လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ်အတွင်း ပထမဆုံး လေ့ကျင့်ရေး ပြန်စမှုကို မနေ့က ပြုလုပ်သွားခဲ့တယ်လို့ အသင်းဝဘ်ဆိုဒ်မှာ ဖော်ပြသွားပါတယ်။

သတင်းကောင်းအနေနဲ့ ဒဏ်ရာပြဿနာကြောင့် အသင်းလူစာရင်းမှာ မပါနိုင်ဖြစ်နေတဲ့ ဖာမင်နို ပုံမှန်အတိုင်း လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့တာပါ။ အခြားသော ဘရာဇီးအသင်းဖော်တွေဖြစ်တဲ့ အယ်လီဆန်၊ ဖာဘင်ညိုတို့လည်း လန်းလန်းဆန်းဆန်းပဲ လေ့ကျင့်ရေး ပြန်ဝင်လာခဲ့ပါတယ်။

လက်ရွေးစင်တွေမှာ ရွေးချယ်မခံရတဲ့ ထရန့်၊ ချိန်ဘာလိန်၊ ဖီးလစ်၊ ဝီလီယမ် အစရှိတဲ့ အင်္ဂလန်ကစားသမားတွေက အက်ဆာမှာ လူငယ်တွေဖြင့် ပေါင်းစပ် လေ့ကျင့်မှုအတွင်း ပါဝင်သွားခဲ့တယ်။ မီလ်နာ ဦးဆောင်တဲ့ အဆိုပါ လေ့ကျင့်ရေး အစုအဖွဲ့မှာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ခံစစ်မှူးသစ် ဘမ်ဒေးဗစ်လည်း ပါဝင်လေ့ကျင့်သွားပါတယ်။

အာဖရိကဖလား ခြေစစ်ပွဲအဖြစ် မာလီကို ရင်ဆိုင်တဲ့ပွဲ တစ်ပွဲတည်းမှာ အသုံးပြုပါမယ်ဆိုတဲ့ ကတိဖြင့် ခေါ်ယူခြင်း ခံခဲ့ရတဲ့ ကိတ်တာကလည်း အသင်းကို ပြန်ရောက်နေပြီး လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပါတယ်။ ကိတ်တာဟာ လက်ရွေးစင်ပွဲမှာ ပြင်းထန်တဲ့ လူချကစားခြင်း ခံခဲ့ရပေမယ့် ကံကောင်းစွာပဲ ဒဏ်ရာ မရခဲ့ပါဘူး။

ဒီအစုအဖွဲ့ဟာ လက်ရွေးစင်တွေကနေ ပြန်လာမယ့် ဆာလာ၊ မာနေး၊ ဂျိုတာ၊ ရော်ဘတ်ဆန်၊ ဝိုက်နယ်ဒမ်၊ သီယာဂို၊ ခါဘတ်တို့ဖြင့် ပူးပေါင်းကာ ပုံစံကောင်းတွေ ပြန်ရနေတဲ့ အသင်းရဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက် ခိုင်မာအောင် လုပ်ပေးရမှာဖြစ်တယ်။

ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်နဲ့ ဟန်ဒါဆန်တို့ရဲ့ အခြေအနေကတော့ ဧပြီလတည်းမှာလည်း ထူးထူးခြားခြားတွေ မြင်ရဖွယ်မရှိဘဲ မေလ အစောပိုင်းမှာမှ မျှော်လင့်စရာ အခြေအနေကောင်းတွေ ရှိလာမယ်လို့ လီဗာပူးသတင်းထောက်တွေ ခန့်မှန်းထားကြပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ႏုိင္ငံတကာသီတင္းပတ္အတြင္း ပထမဆံုး ေလ့က်င့္ေရး ျပန္စမႈကို မေန႔က ျပဳလုပ္သြားခ့ဲတယ္လို႔ အသင္းဝဘ္ဆိုဒ္မွာ ေဖာ္ျပသြားပါတယ္။

သတင္းေကာင္းအေနနဲ႔ ဒဏ္ရာျပႆနာေၾကာင့္ အသင္းလူစာရင္းမွာ မပါႏုိင္ျဖစ္ေနတဲ့ ဖာမင္ႏို ပံုမွန္အတိုင္း ေလ့က်င့္ေရး ျပန္ဆင္းႏုိင္ခဲ့တာပါ။ အျခားေသာ ဘရာဇီးအသင္းေဖာ္ေတြျဖစ္တဲ့ အယ္လီဆန္၊ ဖာဘင္ညိဳတို႔လည္း လန္းလန္းဆန္းဆန္းပဲ ေလ့က်င့္ေရး ျပန္ဝင္လာခဲ့ပါတယ္။

လက္ေရြးစင္ေတြမွာ ေရြးခ်ယ္မခံရတဲ့ ထရန္႔၊ ခ်ိန္ဘာလိန္၊ ဖီးလစ္၊ ဝီလီယမ္ အစရွိတဲ့ အဂၤလန္ကစားသမားေတြက အက္ဆာမွာ လူငယ္ေတြျဖင့္ ေပါင္းစပ္ ေလ့က်င့္မႈအတြင္း ပါဝင္သြားခဲ့တယ္။ မီလ္နာ ဦးေဆာင္တဲ့ အဆိုပါ ေလ့က်င့္ေရး အစုအဖြဲ႔မွာ ဒဏ္ရာက ျပန္သက္သာလာတဲ့ ခံစစ္မွဴးသစ္ ဘမ္ေဒးဗစ္လည္း ပါဝင္ေလ့က်င့္သြားပါတယ္။

အာဖရိကဖလား ေျခစစ္ပြဲအျဖစ္ မာလီကို ရင္ဆိုင္တဲ့ပြဲ တစ္ပြဲတည္းမွာ အသံုးျပဳပါမယ္ဆိုတဲ့ ကတိျဖင့္ ေခၚယူျခင္း ခံခဲ့ရတဲ့ ကိတ္တာကလည္း အသင္းကို ျပန္ေရာက္ေနျပီး ေလ့က်င့္ေရးမွာ ပါဝင္ခဲ့ပါတယ္။ ကိတ္တာဟာ လက္ေရြးစင္ပြဲမွာ ျပင္းထန္တဲ့ လူခ်ကစားျခင္း ခံခဲ့ရေပမယ့္ ကံေကာင္းစြာပဲ ဒဏ္ရာ မရခ့ဲပါဘူး။

ဒီအစုအဖြဲ႔ဟာ လက္ေရြးစင္ေတြကေန ျပန္လာမယ့္ ဆာလာ၊ မာေနး၊ ဂ်ိဳတာ၊ ေရာ္ဘတ္ဆန္၊ ဝိုက္နယ္ဒမ္၊ သီယာဂို၊ ခါဘတ္တို႔ျဖင့္ ပူးေပါင္းကာ ပံုစံေကာင္းေတြ ျပန္ရေနတဲ့ အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြကို ဆက္လက္ ခိုင္မာေအာင္ လုပ္ေပးရမွာျဖစ္တယ္။

ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္နဲ႔ ဟန္ဒါဆန္တို႔ရဲ႕ အေျခအေနကေတာ့ ဧျပီလတည္းမွာလည္း ထူးထူးျခားျခားေတြ ျမင္ရဖြယ္မရွိဘဲ ေမလ အေစာပိုင္းမွာမွ ေမွ်ာ္လင့္စရာ အေျခအေနေကာင္းေတြ ရွိလာမယ္လို႔ လီဗာပူးသတင္းေထာက္ေတြ ခန္႔မွန္းထားၾကပါတယ္။