နည်းပြ ဆိုးရှားဟာ ဗလန်စီယာရဲ့နေရာမှာ အသင်းခေါင်းဆောင်သစ်အဖြစ် အင်္ဂလန်ကစားသမား အက်ရှလေယန်းကို တာဝန်ပေးပြီး လက်ထောက်ခေါင်းဆောင်အဖြစ် ကွင်းလယ်လူပေါ့ဘာကို တာဝန်ပေးမယ်ဆိုတဲ့သတင်း ကျယ်ပြန့်လာပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ပေါ့ဘာကို အသင်းမှာဆက်ရှိနေစေဖို့ မန်ယူဘက်က ကြိုးစားမှာဖြစ်ပြီး သူဆက်ကစားဖို့ ဆွဲဆောင်တဲ့အနေနဲ့ အသင်းရဲ့ ခေါင်းဆောင်ပိုင်း တစ်နေရာကို တာဝန်ပေးဖွယ် ရှိနေကြောင်း သိရတယ်။

ဗလန်စီယာရဲ့ နေရာမှာ အစားထိုးဖို့ အက်ရှလေယန်းကို တာဝန်ပေးမှာ ဖြစ်ပေမယ့် ညာအစွန်လူဟာ ပုံမှန်ပွဲထွက်ခွင့် မသေချာပါဘူး။ မန်ယူဘက်ကတော့ ပဲလေ့စ် ညာအစွန်လူ ဝမ်ဘစ်ဆာကာကို ညာအစွန်မှာ အဓိက အသုံးပြုဖို့ ကမ်းလှမ်းမှုတွေနဲ့ ကြိုးစားနေပါတယ်။

ဆိုးရှားဟာ ကွင်းအတွင်း အသင်းခေါင်းဆောင်အဖြစ် အက်ရှလေယန်းကို တာဝန်ပေးအပ်ပြီး အင်္ဂလန်သား ပါဝင်မကစားနိုင်ချိန်မှာတော့ ပေါ့ဘာ၊ ဒီဂီယာနဲ့ စမောလင်းတို့အား အသင်းကို ဦးဆောင်စေဖို့ ရွေးချယ်ထားပါတယ်။

ကစားသမား လေးဦးလုံးဟာ မန်ယူအသင်း ပရိသတ်တွေနဲ့ ဝေဖန်မှုတွေကို ပြင်းထန်စွာ ရရှိနေကြသူတွေဖြစ်ပြီး အသင်းပရိသတ်တွေကတော့ လင်ဒီအော့၊ လုရှောလို ပုံမှန်ပွဲထွက်ခွင့်ရပြီး ခြေစွမ်းလည်းကောင်းတဲ့ ကစားသမားတွေကိုကပဲ အသင်းခေါင်းဆောင်တာဝန် ပေးစေလိုနေကြပါတယ်။