စပိန်သတင်းဌာနတွေနဲ့ အင်တာဗျူးတိုင်း လာလီဂါကို ပြောင်းကစားဖို့ ဆန္ဒရှိတဲ့အကြောင်း အမြဲပြောလေ့ရှိတဲ့ ဆာလာနဲ့ ပက်သက်ပြီး ဒီတစ်ကြိမ်တော့ လီဗာပူးသတင်းထောက်က ရှင်းရှင်းလင်းလင်း ထုတ်ပြောလာပါပြီ။

ဒီဇင်ဘာတုန်းက စပိန် AS နှင့်လုပ်တဲ့ အင်တာဗျူးမှာ လာလီဂါအကြောင်း ထည့်ပြောခဲ့တဲ့ ဆာလာဟာ ဒီရက်ပိုင်းအတွင်း ပြုလုပ်တဲ့ စပိန်သတင်းဌာန Marca နှင့် အင်တာဗျူးမှာလည်း စပိန်ကို ပြောင်းကစားဖို့ကို ထည့်ပြောလာတာပါ။ လီဗာပူးသတင်းထောက် Dominic King က အခုကိစ္စနဲ့ ပက်သက်ပြီး ရှင်းလင်းတဲ့ အဖြေကို ထုတ်ပေးလာခဲ့တယ်။

ဆာလာဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ကာ သူ့အနေနဲ့ မကြာခင်မှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ထံ ပြောင်းကစားလိုပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ အစီအစဉ်က အောင်မြင်ဦးမှာ မဟုတ်ပါဘူး။ စပိန်ကလပ် နှစ်သင်းလုံးဟာ ဒီနွေမှာ ဆာလာကို ခေါ်ယူဖို့ ငွေကြေးတွေ မရှိကြပါဘူး။

၂၀၁၇ တုန်းက လီဗာပူးအသင်းဟာ ဆာလာကို ပေါင် ၃၆.၉ သန်းဖြင့် ခေါ်ယူခဲ့ပြီး အီဂျစ်သားကလည်း ကလပ်ရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အထက်မြက်ဆုံး တိုက်စစ်သမားဖြစ်လာခဲ့တယ်။ ဆာလာဟာ အန်ဖီးရဲ့ ဘုရင်တွေဖြစ်တဲ့ ဆွာရက်စ်၊ ဖော်လာ၊ အိုဝင်၊ တောရက်စ်တို့ရဲ့ သွင်း၈ိုးတွေကို ကျော်လွန်ခဲ့ပြီဖြစ်တယ်။

လီဗာပူးကနေ မထွက်ဘူးဆိုရင် ဆာလာဟာ စာချုပ်သစ်ရလိုမှာဖြစ်ပြီး သူ့ရဲ့ လက်ရှိ စာချုပ်က ၂၀၂၃ ခုနှစ်ထိ ရှိနေပါတယ်။ စာချုပ် နှစ်နှစ်ပဲ ကျန်ပေမယ့် လီဗာပူးဘက်က ညိနှိုင်းမှုတွေ စတင်ဖို့ မလောသေးပါဘူး။ ဒီလို ကပ်ဘေးကာလမှာ ကိစ္စတွေကို အလောတကြီးလုပ်ဖို့ လီဗာပူးဘက်က ရှောင်လိုတယ်။

ဆာလာဟာ သူ့ရဲ့ ဆန္ဒကို စပိန်မီဒီယာထံ ဖြေဆိုပေးခဲ့တယ်ဆိုပေမယ့် လက်တွေ့မှာတော့ တန်ကြေး ပေါင်း သန်းရာဂဏန်းရှိမယ့် စာချုပ်ကိစ္စတွေ အကောင်အထည်ပေါ်ဖို့ အလားအလာ အင်မတန်ကို နည်းပါးနေတာဖြစ်ပါတယ်။

ZAWGYI

စပိန္သတင္းဌာနေတြနဲ႔ အင္တာဗ်ဴးတိုင္း လာလီဂါကို ေျပာင္းကစားဖို႔ ဆႏၵရွိတဲ့အေၾကာင္း အျမဲေျပာေလ့ရွိတဲ့ ဆာလာနဲ႔ ပက္သက္ျပီး ဒီတစ္ၾကိမ္ေတာ့ လီဗာပူးသတင္းေထာက္က ရွင္းရွင္းလင္းလင္း ထုတ္ေျပာလာပါျပီ။

ဒီဇင္ဘာတုန္းက စပိန္ AS ႏွင့္လုပ္တဲ့ အင္တာဗ်ဴးမွာ လာလီဂါအေၾကာင္း ထည့္ေျပာခဲ့တဲ့ ဆာလာဟာ ဒီရက္ပိုင္းအတြင္း ျပဳလုပ္တဲ့ စပိန္သတင္းဌာန Marca ႏွင့္ အင္တာဗ်ဴးမွာလည္း စပိန္ကို ေျပာင္းကစားဖို႔ကို ထည့္ေျပာလာတာပါ။ လီဗာပူးသတင္းေထာက္ Dominic King က အခုကိစၥနဲ႔ ပက္သက္ျပီး ရွင္းလင္းတဲ့ အေျဖကို ထုတ္ေပးလာခဲ့တယ္။

ဆာလာဟာ အသက္ ၂၈ ႏွစ္ရွိျပီျဖစ္ကာ သူ႔အေနနဲ႔ မၾကာခင္မွာ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔ထံ ေျပာင္းကစားလိုပါလိမ့္မယ္။ ဒါေပမယ့္ သူ႔ရဲ႕ အစီအစဥ္က ေအာင္ျမင္ဦးမွာ မဟုတ္ပါဘူး။ စပိန္ကလပ္ ႏွစ္သင္းလံုးဟာ ဒီေႏြမွာ ဆာလာကို ေခၚယူဖို႔ ေငြေၾကးေတြ မရွိၾကပါဘူး။

၂၀၁၇ တုန္းက လီဗာပူးအသင္းဟာ ဆာလာကို ေပါင္ ၃၆.၉ သန္းျဖင့္ ေခၚယူခဲ့ျပီး အီဂ်စ္သားကလည္း ကလပ္ရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ အထက္ျမက္ဆံုး တိုက္စစ္သမားျဖစ္လာခဲ့တယ္။ ဆာလာဟာ အန္ဖီးရဲ႕ ဘုရင္ေတြျဖစ္တဲ့ ဆြာရက္စ္၊ ေဖာ္လာ၊ အိုဝင္၊ ေတာရက္စ္တို႔ရဲ႕ သြင္း၈ိုးေတြကို ေက်ာ္လြန္ခဲ့ျပီျဖစ္တယ္။

လီဗာပူးကေန မထြက္ဘူးဆိုရင္ ဆာလာဟာ စာခ်ဳပ္သစ္ရလိုမွာျဖစ္ျပီး သူ႔ရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၃ ခုႏွစ္ထိ ရွိေနပါတယ္။ စာခ်ဳပ္ ႏွစ္ႏွစ္ပဲ က်န္ေပမယ့္ လီဗာပူးဘက္က ညိႏိႈင္းမႈေတြ စတင္ဖို႔ မေလာေသးပါဘူး။ ဒီလို ကပ္ေဘးကာလမွာ ကိစၥေတြကို အေလာတၾကီးလုပ္ဖို႔ လီဗာပူးဘက္က ေရွာင္လိုတယ္။

ဆာလာဟာ သူ႔ရဲ႕ ဆႏၵကို စပိန္မီဒီယာထံ ေျဖဆိုေပးခဲ့တယ္ဆိုေပမယ့္ လက္ေတြ႔မွာေတာ့ တန္ေၾကး ေပါင္း သန္းရာဂဏန္းရွိမယ့္ စာခ်ဳပ္ကိစၥေတြ အေကာင္အထည္ေပၚဖို႔ အလားအလာ အင္မတန္ကို နည္းပါးေနတာျဖစ္ပါတယ္။