လီဗာပူးအသင်း တိုက်စစ်သမားဟောင်း ဥရုဂွေးက နံပါတ် ၉ တိုက်စစ်နေရာအတွက် အထူးချွန်ဆုံး လူငယ်နှစ်ဦးနဲ့ ပက်သက်လို့ မှတ်ချက်စကား ပြောဆိုလာပါတယ်။

လီဗာပူးဖြင့် ထွန်းတောက်လာခဲ့သလို ဘာစီလိုနာမှာ ကမ္ဘာအကောင်းဆုံး နံပါတ် ၉ အဖြစ် အောင်မြင်ခဲ့တဲ့ ဆွာရက်စ်က လူငယ် တိုက်စစ်သမား နှစ်ဦးဖြစ်တဲ့ ဟာလန်း၊ အမ်ဘတ်ပီတို့နဲ့ ပက်သက်ပြီး သူ့အမြင်ကို ထုတ်ပြောလာတာပါ။

လူငယ် နှစ်ဦးဟာ ဥရောပကလပ်တွေရဲ့ သည်းခြေကြိုက် ကစားသမားတွေ ဖြစ်လာနေကာ ရီးရဲလ်၊ ဘာကာ၊ မန်စီးတီး၊ လီဗာပူး အစရှိတဲ့ ထိပ်သီးအသင်းတွေက နံပါတ် ၉ တိုက်စစ်နေရာတွေအတွက် လူငယ် တိုက်စစ်သမားတွေကို ပစ်မှတ်ထားလာနေပါတယ်။

ဆွာရက်စ်က ” ဟာလန်းက ကစားသမားကောင်းပါ။ သူက သိပ်ကောင်းတဲ့ အဆင့်မှာရှိနေပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း အထင်ကြီးလောက်စရာ ဖြစ်ပါတယ်။ ” ဆိုပြီး ကတ္တလန်သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေဆိုပေးပါတယ်။

ဟာလန်းနဲ့ အမ်ဘတ်ပီ နှစ်ဦးထဲက တစ်ဦးကို ရွေးဖို့နဲ့ ပက်သက်လို့ ဥရုဂွေးတိုက်စစ်သမားက ” ဟာလန်းက ကမ္ဘာအကောင်းဆုံး နံပါတ် ၉ တိုက်စစ်သမားဖြစ်ပြီး ခေတ်တစ်ခုကို ဖော်ဆောင်နိုင်မယ့်သူဖြစ်ပါတယ်။ သူတို့ နှစ်ဦးအနက် ဟာလန်းကို ပိုပြီး အထင်ကြီမိးပါတယ်။ ဒါပေမယ့် အမ်ဘတ်ပီကလည်း ကောင်းမွန်တဲ့ အဆင့်မှာ ရောက်နေတဲ့သူ ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လောလောဆယ်ထိတော့ လီဗာပူးဟာ ဟာလန်းနဲ့ကော အမ်ဘတ်ပီနဲ့ပါ သတင်းတွေ ထွက်ထားပါတယ်။ ဒါပေမယ့် ဒီနွေမှာ သူတို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူဖို့ လုပ်နိုင်စွမ်း အပေါ်မှာတော့ သံသယ ဝင်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း တိုက္စစ္သမားေဟာင္း ဥရုေဂြးက နံပါတ္ ၉ တိုက္စစ္ေနရာအတြက္ အထူးခၽြန္ဆံုး လူငယ္ႏွစ္ဦးနဲ႔ ပက္သက္လို႔ မွတ္ခ်က္စကား ေျပာဆိုလာပါတယ္။

လီဗာပူးျဖင့္ ထြန္းေတာက္လာခဲ့သလို ဘာစီလိုနာမွာ ကမၻာအေကာင္းဆံုး နံပါတ္ ၉ အျဖစ္ ေအာင္ျမင္ခဲ့တဲ့ ဆြာရက္စ္က လူငယ္ တိုက္စစ္သမား ႏွစ္ဦးျဖစ္တဲ့ ဟာလန္း၊ အမ္ဘတ္ပီတို႔နဲ႔ ပက္သက္ျပီး သူ႔အျမင္ကို ထုတ္ေျပာလာတာပါ။

လူငယ္ ႏွစ္ဦးဟာ ဥေရာပကလပ္ေတြရဲ႕ သည္းေျခၾကိဳက္ ကစားသမားေတြ ျဖစ္လာေနကာ ရီးရဲလ္၊ ဘာကာ၊ မန္စီးတီး၊ လီဗာပူး အစရွိတဲ့ ထိပ္သီးအသင္းေတြက နံပါတ္ ၉ တိုက္စစ္ေနရာေတြအတြက္ လူငယ္ တိုက္စစ္သမားေတြကို ပစ္မွတ္ထားလာေနပါတယ္။

ဆြာရက္စ္က ” ဟာလန္းက ကစားသမားေကာင္းပါ။ သူက သိပ္ေကာင္းတဲ့ အဆင့္မွာရွိေနျပီး သူ႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္မႈကလည္း အထင္ၾကီးေလာက္စရာ ျဖစ္ပါတယ္။ ” ဆိုျပီး ကတၱလန္သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျဖဆိုေပးပါတယ္။

ဟာလန္းနဲ႔ အမ္ဘတ္ပီ ႏွစ္ဦးထဲက တစ္ဦးကို ေရြးဖို႔နဲ႔ ပက္သက္လို႔ ဥရုေဂြးတိုက္စစ္သမားက ” ဟာလန္းက ကမၻာအေကာင္းဆံုး နံပါတ္ ၉ တိုက္စစ္သမားျဖစ္ျပီး ေခတ္တစ္ခုကို ေဖာ္ေဆာင္ႏုိင္မယ့္သူျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးအနက္ ဟာလန္းကို ပိုျပီး အထင္ၾကီမိးပါတယ္။ ဒါေပမယ့္ အမ္ဘတ္ပီကလည္း ေကာင္းမြန္တဲ့ အဆင့္မွာ ေရာက္ေနတဲ့သူ ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေလာေလာဆယ္ထိေတာ့ လီဗာပူးဟာ ဟာလန္းနဲ႔ေကာ အမ္ဘတ္ပီနဲ႔ပါ သတင္းေတြ ထြက္ထားပါတယ္။ ဒါေပမယ့္ ဒီေႏြမွာ သူတို႔ ႏွစ္ဦးထဲက တစ္ဦးကို ေခၚယူဖို႔ လုပ္ႏိုင္စြမ္း အေပၚမွာေတာ့ သံသယ ဝင္မႈေတြ ရွိေနဆဲျဖစ္ပါတယ္။