လာမယ့် နွေမှာတော့ လီဗာပူးအသင်းဟာ မပြီးပြတ်သေးတဲ့ လူစာရင်းကိစ္စတွေကို ခပ်သွက်သွက် လုပ်ဆောင်သွားမှာဖြစ်ပြီး အရန်စုဖွဲ့မှုတွေကို ပြင်ဆင်ဖို့လည်း ဦးစားပေးမယ်လို့ The Athletic က ဖော်ပြပါတယ်။

ဝိုက်နယ်ဒမ် ထွက်ခွာသွားဖို့ ၉၀% သေချာနေပြီဖြစ်ကာ သူ့နေရာအတွက် ကားတစ်ဂျုံးဟာ ကိတ်တာ၊ ချိန်ဘာလိန်တို့နဲ့အပြိုင် ကြိုးစားရတော့မယ်လို့ သိရတယ်။ ဂျုံးဟာ ဒီရာသီမှာလည်း ပွဲကစားခွင့်တွေ ရနေပေမယ့် ရာသီကြိုမှာ သူ့ရဲ့ ပူးပေါင်းနိုင်စွမ်းတွေက ပွဲကစားခွင့်တွေ ပိုရလာဖို့ ရလဒ်ဖြစ်လာစေပါမယ်။

တိုက်စစ်အတွက် ဂျိုတာက ရွေးချယ်စရာတစ်ခု ဖြစ်လာနေပေမယ့် ရာသီကြိုမှာ မန်နေဂျာကလော့ပ် နောက်ထပ် အခွင့်အရေးပေးမှာက ဟာဗေး အီးလီးယော့ဖြစ်တယ်လို့ သိရတယ်။ ဘလက်ဘန်းမှာ ဘာတွေကို သင်ယူခဲ့တယ်ဆိုတာကို အီးလီးယော့ ပြသခွင့်ရမှာဖြစ်ပြီး ဆောက်သမ်တန်ကို အငှားချထားတဲ့ မီနာမီနိုကလည်း နောက်ထပ် အခွင့်အရေးတစ်ကြိမ် ပြန်မှာဖြစ်တယ်။

လီဗာပူးဘက်က လူငယ်ခံစစ်မှူး ဝီလီယမ်ကို နယ်သာလန်လူငယ် ဆပ် ဗန်ဒန်ဘတ် နည်းတူ အငှားချဖို့ အစီအစဉ်ရှိထားတယ်။ ဇန်နဝါရီမှာ အသင်းကို ပေါင်း ၅ သိန်းဖြင့် ရောက်လာတဲ့ ဘမ်ဒေးဗစ်ကတော့ လက်ကျန် ရာသီဝက်မှာ အသင်းရဲ့ နည်းစနစ်တွေကို အချိန်ယူ လေ့ကျင့်ရမှာဖြစ်ပြီး လာမယ့်ရာသီမှာ အခွင့်အရေးရမှာဖြစ်ပါတယ်။

ဂျိမ်းမီလ်နာရဲ့ ပွဲကစားခွင့်တွေ ပိုမို အကန့်အသတ်ရှိလာမှာဖြစ်ကာ ကလပ်က ဂရုဂျစ်၊ ဝဲလ်ဆန်၊ ဝုဒ်ဘမ်း၊ အိုဂျို၊ ရှာကွီရီ၊ အိုရီဂီတို့ကို အရောင်းစာရင်းတင်သွားမှာဖြစ်တယ်။ အိုရီဂီအစား အခြားသော တိုက်စစ်သမားတစ်ဦးကို ခေါ်ယူအားဖြည့်ခြင်းဖြင့် အရန်ခုံတန်းမှာ ပိုမိုထိရောက်တဲ့ အဆင့်မြင့်တင်မှုကို လုပ်ဖို့က ကလပ်ရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ သိရပါတယ်။

ZAWGYI

လာမယ့္ ေႏြမွာေတာ့ လီဗာပူးအသင္းဟာ မျပီးျပတ္ေသးတဲ့ လူစာရင္းကိစၥေတြကို ခပ္သြက္သြက္ လုပ္ေဆာင္သြားမွာျဖစ္ျပီး အရန္စုဖြဲ႔မႈေတြကို ျပင္ဆင္ဖို႔လည္း ဦးစားေပးမယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ဝိုက္နယ္ဒမ္ ထြက္ခြာသြားဖို႔ ၉၀% ေသခ်ာေနျပီျဖစ္ကာ သူ႔ေနရာအတြက္ ကားတစ္ဂ်ံဳးဟာ ကိတ္တာ၊ ခ်ိန္ဘာလိန္တို႔နဲ႔အျပိဳင္ ၾကိဳးစားရေတာ့မယ္လို႔ သိရတယ္။ ဂ်ံဳးဟာ ဒီရာသီမွာလည္း ပြဲကစားခြင့္ေတြ ရေနေပမယ့္ ရာသီၾကိဳမွာ သူ႔ရဲ႕ ပူးေပါင္းႏုိင္စြမ္းေတြက ပြဲကစားခြင့္ေတြ ပိုရလာဖို႔ ရလဒ္ျဖစ္လာေစပါမယ္။

တိုက္စစ္အတြက္ ဂ်ိဳတာက ေရြးခ်ယ္စရာတစ္ခု ျဖစ္လာေနေပမယ့္ ရာသီၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္ ေနာက္ထပ္ အခြင့္အေရးေပးမွာက ဟာေဗး အီးလီးေယာ့ျဖစ္တယ္လို႔ သိရတယ္။ ဘလက္ဘန္းမွာ ဘာေတြကို သင္ယူခဲ့တယ္ဆိုတာကို အီးလီးေယာ့ ျပသခြင့္ရမွာျဖစ္ျပီး သူနဲ႔အတူ ေဆာက္သမ္တန္ကို အငွားခ်ထားတဲ့ မီနာမီႏိုကလည္း ေနာက္ထပ္ အခြင့္အေရးတစ္ၾကိမ္ ျပန္မွာျဖစ္တယ္။

လီဗာပူးဘက္က လူငယ္ခံစစ္မွဴး ဝီလီယမ္ကို နယ္သာလန္လူငယ္ ဆပ္ ဗန္ဒန္ဘတ္ နည္းတူ အငွားခ်ဖို႔ အစီအစဥ္ရွိထားတယ္။ ဇန္နဝါရီမွာ အသင္းကို ေပါင္း ၅ သိန္းျဖင့္ ေရာက္လာတဲ့ ဘမ္ေဒးဗစ္ကေတာ့ လက္က်န္ ရာသီဝက္မွာ အသင္းရဲ႕ နည္းစနစ္ေတြကို အခ်ိန္ယူ ေလ့က်င့္ရမွာျဖစ္ျပီး လာမယ့္ရာသီမွာ အခြင့္အေရးရမွာျဖစ္ပါတယ္။

ဂ်ိမ္းမီလ္နာရဲ႕ ပြဲကစားခြင့္ေတြ ပိုမို အကန္႔အသတ္ရွိလာမွာျဖစ္ကာ ကလပ္က ဂရုဂ်စ္၊ ဝဲလ္ဆန္၊ ဝုဒ္ဘမ္း၊ အိုဂ်ိဳ၊ ရွာကီြရီ၊ အိုရီဂီတို႔ကို အေရာင္းစာရင္းတင္သြားမွာျဖစ္တယ္။ အိုရီဂီအစား အျခားေသာ တိုက္စစ္သမားတစ္ဦးကို ေခၚယူအားျဖည့္ျခင္းျဖင့္ အရန္ခံုတန္းမွာ ပိုမိုထိေရာက္တဲ့ အဆင့္ျမင့္တင္မႈကို လုပ္ဖို႔က ကလပ္ရဲ႕ ရည္မွန္းခ်က္ျဖစ္တယ္လို႔ သိရပါတယ္။