ပြင်သစ် ခံစစ်မှူး ကိုနိတ်ဟာ လိုက်ဇစ်ကနေ လီဗာပူးကို ပြောင်းဖို့အတွက် ပဲရစ်မှာ ဆေးစစ်မှု ခံယူနေပြီဆိုတဲ့ သတင်းတွေကို ပြင်သစ်သတင်းဌာနကြီးဖြစ်တဲ့ RMC Sport ကို ကိုးကားပြီး ဖော်ပြမှုတွေ ရှိလာနေပါပြီ။

ဒီဆေးစစ်မှုဟာ နွေရာသီမှာ လီဗာပူးအသင်းထံ တရားဝင် မပြောင်းလာခင် ကနဦး စစ်ဆေးမှုဖြစ်တယ်လို့ သိရပြီး အခြားသော အခြေအနေတွေကို ထပ်မသိရသေးပါဘူး။ လီဗာပူးဘက်က ကစားသမားရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိလိုမှုတွေရှိနေပြီး အထူးသဖြင့် ယခင် ဒဏ်ရာမှတ်တမ်းတွေအပေါ် သံသယဝင်မှုတွေ ရှိနေပါတယ်။

The Athletic က ဖော်ထုတ်ရာမှာတော့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ကိုနိတ် ကြံ့ခိုင်မှု အကောင်းဆုံး အချိန်မှာ သူဟာ အူပါမီကာနိုဖြင့် တွဲဘက်ကစားခွင့်ရခဲ့ပြီး ထိုနှစ် ဘွန်ဒက်လီဂါ အကောင်းဆုံး ခံစစ်အတွက် ၆ ပွဲ မကစားနိုင်ခဲ့ပါဘူး။ အသေးစား ဒဏ်ရာကြောင့် ပွဲအချို့ကို မကစားနိုင်ခြင်းလို့ သိရပေမယ့် အခြားသော အသေးစိတ် အခြေအနေကို သိရခြင်း မရှိဘူး။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာတော့ ညာဘက်ခြေထောက်မှာ ရခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် အောက်တိုဘာလတည်းက အနားယူခဲ့ရပြီး ဇွန်လ အလယ်မှ ပြန်သက်သာလာခဲ့တယ်။ ဒီရာသီမှာလည်း ခရစ္စမတ်မတိုင်ခင်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့သေးတာကြောင့် နှစ်လ ထပ်နားခဲ့ရပါတယ်။

အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ခံစစ်မှူးကို ဒီနွေမှာ ခေါ်ယူမယ်ဆိုရင် ပေါင် ၃၄ သန်းတင် ပေးရမှာဖြစ်သော်လည်း ကုန်ခဲ့တဲ့ ဘောလုံးရာသီ ၃ ခုအတွင်း သူရထားတဲ့ ဒဏ်ရာတွေအပေါ် လီဗာပူးဘက်က သိလိုစိတ်တွေ ရှိနေတာဖြစ်တယ်။

အခုလို ဆေးစစ်မယ်ဆိုတဲ့ သတင်းတွေက သူ့ရဲ့ ဒဏ်ရာနဲ့ ပက်သက်ပြီး လီဗာပူးဘက်က နွေဈေးကွက်အကြို စစ်ဆေးလိုခြင်းလို့ ယူဆရပါတယ်။ အပြောင်းအရွှေ့ကတော့ ပြီးပြတ်ခြင်း မရှိသေးကာ ကစားသမားက အခြားသော ကလပ်တွေဖြင့် ညိနှိုင်းခွင့် ရှိနေဆဲဖြစ်ပါတယ်။

ZAWGYI

ျပင္သစ္ ခံစစ္မွဴး ကိုနိတ္ဟာ လိုက္ဇစ္ကေန လီဗာပူးကို ေျပာင္းဖို႔အတြက္ ပဲရစ္မွာ ေဆးစစ္မႈ ခံယူေနျပီဆိုတဲ့ သတင္းေတြကို ျပင္သစ္သတင္းဌာနၾကီးျဖစ္တဲ့ RMC Sport ကို ကိုးကားျပီး ေဖာ္ျပမႈေတြ ရွိလာေနပါျပီ။

ဒီေဆးစစ္မႈဟာ ေႏြရာသီမွာ လီဗာပူးအသင္းထံ တရားဝင္ မေျပာင္းလာခင္ ကနဦး စစ္ေဆးမႈျဖစ္တယ္လို႔ သိရျပီး အျခားေသာ အေျခအေနေတြကို ထပ္မသိရေသးပါဘူး။ လီဗာပူးဘက္က ကစားသမားရဲ႕ အေျခအေနကို ရွင္းရွင္းလင္းလင္း သိလိုမႈေတြရွိေနျပီး အထူးသျဖင့္ ယခင္ ဒဏ္ရာမွတ္တမ္းေတြအေပၚ သံသယဝင္မႈေတြ ရွိေနပါတယ္။

The Athletic က ေဖာ္ထုတ္ရာမွာေတာ့ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီ ကိုနိတ္ ၾကံ႕ခိုင္မႈ အေကာင္းဆံုး အခ်ိန္မွာ သူဟာ အူပါမီကာႏိုျဖင့္ တြဲဘက္ကစားခြင့္ရခဲ့ျပီး ထိုႏွစ္ ဘြန္ဒက္လီဂါ အေကာင္းဆံုး ခံစစ္အတြက္ ၆ ပြဲ မကစားႏုိင္ခဲ့ပါဘူး။ အေသးစား ဒဏ္ရာေၾကာင့္ ပြဲအခ်ိဳ႔ကို မကစားႏုိင္ျခင္းလို႔ သိရေပမယ့္ အျခားေသာ အေသးစိတ္ အေျခအေနကို သိရျခင္း မရွိဘူး။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာေတာ့ ညာဘက္ေျခေထာက္မွာ ရခဲ့တဲ့ ၾကြက္သားဒဏ္ရာေၾကာင့္ ေအာက္တိုဘာလတည္းက အနားယူခဲ့ရျပီး ဇြန္လ အလယ္မွ ျပန္သက္သာလာခဲ့တယ္။ ဒီရာသီမွာလည္း ခရစၥမတ္မတိုင္ခင္မွာ ေျခက်င္းဝတ္ဒဏ္ရာ ရခဲ့ေသးတာေၾကာင့္ ႏွစ္လ ထပ္နားခ့ဲရပါတယ္။

အသက္ ၂၁ ႏွစ္ပဲရွိေသးတဲ့ ခံစစ္မွဴးကို ဒီေႏြမွာ ေခၚယူမယ္ဆိုရင္ ေပါင္ ၃၄ သန္းတင္ ေပးရမွာျဖစ္ေသာ္လည္း ကုန္ခဲ့တဲ့ ေဘာလံုးရာသီ ၃ ခုအတြင္း သူရထားတဲ့ ဒဏ္ရာေတြအေပၚ လီဗာပူးဘက္က သိလိုစိတ္ေတြ ရွိေနတာျဖစ္တယ္။

အခုလို ေဆးစစ္မယ္ဆိုတဲ့ သတင္းေတြက သူ႔ရဲ႕ ဒဏ္ရာနဲ႔ ပက္သက္ျပီး လီဗာပူးဘက္က ေႏြေစ်းကြက္အၾကိဳ စစ္ေဆးလိုျခင္းလို႔ ယူဆရပါတယ္။ အေျပာင္းအေရႊ႔ကေတာ့ ျပီးျပတ္ျခင္း မရွိေသးကာ ကစားသမားက အျခားေသာ ကလပ္ေတြျဖင့္ ညိႏိႈင္းခြင့္ ရွိေနဆဲျဖစ္ပါတယ္။