လီဗာပူးကွင်းလယ်လူ သီယာဂိုက လက်ရွေးစင်အသင်းမှ အသင်းဖော်ဖြစ်သူ ဆာဂျီယို ရာမိုစ့်ကို ပြန်လည် ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါကြောင်း ထုတ်ပြောလာပါတယ်။
သူတို့ နှစ်ဦးဟာ ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် ဂရိ၊ ဂျော်ဂျီယာ၊ ကိုဆိုဗိုအသင်းတို့ဖြင့် ယှဉ်ပြိုင်ရမယ့် စပိန်အသင်းရဲ့ အသင်းသားတွေဖြစ်တယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေရဲ့ အသင်းသားတွေလည်း ဖြစ်ပါတယ်။
တစ်နိုင်ငံတည်းသား စီနီယာဖြစ်သူ ရာမိုစ့်ထံက အများကြီး သင်ယူရတဲ့အပေါ်သီယာဂိုက လေးစားစကား ပြောဆိုခဲ့တယ်။ ဒါ့အပြင် အားလုံး စောင့်မျှော်နေမယ့် ပွဲမှာလည်း ပြိုင်ဘက်အဖြစ် ကောင်းမွန်စွာ ယှဉ်ပြိုင်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။
သီယာဂိုက “ ဆာဂျီယို ရာမိုစ့်နဲ့အတူ ကစားရတာက သိပ်ကောင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ သူ့ထံကနေလည်း သင်ယူမှုတွေ ရခဲ့တယ်။ သူက ဆက်ပြီး တိုးတက်လာနေသလို ဆက်ပြီးလည်း ပြီးပြည့်စုံလိုနေဆဲပါ။ သူ့ရဲ့ အဓိက အားသာချက်က သူ့ရဲ့ ရည်မှန်းချက်ကြီးမှုပါပဲ။
ဒီလိုတွေနဲ့ပဲ လက်ရွေးစင်အသင်းမှာ သိပ်ကို အောင်မြင်လိုတဲ့ သူ့ထံကနေ ကျနေ်ာတို့ သင်ယူမှုတွေ လုပ်ခဲ့ရပါတယ်။ လက်ရွေးစင်အသင်းမှာ ဆာဂျီယိုနဲ့ အသင်းဖော်အဖြစ် တွဲဘက်ကစားရတာကို ကျနော် နှစ်သက်ပါတယ်။ ကျနေ်ာတို့ ပြိုင်ဘက်တွေ ဖြစ်လာချိန်မှာတော့ သူ့ကို ပြိုင်ဘက်အဖြစ်ပဲ ရင်ဆိုင်သွားရပါလိမ့်မယ်။
တစ်ကမ္ဘာလုံး လေးစားရတဲ့ ပွဲစဉ်အဖြစ် လေးစားလောက်စရာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲကို ကျနေ်ာတို့ ၇လာခဲ့ပါပြီ။ အဲ့ပွဲတွေကို ကစားချင်ပါတယ်။ ချန်ပီယံလိဂ်က သိပ်ကောင်းတဲ့ ပြိုင်ပွဲဖြစ်ပြီး ကျနေ်ာတို့ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်က သိပ်ကောင်းတဲ့ အသင်းပဲ ဖြစ်ပါတယ်။ ကျနေ်ာတို့ အကြွေးတင်နေတဲ့ ရီးရဲလ်မက်ဒရစ်ကို လေးစားစွာပဲ ရင်ဆိုင်သွားပါမယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးကြင္းလယ္လူ သီယာဂိုက လက္ေရြးစင္အသင္းမွ အသင္းေဖာ္ျဖစ္သူ ဆာဂ်ီယို ရာမိုစ့္ကို ျပန္လည္ ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနပါေၾကာင္း ထုတ္ေျပာလာပါတယ္။
သူတို႔ ႏွစ္ဦးဟာ ကမၻာဖလား ေျခစစ္ပြဲအျဖစ္ ဂရိ၊ ေဂ်ာ္ဂီ်ယာ၊ ကိုဆိုဗိုအသင္းတို႔ျဖင့္ ယွဥ္ျပိဳင္ရမယ့္ စပိန္အသင္းရဲ႕ အသင္းသားေတြျဖစ္တယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္မွာ ျပိဳင္ဘက္အျဖစ္ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြရဲ႕ အသင္းသားေတြလည္း ျဖစ္ပါတယ္။
တစ္ႏုိင္ငံတည္းသား စီနီယာျဖစ္သူ ရာမိုစ့္ထံက အမ်ားၾကီး သင္ယူရတဲ့အေပၚသီယာဂိုက ေလးစားစကား ေျပာဆိုခဲ့တယ္။ ဒါ့အျပင္ အားလံုး ေစာင့္ေမွ်ာ္ေနမယ့္ ပြဲမွာလည္း ျပိဳင္ဘက္အျဖစ္ ေကာင္းမြန္စြာ ယွဥ္ျပိဳင္လိုေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
သီယာဂိုက “ ဆာဂ်ီယို ရာမိုစ့္နဲ႔အတူ ကစားရတာက သိပ္ေကာင္းပါတယ္။ ျပီးခဲ့တဲ့ ႏွစ္ေတြမွာ သူ႔ထံကေနလည္း သင္ယူမႈေတြ ရခဲ့တယ္။ သူက ဆက္ျပီး တိုးတက္လာေနသလို ဆက္ျပီးလည္း ျပီးျပည့္စံုလိုေနဆဲပါ။ သူ႔ရဲ႕ အဓိက အားသာခ်က္က သူ႔ရဲ႕ ရည္မွန္းခ်က္ၾကီးမႈပါပဲ။
ဒီလိုေတြနဲ႔ပဲ လက္ေရြးစင္အသင္းမွာ သိပ္ကို ေအာင္ျမင္လိုတဲ့ သူ႔ထံကေန က်ေန္ာတို႔ သင္ယူမႈေတြ လုပ္ခဲ့ရပါတယ္။ လက္ေရြးစင္အသင္းမွာ ဆာဂ်ီယိုနဲ႔ အသင္းေဖာ္အျဖစ္ တြဲဘက္ကစားရတာကို က်ေနာ္ ႏွစ္သက္ပါတယ္။ က်ေန္ာတို႔ ျပိဳင္ဘက္ေတြ ျဖစ္လာခ်ိန္မွာေတာ့ သူ႔ကို ျပိဳင္ဘက္အျဖစ္ပဲ ရင္ဆိုင္သြားရပါလိမ့္မယ္။
တစ္ကမၻာလံုး ေလးစားရတဲ့ ပြဲစဥ္အျဖစ္ ေလးစားေလာက္စရာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲကို က်ေန္ာတို႔ ၇လာခဲ့ပါျပီ။ အဲ့ပြဲေတြကို ကစားခ်င္ပါတယ္။ ခ်န္ပီယံလိဂ္က သိပ္ေကာင္းတဲ့ ျပိဳင္ပြဲျဖစ္ျပီး က်ေန္ာတို႔ ရင္ဆိုင္ရမယ့္ ရီးရဲလ္မက္ဒရစ္က သိပ္ေကာင္းတဲ့ အသင္းပဲ ျဖစ္ပါတယ္။ က်ေန္ာတို႔ အေၾကြးတင္ေနတဲ့ ရီးရဲလ္မက္ဒရစ္ကို ေလးစားစြာပဲ ရင္ဆိုင္သြားပါမယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။