မတ်လ နိုင်ငံတကာ သီတင်းပတ်မှာ လီဗာပူးအသင်းက စီနီယာ ကစားသမား ၁၃ ဦးထိ လက်လွတ်ပေးရပေမယ့်လည်း အဓိက ကစားသမား အများအပြားကို ဆက်ထိန်းထားနိုင်ပါတယ်။
ပွဲစဉ် ကစားရဖို့ မရှိတဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အကုန် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ခါဘီမှာ ကျန်နေတဲ့ စီနီယာတွေကို လူငယ် ကစားသမား ၁၂ ဦးဖြင့် ပေါင်းစပ်ပြီး ချစ်ကြည်ရေး ပွဲစဉ်တစ်ပွဲလည်း ကစားခဲ့သေးတာဖြစ်တယ်။ အဆိုပါပွဲမှာ ဝုဒ်ဘမ်းက hat-trick သွင်းကာ ကစားသမားဒစ် ဂေါ်ဒန်ကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
လီဗာပူးက ဘရာဇီး ကစားသမားတွေဖြစ်တဲ့ အယ်လီဆန်၊ ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ကို ကမ္ဘာဖလားခြေစစ်ပွဲဝင် ဘရာဇီးအသင်းအတွက် စေလွှတ်ပေးခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် လက်ရွေးစင်အသင်းတွေက ခေါ်ယူခြင်း မခံရတဲ့ ထရန့်၊ နက်ဖီးလစ်၊ ချိန်ဘာလိန်၊ ဝီလီယမ်၊ ဘမ်ဒေးဗစ်နဲ့ ဂိုးသမား အတ်ဒရီယန်၊ တိုက်စစ်သမား အိုရီဂီတို့ကလည်း ခါဘီမှာပဲ ဆက်ရှိနေပါမယ်။
၂၀၁၆ ခုနှစ်တည်းက လက်ရွေးစင်ကစားသမားအဖြစ်က အနားယူထားတဲ့ မီလ်နာက အဆိုပါ ကစားသမားတွေကို ဦးဆောင်ပြီး ခါဘီမှာ လေ့ကျင့်ကြမှာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းတွေထံ စေလွှတ်ပေးထားရတဲ့ (၁၃) ဦးထဲက ကိတ်တာကတော့ မာလီနဲ့ပွဲ တစ်ပွဲကိုပဲ ကစားပြီး လီဗာပူးကို ပြန်လာမှာဖြစ်တယ်။ ဂိုးသမား ကလယ်ဟာကတော့ ဒဏ်ရာဟောင်း ပြန်ပေါ်လို့ အိုင်ယာလန် အသင်းကနေ နုတ်ထွက်ခဲ့ပါပြီ။
လက်တလောမှာ ယာဂင်ကလော့ပ်ရဲ့ လက်ထောက်တွေက ဝုဒ်ဘမ်း၊ ဂေါ်ဒန်၊ ကိုမတ်တီယို၊ ဘရတ်ဒလေ၊ တိုင်လာ မော်တန်တို့လို ကြယ်ပွင့်တွေကို ခါဘီကို ခေါ်ယူထားတယ်။ သူတို့နဲ့အတူ လူငယ်အဆင့်တွေမှာ နေရာရလာတဲ့ ၁၇ နှစ်သား ကွင်းလယ်လူတွေဖြစ်တဲ့ ဂျာမာန်သား ဖရန့်ဒေါ့၊ ပိုလန်သား မြူဇီယာလိုစကီးတို့ကိုလည်း ခေါ်ယူထားပါတယ်။
ပရီးမီးယားလိဂ်ပွဲပေါင်း ၉ ပွဲပဲ ကစားဖို့ ကျန်ချိန်မှာ အဆင့် ၄ နေရာက ချယ်ဆီးနဲ့ ၅ မှတ်ပြတ်နေတဲ့ လီဗာပူးဟာ ပြည်တွင်းမှာ စွမ်းဆောင်ရည် တည်ငြိမ်ဖို့ လိုအပ်နေတယ်။ ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြဖို့ လိုအပ်နေတာဖြစ်ပြီး ခါဘီမှာ ကျန်ခဲ့တဲ့ စီနီယာတွေဖြင့် အကောင်းဆုံး လေ့ကျင့်ဖို့ အသင်းဘက်က ကြိုးစားနေပြီဖြစ်ပါတယ်။
Not called up: Alisson, Adrian, Phillips, R.Williams, Davies, Alexander-Arnold, Milner, Fabinho, Oxlade-Chamberlain, Firmino, Origi
ZAWGYI
မတ္လ ႏုိင္ငံတကာ သီတင္းပတ္မွာ လီဗာပူးအသင္းက စီနီယာ ကစားသမား ၁၃ ဦးထိ လက္လြတ္ေပးရေပမယ့္လည္း အဓိက ကစားသမား အမ်ားအျပားကို ဆက္ထိန္းထားႏုိင္ပါတယ္။
ပြဲစဥ္ ကစားရဖို႔ မရွိတဲ့ ျပီးခဲ့တဲ့ သီတင္းပတ္အကုန္ စေနနဲ႔ တနဂၤေႏြေန႔ေတြမွာ ခါဘီမွာ က်န္ေနတဲ့ စီနီယာေတြကို လူငယ္ ကစားသမား ၁၂ ဦးျဖင့္ ေပါင္းစပ္ျပီး ခ်စ္ၾကည္ေရး ပြဲစဥ္တစ္ပြဲလည္း ကစားခဲ့ေသးတာျဖစ္တယ္။ အဆိုပါပြဲမွာ ဝုဒ္ဘမ္းက hat-trick သြင္းကာ ကစားသမားဒစ္ ေဂၚဒန္ကလည္း ေျခစြမ္းျပႏုိင္ခဲ့ပါတယ္။
လီဗာပူးက ဘရာဇီး ကစားသမားေတြျဖစ္တဲ့ အယ္လီဆန္၊ ဖာဘင္ညိဳနဲ႔ ဖာမင္ႏိုတို႔ကို ကမၻာဖလားေျခစစ္ပြဲဝင္ ဘရာဇီးအသင္းအတြက္ ေစလႊတ္ေပးခဲ့ျခင္း မရွိပါဘူး။ ဒါ့အျပင္ လက္ေရြးစင္အသင္းေတြက ေခၚယူျခင္း မခံရတဲ့ ထရန္႔၊ နက္ဖီးလစ္၊ ခ်ိန္ဘာလိန္၊ ဝီလီယမ္၊ ဘမ္ေဒးဗစ္နဲ႔ ဂိုးသမား အတ္ဒရီယန္၊ တိုက္စစ္သမား အိုရီဂီတို႔ကလည္း ခါဘီမွာပဲ ဆက္ရွိေနပါမယ္။
၂၀၁၆ ခုႏွစ္တည္းက လက္ေရြးစင္ကစားသမားအျဖစ္က အနားယူထားတဲ့ မီလ္နာက အဆိုပါ ကစားသမားေတြကို ဦးေဆာင္ျပီး ခါဘီမွာ ေလ့က်င့္ၾကမွာျဖစ္ပါတယ္။ လက္ေရြးစင္အသင္းေတြထံ ေစလႊတ္ေပးထားရတဲ့ (၁၃) ဦးထဲက ကိတ္တာကေတာ့ မာလီနဲ႔ပြဲ တစ္ပြဲကိုပဲ ကစားျပီး လီဗာပူးကို ျပန္လာမွာျဖစ္တယ္။ ဂိုးသမား ကလယ္ဟာကေတာ့ ဒဏ္ရာေဟာင္း ျပန္ေပၚလို႔ အိုင္ယာလန္ အသင္းကေန ႏုတ္ထြက္ခဲ့ပါျပီ။
လက္တေလာမွာ ယာဂင္ကေလာ့ပ္ရဲ႕ လက္ေထာက္ေတြက ဝုဒ္ဘမ္း၊ ေဂၚဒန္၊ ကိုမတ္တီယို၊ ဘရတ္ဒေလ၊ တိုင္လာ ေမာ္တန္တို႔လို ၾကယ္ပြင့္ေတြကို ခါဘီကို ေခၚယူထားတယ္။ သူတို႔နဲ႔အတူ လူငယ္အဆင့္ေတြမွာ ေနရာရလာတ့ဲ ၁၇ ႏွစ္သား ကြင္းလယ္လူေတြျဖစ္တဲ့ ဂ်ာမာန္သား ဖရန္႔ေဒါ့၊ ပိုလန္သား ျမဴဇီယာလိုစကီးတို႔ကိုလည္း ေခၚယူထားပါတယ္။
ပရီးမီးယားလိဂ္ပြဲေပါင္း ၉ ပြဲပဲ ကစားဖို႔ က်န္ခ်ိန္မွာ အဆင့္ ၄ ေနရာက ခ်ယ္ဆီးနဲ႔ ၅ မွတ္ျပတ္ေနတဲ့ လီဗာပူးဟာ ျပည္တြင္းမွာ စြမ္းေဆာင္ရည္ တည္ျငိမ္ဖို႔ လိုအပ္ေနတယ္။ ခ်န္ပီယံလိဂ္မွာလည္း ရီးရဲလ္မက္ဒရစ္ကို ေက်ာ္ျဖတ္ျပဖို႔ လိုအပ္ေနတာျဖစ္ျပီး ခါဘီမွာ က်န္ခဲ့တဲ့ စီနီယာေတြျဖင့္ အေကာင္းဆံုး ေလ့က်င့္ဖို႔ အသင္းဘက္က ၾကိဳးစားေနျပီျဖစ္ပါတယ္။