လီဗာပူး ဘောလုံးအသင်းနဲ့ ဘော်စတွန် ရတ်ဆော့ ဘေ့စ်ဘောအသင်းတို့ရဲ့ ပိုင်ရှင်ဖြစ်တဲ့ FSG ဟာ RedBird Capital Partners အဖွဲ့ရဲ့ ရင်းနှီးမြုပ်နှံမှုကို လက်ခံလိုက်ပြီဖြစ်ပါတယ်။

FSG ရဲ့ တန်ဖိုးကို ပေါင် ၅.၃၂ ဘီယျံအဖြစ် တွက်ချက်ကာ ရှယ်ယာစုစုပေါင်းရဲ့ ၁၀% ပမာဏဖြစ်မယ့် ပေါင် ၅၃၃ သန်းကို ရင်းနှီးမြုပ်နှံမှု ဝင်ခဲ့တာဖြစ်တယ်။ အဆိုပါ သဘောတူညီမှုနဲ့အတူ FSG ရဲ့ အုပ်ချုပ်မှုတွေထဲကို RedBird ဘက်ကလည်း ဝင်ရောက်လာပါမယ်။

အခြားသော ကိစ္စတွေကို ချန်လှပ်ပြီး ဒီရင်းနှီးမြုပ်နှံမှုကနေ လီဗာပူးအသင်း ဘယ်လို အကျိုးအမြတ်ရမယ်ဆိုတာကို တိုက်ရိုက် ဖော်ပြရမယ်ဆိုရင်…

ဒီရင်းနှီးမြုပ်နှံမှုဟာ ကပ်ဘေးကာလမှာ ဘဏ္ဍာရေးထိခိုက်နေတဲ့ လီဗာပူးအသင်းကို အသက်ရှုချောင်စေမယ့် ကိစ္စကြီးဖြစ်တယ်။ အန်ဖီးအကြီးတန်း ဝန်ထမ်းတွေရဲ့ ထုတ်ပြောမှုအရ ကလပ်ဟာ ကပ်ဘေးကြားမှာ ကွင်းဝင်ကြေးကနေ ပေါင် သန်း ၁၂၀ ထိ ဆုံးရံှူးထားကာ အခြားသော ထိပ်သီးအသင်းတွေလိုပဲ ကျားကန်မှုတွေကို လုပ်နေရတာဖြစ်တယ်။

FSG ဘက်က လီဗာပူးရဲ့ ဆုံးရံှူးမှုတွေကို ဖာထေးဖို့ရာ Red Bird ရဲ့ ရင်းနှီးမြုပ်နှံမှုတွေဖြင့် ကုစားပေးသွားမှာဖြစ်တယ်။ ကုန်ခဲ့တဲ့ ၁၂ လအတွင်း လီဗာပူးရဲ့ ခက်ခဲမှုတွေကို လျော့ချပေးနိုင်မှာဖြစ်သလို ဈေးကွက်ထဲကိုလည်း သေချာပြန်ပြီး လှုပ်ရှားနိုင်ဖို့ အကူအညီဖြစ်စေမှာဖြစ်တယ်။

ဆိုလိုတာက ပြီးခဲ့တဲ့ နွေလို ခံစစ်မှူးလိုအပ်ပေမယ့် ကပ်ဘေးကြောင့် ချွေတာခဲ့တဲ့ ပုံစံမျိုး ထပ်ဖြစ်လာမှာ မဟုတ်ပါဘူး။ ယခင်နှစ်တွေက လီဗာပူးအသင်းရဲ့ လူသစ်ခေါ်ယူရေး အဖွဲ့က ပြုလုပ်ထားတဲ့ ချဉ်းကပ်မှုနဲ့ နည်းဗျူဟာတွေကို ပုံမှန် ပြန်သုံးနိုင်မယ့် အနေအထားလို့ အကြမ်းဖျင်းသိရတယ်။

အန်ဖီးကွင်းကို ပရိသတ် ၆၁၀၀၀ ဝင်ဆံ့စေမယ့် ပေါင်သန်း ၆၀ တန် ပလန်ဟာ စာရွက်စာတမ်းအဆင့်မှာတင် ရပ်တန့်နေမှာ မဟုတ်ကာ လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်လာအောင် သက်ရောက်မှုရှိလာမယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူး ေဘာလံုးအသင္းနဲ႔ ေဘာ္စတြန္ ရတ္ေဆာ့ ေဘ့စ္ေဘာအသင္းတို႔ရဲ႕ ပိုင္ရွင္ျဖစ္တဲ့ FSG ဟာ RedBird Capital Partners အဖြဲ႔ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈကို လက္ခံလိုက္ျပီျဖစ္ပါတယ္။

FSG ရဲ႕ တန္ဖိုးကို ေပါင္ ၅.၃၂ ဘီယ်ံအျဖစ္ တြက္ခ်က္ကာ ရွယ္ယာစုစုေပါင္းရဲ႕ ၁၀% ပမာဏျဖစ္မယ့္ ေပါင္ ၅၃၃ သန္းကို ရင္းႏွီးျမဳပ္ႏွံမႈ ဝင္ခဲ့တာျဖစ္တယ္။ အဆိုပါ သေဘာတူညီမႈနဲ႔အတူ FSG ရဲ႕ အုပ္ခ်ဳပ္မႈေတြထဲကို RedBird ဘက္ကလည္း ဝင္ေရာက္လာပါမယ္။

အျခားေသာ ကိစၥေတြကို ခ်န္လွပ္ျပီး ဒီရင္းႏွီးျမဳပ္ႏွံမႈကေန လီဗာပူးအသင္း ဘယ္လို အက်ိဳးအျမတ္ရမယ္ဆိုတာကို တိုက္ရိုက္ ေဖာ္ျပရမယ္ဆိုရင္…

ဒီရင္းႏွီးျမဳပ္ႏွံမႈဟာ ကပ္ေဘးကာလမွာ ဘ႑ာေရးထိခိုက္ေနတဲ့ လီဗာပူးအသင္းကို အသက္ရႈေခ်ာင္ေစမယ့္ ကိစၥၾကီးျဖစ္တယ္။ အန္ဖီးအၾကီးတန္း ဝန္ထမ္းေတြရဲ႕ ထုတ္ေျပာမႈအရ ကလပ္ဟာ ကပ္ေဘးၾကားမွာ ကြင္းဝင္ေၾကးကေန ေပါင္ သန္း ၁၂၀ ထိ ဆံုးရံွဴးထားကာ အျခားေသာ ထိပ္သီးအသင္းေတြလိုပဲ က်ားကန္မႈေတြကို လုပ္ေနရတာျဖစ္တယ္။

FSG ဘက္က လီဗာပူးရဲ႕ ဆံုးရံွဴးမႈေတြကို ဖာေထးဖို႔ရာ Red Bird ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈေတြျဖင့္ ကုစားေပးသြားမွာျဖစ္တယ္။ ကုန္ခဲ့တဲ့ ၁၂ လအတြင္း လီဗာပူးရဲ႕ ခက္ခဲမႈေတြကို ေလ်ာ့ခ်ေပးႏုိင္မွာျဖစ္သလို ေစ်းကြက္ထဲကိုလည္း ေသခ်ာျပန္ျပီး လႈပ္ရွားႏုိင္ဖို႔ အကူအညီျဖစ္ေစမွာျဖစ္တယ္။

ဆိုလိုတာက ျပီးခဲ့တဲ့ ေႏြလို ခံစစ္မွဴးလိုအပ္ေပမယ့္ ကပ္ေဘးေၾကာင့္ ေခၽြတာခဲ့တဲ့ ပံုစံမ်ိဳး ထပ္ျဖစ္လာမွာ မဟုတ္ပါဘူး။ ယခင္ႏွစ္ေတြက လီဗာပူးအသင္းရဲ႕ လူသစ္ေခၚယူေရး အဖြဲ႔က ျပဳလုပ္ထားတဲ့ ခ်ဥ္းကပ္မႈနဲ႔ နည္းဗ်ဴဟာေတြကို ပံုမွန္ ျပန္သံုးႏုိင္မယ့္ အေနအထားလို႔ အၾကမ္းဖ်င္းသိရတယ္။

အန္ဖီးကြင္းကို ပရိသတ္ ၆၁၀၀၀ ဝင္ဆံ့ေစမယ့္ ေပါင္သန္း ၆၀ တန္ ပလန္ဟာ စာရြက္စာတမ္းအဆင့္မွာတင္ ရပ္တန္႔ေနမွာ မဟုတ္ကာ လက္ေတြ႔လုပ္ေဆာင္ဖို႔ ျဖစ္လာေအာင္ သက္ေရာက္မႈရွိလာမယ္လို႔ သိရပါတယ္။