကို ရွိလာပါမယ္။ က်ေနာ္တုိ႔ ပရီးမီးယားလိဂ္ပြဲေတြ အႏုိင္မရလို႔ ပိုင္ရွင္က အေတြးေျပာင္းျပီး ရာထူးက ထုတ္ပယ္မႈေတြ လုပ္လာမယ္ဆိုရင္ က်ေနာ္ တစ္ႏွစ္ေလာက္ အနားယူသြားမွာ ျဖစ္ပါတယ္။

ခၽြင္းခ်က္မရွိပါဘူး။ က်ေနာ္နဲ႔ မိသားစုဝင္ေတြေကာ၊ မိသားစု ဆရာဝန္ၾကားမွာပါ ဒီကိစၥကို သေဘာတူညီထားပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ လီဗာပူးမန္ေနဂ်ာဘဝ အဆံုးသတ္ရင္ တစ္ႏွစ္ အနားယူဖို႔ပဲ ျဖစ္ပါတယ္။

အနားယူလို႔ ၄ လ အၾကာ၊ ၆ လ အၾကာမွာ ဘယ္သူကမွ က်ေနာ္ကို လာေခၚလို႔ ရမွာ မဟုတ္ပါဘူး။ ဘယ္သူကပဲ လာေခၚေခၚမရပါဘူး။ တစ္ႏွစ္ အနားယူပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။