လီဗာပူးပရိသတ်တွေက အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ပိုလန်သား မြူဇီယာလိုစကီးကို သိပ်တော့ မသိကြပါဘူး။ လီဗာပူးပရိသတ်တွေ သူ့ကို စကြားဖူးကြာတာက ၂၀၂၀ လောက်တည်းက ဖြစ်ပါတယ်။

လူငယ်တန်းမှာ သွင်းဂိုး ၁၃၀ သွင်းထားတဲ့ အံ့ဖွယ်လူငယ်လေးကို လီဗာပူးက ခေါ်ယူလိုက်နိုင်ပြီဆိုတာက မြူဇီယာလိုစကီးနဲ့ ပက်သက်ပြီး အနီရောင်ပရိသတ်တွေ ပထမဆုံး ကြားသိဖူးတဲ့ သတင်းစကားဖြစ်ပါတယ်။

သို့ပေမယ့် ထိုစဉ်က ၁၆ နှစ်အရွယ်ပဲ ရှိဦးမယ့် ကောင်းလေးတစ်ယောက်အပေါ် မျှော်လင့်ချက်တွေ အများကြီး မရှိခဲ့ကြပါဘူး။ ၁၇ နှစ်ပြည့်ရင် လီဗာပူးအသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုမယ်၊ လူငယ်လေးဟာ တောင်ပံတိုက်စစ်နဲ့ တိုက်စစ်မှူးနေရာတွေအပြင် တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်စွမ်း ရှိတယ်။ ဒါကပဲ သူနဲ့သိတဲ့ သတင်းအကုန်ဖြစ်ခဲ့တယ်။

လီဗာပူးပရိသတ်တွေ သူ့ကို စတင် သတိထားမိတာက မတ်လ ၁၇ ရက်နေ့မှာ နယူးကာဆယ်ဖြင့် ယှဉ်ပြိုင်ရတဲ့ လီဗာပူး ယူ-၁၈ ပွဲစဉ်ကြောင့်ဖြစ်ပါတယ်။ အဆိုပါပွဲမှာ မြူဇီယာလိုစကီးရဲ့ ပါးစပ် အဟောင်းသားဖြစ်လောက်တဲ့ တစ်ကိုယ်တော်သွင်းဂိုးကို အသင်း လူမှုကွန်ယက်တွေက ဖော်ပြခဲ့ရာက ဒီကောင်လေးက ဘယ်သူလဲဆိုတဲ့ မေးခွန်း ကျယ်ပြန့်လာခဲ့တာပါ။

ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာခဲ့တာက မတ်လ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် အသင်းရဲ့ လေ့ကျင့်ရေးမှာ ကလော့ပ် ခေါ်ယူတဲ့ လူငယ်တွေထဲ မြူဇီယာလိုစကီး ပါလာခဲ့တာပါပဲ။ ပိုလန်မှာတော့ မြူဇီယာလိုစကီးက နာမည်ရှိတဲ့ လူငယ်တစ်ဦး ဖြစ်လာနေပါပြီ။ ဗြိတိန်မှာ အခြေစိုက်ပြီး ပိုလန် ဘောလုံးအဖွဲ့ချုပ်အတွက် ကင်းထောက်ပေးနေရတဲ့ Przemek Soczynski က ဒီကောင်လေးက ဘယ်လိုလူလဲဆိုတာကို လူသိထင်ရှားပါ ဖွင့်ပြောပေးလာရတယ်။

သူက နာမည်ကျော် ဗြိတိန်အားကစားမီဒီယာဖြစ်တဲ့ The Athletic ကို ” ကွင်းထဲမှာ လူ နှစ်ဦး သုံးဦးလောက်ထိကို ကျော်ဖြတ်သွားနိုင်တဲ့ အကြောက်တရားကင်းတဲ့ သူ့လို ကစားသမားမျိုး ကျနေ်ာတိုပမှာ သိပ်မရှိပါဘူး။ သူက ပုံမှန် ပိုလန်ကစားသမားတွေလိုမျိုး မဟုတ်ပါဘူး။ သူက အံ့အားသင့်စရာ အရည်အချင်းတွေ ပိုင်ဆိုင်ထားပါတယ် ” ဆိုပြီး ရှင်းပြပေးခဲ့ရပါသေးတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြက အသက္ ၁၇ ႏွစ္ပဲရွိေသးတဲ့ ပိုလန္သား ျမဴဇီယာလိုစကီးကို သိပ္ေတာ့ မသိၾကပါဘူး။ လီဗာပူးပရိသတ္ေတြ သူ႔ကို စၾကားဖူးၾကာတာက ၂၀၂၀ ေလာက္တည္းက ျဖစ္ပါတယ္။

လူငယ္တန္းမွာ သြင္းဂိုး ၁၃၀ သြင္းထားတဲ့ အံ့ဖြယ္လူငယ္ေလးကို လီဗာပူးက ေခၚယူလိုက္ႏုိင္ျပီဆိုတာက ျမဴဇီယာလိုစကီးနဲ႔ ပက္သက္ျပီး အနီေရာင္ပရိသတ္ေတြ ပထမဆံုး ၾကားသိဖူးတဲ့ သတင္းစကားျဖစ္ပါတယ္။

သို႔ေပမယ့္ ထိုစဥ္က ၁၆ ႏွစ္အရြယ္ပဲ ရွိဦးမယ့္ ေကာင္းေလးတစ္ေယာက္အေပၚ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားၾကီး မရွိခဲ့ၾကပါဘူး။ ၁၇ ႏွစ္ျပည့္ရင္ လီဗာပူးအသင္းနဲ႔ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆိုမယ္၊ လူငယ္ေလးဟာ ေတာင္ပံတိုက္စစ္နဲ႔ တိုက္စစ္မွဴးေနရာေတြအျပင္ တိုက္စစ္ပိုင္း ေနရာစံုမွာ ကစားႏုိင္စြမ္း ရွိတယ္။ ဒါကပဲ သူနဲ႔သိတဲ့ သတင္းအကုန္ျဖစ္ခ့ဲတယ္။

လီဗာပူးပရိသတ္ေတြ သူ႔ကို စတင္ သတိထားမိတာက မတ္လ ၁၇ ရက္ေန႔မွာ နယူးကာဆယ္ျဖင့္ ယွဥ္ျပိဳင္ရတဲ့ လီဗာပူး ယူ-၁၈ ပြဲစဥ္ေၾကာင့္ျဖစ္ပါတယ္။ အဆိုပါပြဲမွာ ျမဴဇီယာလိုစကီးရဲ႕ ပါးစပ္ အေဟာင္းသားျဖစ္ေလာက္တဲ့ တစ္ကိုယ္ေတာ္သြင္းဂိုးကို အသင္း လူမႈကြန္ယက္ေတြက ေဖာ္ျပခဲ့ရာက ဒီေကာင္ေလးက ဘယ္သူလဲဆိုတဲ့ ေမးခြန္း က်ယ္ျပန္႔လာခဲ့တာပါ။

ပိုျပီး စိတ္ဝင္စားစရာ ျဖစ္လာခဲ့တာက မတ္လ ႏုိင္ငံတကာသီတင္းပတ္ မတိုင္ခင္ အသင္းရဲ႕ ေလ့က်င့္ေရးမွာ ကေလာ့ပ္ ေခၚယူတဲ့ လူငယ္ေတြထဲ ျမဴဇီယာလိုစကီး ပါလာခဲ့တာပါပဲ။ ပိုလန္မွာေတာ့ ျမဴဇီယာလိုစကီးက နာမည္ရွိတဲ့ လူငယ္တစ္ဦး ျဖစ္လာေနပါျပီ။ ျဗိတိန္မွာ အေျခစိုက္ျပီး ပိုလန္ ေဘာလံုးအဖြဲ႔ခ်ဳပ္အတြက္ ကင္းေထာက္ေပးေနရတဲ့ Przemek Soczynski က ဒီေကာင္ေလးက ဘယ္လိုလူလဲဆိုတာကို လူသိထင္ရွားပါ ဖြင့္ေျပာေပးလာရတယ္။

သူက နာမည္ေက်ာ္ ျဗိတိန္အားကစားမီဒီယာျဖစ္တဲ့ The Athletic ကို ” ကြင္းထဲမွာ လူ ႏွစ္ဦး သံုးဦးေလာက္ထိကို ေက်ာ္ျဖတ္သြားႏုိင္တဲ့ အေၾကာက္တရားကင္းတဲ့ သူ႔လို ကစားသမားမ်ိဳး က်ေန္ာတိုပမွာ သိပ္မရွိပါဘူး။ သူက ပံုမွန္ ပိုလန္ကစားသမားေတြလိုမ်ိဳး မဟုတ္ပါဘူး။ သူက အံ့အားသင့္စရာ အရည္အခ်င္းေတြ ပိုင္ဆုိင္ထားပါတယ္ ” ဆိုျပီး ရွင္းျပေပးခဲ့ရပါေသးတယ္။