စပါးကွင်းလယ်လူ အိုလီစကစ်က လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ထံကနေ ကွင်းအတွင်း ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းတွေကို သင်ယူပါတယ်လို့ ထုတ်ဖော် ဝန်ခံပါတယ်။
စကစ်က ဟန်ဒါဆန်နဲ့ ရိုက်တို့ နှစ်ဦးကို စံနမူနာယူခြင်းက အနာဂတ်မှာ အင်္ဂလန်ကွင်းလယ်လူ တစ်ဦးအဖြစ် သူရဲ့တိုးတက်မှုတွေအတွက် အကူအညီဖြစ်မယ်လို့ မျှော်လင့်နေတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ ဒီရာသီ ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ နော့ဝစ်အသင်းအတွက် အဓိက ကစားသမားတစ်ဦးနေရာက ပါဝင်ပေးနေသူဖြစ်ပါတယ်။
စပါးကနေ အငှားထွက်ကစားနေတဲ့ စကစ်က လာမယ့်ရာသီမှာ မိခင်ကလပ်ကို ပြန်လာဖွယ်ရှိတယ်။ သူ့အတွက် စိန်ခေါ်မှုကတော့ စပါးမှာ နေရာတစ်နေရာရဖို့နဲ့ အင်္ဂလန် ယူ-၂၁ အဆင့်ကနေ လက်ရွေးစင်အဆင့်ကို တက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
စကစ်က “ ဟန်ဒါဆန်နဲ့ ရိုက်က ကျနော်အတွက် အများကြီး အကူအညီဖြစ်တယ်လို့ မြင်ပါတယ်။ ဟန်ဒါဆန်က ချန်ပီယံလိဂ်ဖလား အောင်မြင်သူပါ။ ဒီတော့ ကစားသမားအနေဲ့ သူဘာတွေကို လုပ်ဆောင်တယ်ဆိုတာကို လေ့လာ စောင့်ကြည့်ဖို့ လိုပါတယ်။
ဟန်ဒါဆန်နဲ့ ရိုက်တို့ဟာ သူတို့ရဲ့ ပွဲတွေမှာ ခေါင်းဆောင်မှု အရည်အသွေးတွေကို အဓိက ပြသကြတယ်လို့ ထင်ပါတယ်။ ကွင်းထဲက သူတို့ရဲ့ ဦးဆောင်မှု၊ အသင်းဖော်တွေကို တောင်းဆိုနိုင်မှုနဲ့ အကောင်းမြင်တဲ့ စိတ်ဓါတ်ပိုင်းတွေကိုလည်း မြင်နိုင်ပါတယ်။
လီဗာပူးအသင်းက တစ်ခါတစ်လေ အဲ့လို အသံဖိုင်တွေကို သူတို့ လူမှုကွန်ယက်မှာ ထုတ်ပြတာကို ကျနော် ကြည့်ရပါတယ်။ အဲ့ဗီဒီယိုတွေမှာ ဟန်ဒါဆန်က သူ့ရဲ့ အသင်းဖော်တွေကို မောင်းနှင်တာမျိုးကို ကျနော် ကြည့်ရပါတယ်။ အဲ့တာက ကျနော်အတွက် အရမ်း စိတ်ဝင်စားစေပါတယ်။
ဟန်ဒါဆန်ကို ကြည့်ပြီး အသင်းကို ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေကို ကျနော်ရဲ့ ပွဲတွေမှာ ထည့်သွင်းနိုင်ဖို့ ဘယ်လို လုပ်ရမယ်ဆိုတာကို အတွေ့အကြုံတွေ တိုးပွားလာစေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
အသက် ၃၀ အရွယ် ဟန်ဒါဆန်ဟာ လက်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ သမ္ဘာအရင့်ဆုံး ကစားသမားဖြစ်သလို လက်ထောက်အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူဟာ ဒဏ်ရာကြောင့် ဘောလုံးရာသီ အကုန်ပိုင်းမှ ပြန်ကစားနိုင်ဖွယ် ရှိပေမယ့် ယူရို ပြိုင်ပွဲမှာတော့ ပါဝင်သွားနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
ZAWGYI
စပါးကြင္းလယ္လူ အိုလီစကစ္က လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ထံကေန ကြင္းအတြင္း ေခါင္းေဆာင္မႈဆိုင္ရာ အရည္အခ်င္းေတြကို သင္ယူပါတယ္လို႔ ထုတ္ေဖာ္ ဝန္ခံပါတယ္။
စကစ္က ဟန္ဒါဆန္နဲ႔ ရိုက္တို႔ ႏွစ္ဦးကို စံနမူနာယူျခင္းက အနာဂတ္မွာ အဂၤလန္ကြင္းလယ္လူ တစ္ဦးအျဖစ္ သူရဲ႕တိုးတက္မႈေတြအတြက္ အကူအညီျဖစ္မယ္လို႔ ေမွ်ာ္လင့္ေနတယ္။ အသက္ ၂၀ အရြယ္ ကြင္းလယ္လူဟာ ဒီရာသီ ခ်န္ပီယံရွစ္ကို ဦးေဆာင္ေနတဲ့ ေနာ့ဝစ္အသင္းအတြက္ အဓိက ကစားသမားတစ္ဦးေနရာက ပါဝင္ေပးေနသူျဖစ္ပါတယ္။
စပါးကေန အငွားထြက္ကစားေနတဲ့ စကစ္က လာမယ့္ရာသီမွာ မိခင္ကလပ္ကို ျပန္လာဖြယ္ရွိတယ္။ သူ႔အတြက္ စိန္ေခၚမႈကေတာ့ စပါးမွာ ေနရာတစ္ေနရာရဖို႔နဲ႔ အဂၤလန္ ယူ-၂၁ အဆင့္ကေန လက္ေရြးစင္အဆင့္ကို တက္ႏုိင္ဖို႔ပဲ ျဖစ္ပါတယ္။
စကစ္က “ ဟန္ဒါဆန္နဲ႔ ရိုက္က က်ေနာ္အတြက္ အမ်ားၾကီး အကူအညီျဖစ္တယ္လို႔ ျမင္ပါတယ္။ ဟန္ဒါဆန္က ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္သူပါ။ ဒီေတာ့ ကစားသမားအေနဲ႔ သူဘာေတြကို လုပ္ေဆာင္တယ္ဆိုတာကို ေလ့လာ ေစာင့္ၾကည့္ဖို႔ လိုပါတယ္။
ဟန္ဒါဆန္နဲ႔ ရိုက္တို႔ဟာ သူတို႔ရဲ႕ ပြဲေတြမွာ ေခါင္းေဆာင္မႈ အရည္အေသြးေတြကို အဓိက ျပသၾကတယ္လို႔ ထင္ပါတယ္။ ကြင္းထဲက သူတို႔ရဲ႕ ဦးေဆာင္မႈ၊ အသင္းေဖာ္ေတြကို ေတာင္းဆိုႏုိင္မႈနဲ႔ အေကာင္းျမင္တဲ့ စိတ္ဓါတ္ပိုင္းေတြကိုလည္း ျမင္ႏုိင္ပါတယ္။
လီဗာပူးအသင္းက တစ္ခါတစ္ေလ အဲ့လို အသံဖိုင္ေတြကို သူတို႔ လူမႈကြန္ယက္မွာ ထုတ္ျပတာကို က်ေနာ္ ၾကည့္ရပါတယ္။ အဲ့ဗီဒီယိုေတြမွာ ဟန္ဒါဆန္က သူ႔ရဲ႕ အသင္းေဖာ္ေတြကို ေမာင္းႏွင္တာမ်ိဳးကို က်ေနာ္ ၾကည့္ရပါတယ္။ အဲ့တာက က်ေနာ္အတြက္ အရမ္း စိတ္ဝင္စားေစပါတယ္။
ဟန္ဒါဆန္ကို ၾကည့္ျပီး အသင္းကို ဦးေဆာင္ႏုိင္တဲ့ အရည္အခ်င္းေတြကို က်ေနာ္ရဲ႕ ပြဲေတြမွာ ထည့္သြင္းႏုိင္ဖို႔ ဘယ္လို လုပ္ရမယ္ဆိုတာကို အေတြ႔အၾကံဳေတြ တိုးပြားလာေစပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
အသက္ ၃၀ အရြယ္ ဟန္ဒါဆန္ဟာ လက္ရွိ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ သမၻာအရင့္ဆံုး ကစားသမားျဖစ္သလို လက္ေထာက္အသင္းေခါင္းေဆာင္လည္း ျဖစ္ပါတယ္။ သူဟာ ဒဏ္ရာေၾကာင့္ ေဘာလံုးရာသီ အကုန္ပိုင္းမွ ျပန္ကစားႏုိင္ဖြယ္ ရွိေပမယ့္ ယူရို ျပိဳင္ပြဲမွာေတာ့ ပါဝင္သြားႏုိင္ဖြယ္ ရွိေနတာ ျဖစ္ပါတယ္။