လီဗာပူးတိုက်စစ်သမား ဆာလာက သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ပြောဆိုဖို့က သူ့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ကြောင်း စပိန်သတင်းဌာန မာကာနဲ့ အင်တာဗျူးမှာ ထုတ်ပြောလိုက်ပါတယ်။

၂၀၂၃ ခုနှစ်ထိ လီဗာပူးနဲ့ စာချုပ်ရှိထားတဲ့ အသက် ၂၈ နှစ်အရွယ် အီဂျစ်သားဟာ စာချုပ်သစ်အတွက် ညိနှိုင်းမှုတွေ မရသေးပါဘူး။ သူ့ရဲ့ စာချုပ်အရ ဒီနွေဟာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြင်းကြောင့် ဆာလာရဲ့ အနာဂတ်အပေါ် စိတ်ဝင်စားခံရမှုတွေလည်း များနေချိန်မှာ ကစားသမားက အနာဂတ်နဲ့ ပတ်သက်ပြီး ရေရေရာရာ မပြောနိုင်သေးတဲ့ အနေအထားတွေ ဖွင့်ထုတ်လာခဲ့တယ်။

အဆိုပါ အင်တာဗျူးမှာ ဆာလာက ” လီဗာပူးအသင်းမှာ ဆက်နေမလားဆိုတာက ကျနော်အပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်ပေမယ့် အခုချိန်မှာ အဲ့အကြောင်းကို မပြောလိုသေးပါဘူး။

ကျနော်က ကလော့ပ်ကြား ဆက်ဆံရေး ပရော်ဖက်ရှင်နယ် နှစ်ဦးကြားက ပုံမှန်အခြေအနေပါပဲ။ ဒီလိုပဲ ကျနော် ပြောပြနိုင်ပါတယ် ” ဆိုပြီး လီဗာပူးနဲ့ အနာဂတ်အပေါ် ဖြေဆိုသွားပါတယ်။

အင်္ဂလန်နဲ့ အီတလီတို့မှာ ကစားခဲ့ပြီးဖြစ်လို့ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ဖို့ရာ စပိန်ဘောလုံးလောကထံ ပြောင်းရွှေ့ရမှာကို နှစ်သက်မလားဆိုတဲ့ အမေးကိုလည်း ” နောက်ထပ် နှစ်တွေအများကြီး ကျနော် ဘောလုံးဆက်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဒီတော့ တစ်ရက်မှာ ကျနော် စပိန်မှာ ဘောလုံးကစားနိုင်လားဆိုတာရင်တော့ ကစားနိုင်တာပေါ့ဗျာ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်နေဂျာဇီဒန်းနဲ့ ပက်သက်ပြီး ဆာလာက ” သူက နည်းပြကောင်းတစ်ယောက်ပါ။ ချန်ပီယံလိဂ်ဖလားကို သုံးကြိမ် အောင်မြင်ထားသူပါ။ ရီးရဲလ်နဲ့ အကောင်းဆုံး လုပ်နိုင်တယ်။ သူထွက်သွားပြီး ရီးရဲလ်ကို ဆုဖလားတွေပြန်ရအောင် ကူညီပေးဖို့ ပြန်ရောက်လာပါပြီ။ ကျနော် ငယ်စဉ်တုန်းက သူက ကျနော်ရဲ့ စံပြတစ်ဦးပါ။ ဇီဒန်းက မန်နေဂျာကောင်းတစ်ယောက်လည်း ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလာက သူ႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး ေျပာဆိုဖို႔က သူ႔အေပၚမွာပဲ မူတည္ေနတာ မဟုတ္ေၾကာင္း စပိန္သတင္းဌာန မာကာနဲ႔ အင္တာဗ်ဴးမွာ ထုတ္ေျပာလိုက္ပါတယ္။

၂၀၂၃ ခုႏွစ္ထိ လီဗာပူးနဲ႔ စာခ်ဳပ္ရွိထားတဲ့ အသက္ ၂၈ ႏွစ္အရြယ္ အီဂ်စ္သားဟာ စာခ်ဳပ္သစ္အတြက္ ညိႏိႈင္းမႈေတြ မရေသးပါဘူး။ သူ႔ရဲ႕ စာခ်ဳပ္အရ ဒီေႏြဟာ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္ျခင္းေၾကာင့္ ဆာလာရဲ႕ အနာဂတ္အေပၚ စိတ္ဝင္စားခံရမႈေတြလည္း မ်ားေနခ်ိန္မွာ ကစားသမားက အနာဂတ္နဲ႔ ပတ္သက္ျပီး ေရေရရာရာ မေျပာႏုိင္ေသးတဲ့ အေနအထားေတြ ဖြင့္ထုတ္လာခဲ့တယ္။

အဆိုပါ အင္တာဗ်ဴးမွာ ဆာလာက ” လီဗာပူးအသင္းမွာ ဆက္ေနမလားဆိုတာက က်ေနာ္အေပၚမွာ မူတည္တာ မဟုတ္ပါဘူး။ ဘာေတြျဖစ္လာမလဲ ေစာင့္ၾကည့္ရမွာျဖစ္ေပမယ့္ အခုခ်ိန္မွာ အဲ့အေၾကာင္းကို မေျပာလိုေသးပါဘူး။

က်ေနာ္က ကေလာ့ပ္ၾကား ဆက္ဆံေရး ပေရာ္ဖက္ရွင္နယ္ ႏွစ္ဦးၾကားက ပံုမွန္အေျခအေနပါပဲ။ ဒီလိုပဲ က်ေနာ္ ေျပာျပႏုိင္ပါတယ္ ” ဆိုျပီး လီဗာပူးနဲ႔ အနာဂတ္အေပၚ ေျဖဆိုသြားပါတယ္။

အဂၤလန္နဲ႔ အီတလီတို႔မွာ ကစားခဲ့ျပီးျဖစ္လို႔ စိန္ေခၚမႈသစ္ေတြကို ရင္ဆိုင္ဖို႔ရာ စပိန္ေဘာလံုးေလာကထံ ေျပာင္းေရႊ႔ရမွာကို ႏွစ္သက္မလားဆိုတဲ့ အေမးကိုလည္း ” ေနာက္ထပ္ ႏွစ္ေတြအမ်ားၾကီး က်ေနာ္ ေဘာလံုးဆက္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

အနာဂတ္မွာ ဘာေတြျဖစ္လာမယ္ဆိုတာကို ဘယ္သူမွ မသိပါဘူး။ ဒီေတာ့ တစ္ရက္မွာ က်ေနာ္ စပိန္မွာ ေဘာလံုးကစားႏုိင္လားဆိုတာရင္ေတာ့ ကစားႏဳိင္တာေပါ့ဗ်ာ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္ေနဂ်ာဇီဒန္းနဲ႔ ပက္သက္ျပီး ဆာလာက ” သူက နည္းျပေကာင္းတစ္ေယာက္ပါ။ ခ်န္ပီယံလိဂ္ဖလားကို သံုးၾကိမ္ ေအာင္ျမင္ထားသူပါ။ ရီးရဲလ္နဲ႔ အေကာင္းဆံုး လုပ္ႏုိင္တယ္။ သူထြက္သြားျပီး ရီးရဲလ္ကို ဆုဖလားေတြျပန္ရေအာင္ ကူညီေပးဖို႔ ျပန္ေရာက္လာပါျပီ။ က်ေနာ္ ငယ္စဥ္တုန္းက သူက က်ေနာ္ရဲ႕ စံျပတစ္ဦးပါ။ ဇီဒန္းက မန္ေနဂ်ာေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္ ” လုိ႔ ဆိုခဲ့တာျဖစ္ပါတယ္။