လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်ဟာ ဒီရာသီကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ပြီဖြစ်ကာ မာဆေးဆိုဒ်ကနေ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးကစားသမားဘဝ ၅ နှစ်သာ ကျင်လည်ခဲ့တဲ့ ဝိုက်နယ်ဒမ်က အသင်းနဲ့ သက်တမ်းတိုးဖို့ကို ဦးစားပေးအဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၀ အရွယ် ကွင်းလယ်လူနဲ့ ကလပ်ကြား စာချုပ်သစ်ကိစ္စဟာ သဘောတူညီမှု မရနိုင်တဲ့ ညိနှိုင်းမှုတွေနဲ့ပဲ အဆုံးသတ်ခဲ့တဲ့နောက် နယ်သာလန်သားဟာ အသင်းက ထွက်ခွာဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ။

ဇန်နဝါရီတည်းက အင်္ဂလန်ပြင်ပကလပ်တွေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် စကားပြောခွင့် စရထားခဲ့တာဖြစ်တယ်။ The Times သတင်းထောက် Duncan Castles က ဖော်ပြရာမှာ “ ကစားသမားဟာ လီဗာပူးကနေ ထွက်ခွာတဲ့နောက် ဘာစီလိုနာကို ပြောင်းဖို့ကို ရွေးချယ်ခဲ့တယ်။ ၎င်းနဲ့ ဘာစီလိုနာကြားမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရခဲ့ပါပြီ ” လို့ ဖြစ်ပါတယ်။

၂၀၁၆ မှာ နယူးကာဆယ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဝိုက်နယ်ဒမ်ဟာ ဟန်ဒါဆန်နဲ့ ဗန်ဒိုက်တို့ ဒဏ်ရာရနေပြီး မီလ်နာလည်း ဝင်မကစားနိုင်ချိန်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရသူပါ။ သူဟာ လက်ရွေးစင်အသင်းမှာလည်း ဗန်ဒိုက် မကစားနိုင်လို့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရသူ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဒီဘက်နှစ် အောင်မြင်မှုတွေမှာ ကြီးကြီးမားမား အရေးပါခဲ့တဲ့ ဝိုက်နယ်ဒမ်ကို လက်လွတ်ရတဲ့နောက် မန်နေဂျာကလော့ပ်ရဲ့ သူ့ရဲ့ နည်းစနစ်တွေမှာ ဝိုက်နယ်ဒမ်အစား သီယာဂိုကိုပဲ ဦးစားပေးဖွယ်ရှိတယ်။ လီဗာပူးကွင်းလယ်ဟာ ဟန်ဒါဆန်၊ ဖာဘင်ညို၊ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်၊ ဂျုံးတို့ ရှိနေသေးလို့ အင်အားတောင့်တင်းမှုတော့ ရှိနေဆဲဖြစ်ပါတယ်။

လီဗာပူးဘက်က ဝိုက်နယ်ဒမ်အစား စီနီယာအသင်းရဲ့ ကွင်းလယ်အတွက် အစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေဆဲလို့ သိရတယ်။ လူငယ်ကြယ်ပွင့် တစ်ဦးဦးကို ခေါ်ယူခြင်းဖြင့် ကွင်းလယ်ကို ပြင်ဆင်ဖွယ်ရှိပြီး လက်တလောမှာ ဘရိုက်တန်၊ ဂလာဘတ်တို့မှ ကစားသမားအချို့ဖြင့် သတင်းထွက်မှုတွေ ရှိနေပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္ဟာ ဒီရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္ကုန္ျပီျဖစ္ကာ မာေဆးဆိုဒ္ကေန ထြက္ခြာသြားေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးကစားသမားဘဝ ၅ ႏွစ္သာ က်င္လည္ခဲ့တဲ့ ဝုိက္နယ္ဒမ္က အသင္းနဲ႔ သက္တမ္းတိုးဖို႔ကို ဦးစားေပးအျဖစ္ ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အသက္ ၃၀ အရြယ္ ကြင္းလယ္လူနဲ႔ ကလပ္ၾကား စာခ်ဳပ္သစ္ကိစၥဟာ သေဘာတူညီမႈ မရႏုိင္တဲ့ ညိႏိႈင္းမႈေတြနဲ႔ပဲ အဆံုးသတ္ခဲ့တဲ့ေနာက္ နယ္သာလန္သားဟာ အသင္းက ထြက္ခြာဖို႔ပဲ ဆံုးျဖတ္ခဲ့တာပါ။

ဇန္နဝါရီတည္းက အဂၤလန္ျပင္ပကလပ္ေတြ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ စကားေျပာခြင့္ စရထားခဲ့တာျဖစ္တယ္။ The Times သတင္းေထာက္ Duncan Castles က ေဖာ္ျပရာမွာ “ ကစားသမားဟာ လီဗာပူးကေန ထြက္ခြာတဲ့ေနာက္ ဘာစီလိုနာကို ေျပာင္းဖို႔ကို ေရြးခ်ယ္ခဲ့တယ္။ ၄င္းနဲ႔ ဘာစီလိုနာၾကားမွာ ပုဂၢိဳလ္ေရး သေဘာတူညီမႈလည္း ရခဲ့ပါျပီ ” လို႔ ျဖစ္ပါတယ္။

၂၀၁၆ မွာ နယူးကာဆယ္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဝိုက္နယ္ဒမ္ဟာ ဟန္ဒါဆန္နဲ႔ ဗန္ဒိုက္တို႔ ဒဏ္ရာရေနျပီး မီလ္နာလည္း ဝင္မကစားႏုိင္ခ်ိန္မွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနရသူပါ။ သူဟာ လက္ေရြးစင္အသင္းမွာလည္း ဗန္ဒိုက္ မကစားႏုိင္လို႔ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနရသူ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ဒီဘက္ႏွစ္ ေအာင္ျမင္မႈေတြမွာ ၾကီးၾကီးမားမား အေရးပါခဲ့တဲ့ ဝိုက္နယ္ဒမ္ကို လက္လြတ္ရတဲ့ေနာက္ မန္ေနဂ်ာကေလာ့ပ္ရဲ႕ သူ႔ရဲ႕ နည္းစနစ္ေတြမွာ ဝိုက္နယ္ဒမ္အစား သီယာဂိုကိုပဲ ဦးစားေပးဖြယ္ရွိတယ္။ လီဗာပူးကြင္းလယ္ဟာ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ မီလ္နာ၊ ကိတ္တာ၊ ခ်ိန္ဘာလိန္၊ ဂ်ံဳးတို႔ ရွိေနေသးလို႔ အင္အားေတာင့္တင္းမႈေတာ့ ရွိေနဆဲျဖစ္ပါတယ္။

လီဗာပူးဘက္က ဝိုက္နယ္ဒမ္အစား စီနီယာအသင္းရဲ႕ ကြင္းလယ္အတြက္ အစားထိုးဖို႔ ကစားသမားသစ္ ရွာေဖြေနဆဲလို႔ သိရတယ္။ လူငယ္ၾကယ္ပြင့္ တစ္ဦးဦးကို ေခၚယူျခင္းျဖင့္ ကြင္းလယ္ကို ျပင္ဆင္ဖြယ္ရွိျပီး လက္တေလာမွာ ဘရိုက္တန္၊ ဂလာဘတ္တို႔မွ ကစားသမားအခ်ိဳ႔ျဖင့္ သတင္းထြက္မႈေတြ ရွိေနပါတယ္။