ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ခံစစ်မှူး ဗန်ဒိုက်ဟာ ဘောလုံး ပြန်ကစားဖို့ နီးစပ်နေပြီဖြစ်ကာ သူ့ရဲ့ ပြန်လည် လေ့ကျင့်ရေး သက်မှတ်ကာလကို ပြည့်ဖို့ ၈ ပတ်ပဲ လိုတော့တယ်လို့ သိရပါတယ်။

မန်နေဂျာကလော့ပ်က ဗန်ဒိုက်ရဲ့ အခြေအနေကို စိတ်ရှည်စွာ စောင့်ကြည့်ဖို့ ဖိအားရှိနေပေမယ့် ဒီနွေမှာ ယူရို ပြိုင်ပွဲရှိနေတာက ပြဿနာတစ်ရပ် ဖြစ်လာခဲ့တယ်။ သူ့လို ကစားသမားကို ယူရိုပြိုင်ပွဲမှာ ထုတ်မသုံးဘူးဆိုရင် နယ်သာလန်အသင်းက ဖိအားတွေ ဝင်လာမှာဖြစ်သလို လီဗာပူးအတွက်လည်း ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ရာသီ နောက်ပိုင်းပွဲတွေမှာ လီဗာပူးက ဗန်ဒိုက်ကို စမ်းသုံးမယ်ဆိုရင် လက်ရွေးစင်အသင်းကလည်း ဗန်ဒိုက်ကို စမ်းသုံးဖို့ကို အလေးအနက် ထားလာမှာပါ။ အကယ်လို့ ကလပ်က မသုံးဘူးဆိုရင်တောင် ယူရို ပြိုင်ပွဲမှာ ဗန်ဒိုက်ရဲ့ ပြန်လည် တိုးတက်မှုတွေအရ လက်ရွေးစင်ဘက်က စမ်းသုံးနိုင်တာကိုလည်း လီဗာပူးဘက်က နားလည်ထားပါတယ်။

မတ်လ နိုင်ငံတကာ သီတင်းပတ်မှာ နယ်သာလန်မန်နေဂျာ ဒီဘိုဝါးက ယူရိုပွဲအတွက် ဗန်ဒိုက်ကို ထည့်တွက် မထားပါဘူးလို့တော့ ဖြေရှင်းချက်ပေးပါတယ်။

ဒီဘိုးဝါးက ပြောရာမှာ “ ဗန်ဒိုက်က ၈ ပတ်ပဲ ကျန်တယ်ဆိုတာကို ကျနေ်ာတို့ သိထားပါတယ်။ အဲ့တာက လုံလောက်မလားတော့ ကျနေ်ာတို့ မသိသေးပါဘူး။ ကျနော် သူနဲ့ စကားပြောခဲ့ပြီး သူက ကွင်းထဲ ပြန်လာနေပါပြီ။

နောက်ဆက်တွဲ ဒဏ်ရာဆိုတာက အမြဲတမ်း ရှိပါတယ်။ တစ်ပတ် (သို့) နှစ်ပတ်လောက် ဒဏ်ရာထပ်ရတာက ဒီရာသီမှာ သူ လီဗာပူးအတွက် ပြန်ကစားပေးနိုင်ဦးမယ်လို့ ဆိုလိုတာပါပဲ။ အဲ့လိုပြီးရင် ‘ ကောင်းတာတော့ ကောင်းတယ် ဒါပေမယ့် လာမယ့်ရာသီအတွက်ပဲ အာရုံစိုက်ရအောင် ’ လို့ လီဗာပူးဘက်က ပြောလာမှာ ကျနော် သိပါတယ်။

ဗန်ဒိုက်နဲ့ ပက်သက်လို့ ကျနော်ရဲ့ ခံစားချက်တွေက ကောင်းနေပါတယ်။ သူ ပြန်လာနိုင်နေတာကို ကျနော် ဝမ်းသာပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကလပ်ပွဲတွေကို မေလအထိ ယှဉ်ပြိုင်ရမှာဖြစ်သလို ယူရိုပွဲအဖြစ် နယ်သာလန်က ယူကရိန်းနဲ့ ဇွန်လ ၁၃ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။ ဒီဘိုးဝါးကတော့ လက်ကျန် ဘောလုံးရာသီမှာ ကလပ်နဲ့ နိုင်ငံအတွက် ဗန်ဒိုက် ပြန်ကစားပေးနိုင်ခဲ့ရင် အပိုဆု ဖြစ်လာလိမ့်မယ်လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒူးဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ခံစစ္မွဴး ဗန္ဒိုက္ဟာ ေဘာလံုး ျပန္ကစားဖို႔ နီးစပ္ေနျပီျဖစ္ကာ သူ႔ရဲ႕ ျပန္လည္ ေလ့က်င့္ေရး သက္မွတ္ကာလကို ျပည့္ဖို႔ ၈ ပတ္ပဲ လိုေတာ့တယ္လို႔ သိရပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ဗန္ဒိုက္ရဲ႕ အေျခအေနကို စိတ္ရွည္စြာ ေစာင့္ၾကည့္ဖို႔ ဖိအားရွိေနေပမယ့္ ဒီေႏြမွာ ယူရို ျပိဳင္ပြဲရွိေနတာက ျပႆနာတစ္ရပ္ ျဖစ္လာခဲ့တယ္။ သူ႔လို ကစားသမားကို ယူရိုျပိဳင္ပြဲမွာ ထုတ္မသံုးဘူးဆိုရင္ နယ္သာလန္အသင္းက ဖိအားေတြ ဝင္လာမွာျဖစ္သလို လီဗာပူးအတြက္လည္း ဆိုးက်ိဳးေတြ ျဖစ္လာႏုိင္ပါတယ္။

ရာသီ ေနာက္ပိုင္းပြဲေတြမွာ လီဗာပူးက ဗန္ဒိုက္ကို စမ္းသံုးမယ္ဆိုရင္ လက္ေရြးစင္အသင္းကလည္း ဗန္ဒိုက္ကို စမ္းသံုးဖို႔ကို အေလးအနက္ ထားလာမွာပါ။ အကယ္လို႔ ကလပ္က မသံုးဘူးဆိုရင္ေတာင္ ယူရို ျပိဳင္ပြဲမွာ ဗန္ဒိုက္ရဲ႕ ျပန္လည္ တိုးတက္မႈေတြအရ လက္ေရြးစင္ဘက္က စမ္းသံုးႏုိင္တာကိုလည္း လီဗာပူးဘက္က နားလည္ထားပါတယ္။

မတ္လ ႏုိင္ငံတကာ သီတင္းပတ္မွာ နယ္သာလန္မန္ေနဂ်ာ ဒီဘုိဝါးက ယူရိုပြဲအတြက္ ဗန္ဒိုက္ကို ထည့္တြက္ မထားပါဘူးလို႔ေတာ့ ေျဖရွင္းခ်က္ေပးပါတယ္။

ဒီဘိုးဝါးက ေျပာရာမွာ “ ဗန္ဒိုက္က ၈ ပတ္ပဲ က်န္တယ္ဆိုတာကို က်ေန္ာတို႔ သိထားပါတယ္။ အဲ့တာက လံုေလာက္မလားေတာ့ က်ေန္ာတို႔ မသိေသးပါဘူး။ က်ေနာ္ သူနဲ႔ စကားေျပာခဲ့ျပီး သူက ကြင္းထဲ ျပန္လာေနပါျပီ။

ေနာက္ဆက္တြဲ ဒဏ္ရာဆိုတာက အျမဲတမ္း ရွိပါတယ္။ တစ္ပတ္ (သို႔) ႏွစ္ပတ္ေလာက္ ဒဏ္ရာထပ္ရတာက ဒီရာသီမွာ သူ လီဗာပူးအတြက္ ျပန္ကစားေပးႏုိင္ဦးမယ္လို႔ ဆိုလိုတာပါပဲ။ အဲ့လိုျပီးရင္ ‘ ေကာင္းတာေတာ့ ေကာင္းတယ္ ဒါေပမယ့္ လာမယ့္ရာသီအတြက္ပဲ အာရံုစိုက္ရေအာင္ ’ လို႔ လီဗာပူးဘက္က ေျပာလာမွာ က်ေနာ္ သိပါတယ္။

ဗန္ဒိုက္နဲ႔ ပက္သက္လို႔ က်ေနာ္ရဲ႕ ခံစားခ်က္ေတြက ေကာင္းေနပါတယ္။ သူ ျပန္လာႏုိင္ေနတာကို က်ေနာ္ ဝမ္းသာပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကလပ္ပြဲေတြကို ေမလအထိ ယွဥ္ျပိဳင္ရမွာျဖစ္သလို ယူရိုပြဲအျဖစ္ နယ္သာလန္က ယူကရိန္းနဲ႔ ဇြန္လ ၁၃ ရက္မွာ ယွဥ္ျပိဳင္ရမွာပါ။ ဒီဘိုးဝါးကေတာ့ လက္က်န္ ေဘာလံုးရာသီမွာ ကလပ္နဲ႔ ႏုိင္ငံအတြက္ ဗန္ဒိုက္ ျပန္ကစားေပးႏုိင္ခဲ့ရင္ အပိုဆု ျဖစ္လာလိမ့္မယ္လို႔ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။