ကစားသမားဘဝကနေ အနားယူပြီး ၅ နှစ်အကြာမှာတော့ ဒန်နီရယ် အဂ္ဂါဟာ သူ့ရဲ့ဇာတိ ဒိန်းမတ်မှာ နည်းပြချုပ်အဖြစ် တာဝန်ယူကာ အုပ်ချုပ်မှုလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ၈ နှစ်ကြာ ကစားခဲ့တဲ့ အဂ္ဂါဟာ ဒဏ်ရာပြဿနာတွေနဲ့အတူ အသင်းကနေ ထွက်ခွာခဲ့ရသူပါ။ သူဟာ လီဗာပူးအတွက် ၂၃၂ ပွဲထိ ကစားပေးထားသူဖြစ်ပြီး ၂၀၁၄ မှာ အကယ်ဒမီကလပ် ဘရွန်ဘီကို ပြန်သွားခဲ့တယ်။ ၂ နှစ်အကြာ ၂၀၁၆ ခုနှစ်မှာ ဘောလုံးကစားခြင်းက အနားယူခဲ့ပြီး ထိုစဉ်က အသက် ၃၁ နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဂ္ဂါဟာ လီဗာပူးအသင်းရဲ့ ဂန္တဝင်ပွဲ အချို့မှာ လာကစားပေးနေဆဲဖြစ်တယ်။ သူဟာ ယူအီးအက်ဖ်အေ အေ လိုင်စင်ကို ကိုင်ဆောင်ထားသူဖြစ်ကာ ဒိန်းမတ် လိဂ်ဝမ်းကလပ် HB Koge ကို နည်းပြချုပ်အဖြစ် တာဝန်ယူသွားပါမယ်။

“ ဘောလုံးလောကထဲ တစ်ကျော့ပြန်ဝင်လာပြီး ကိုယ်ရဲ့ အရွယ်ရောက်လာမှုကို စမ်းသပ်ခံဖို့ဆိုတဲ့ အိုင်ဒီယာက ကျနော်မှာ ရှိခဲ့ပါတယ်။ နည်းပြလောကထဲ စတင်မှုလုပ်ဖို့ HB Koge က ကျနော်နဲ့ ကိုက်ညီလှတဲ့ နေရာဖြစ်ပါတယ် ” လို့ အဂ္ဂါက ပြောပါတယ်။

HB Koge ဘက်က အဂ္ဂါနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပြီး ၂၀၂၄ ခုနှစ်ထိ စာချုပ် သက်တမ်းရှိမှာဖြစ်တယ်။ အဂ္ဂါဟာ နည်းပြမှုမှာ အတွေ့အကြုံနည်းပေမယ့်လည်း လက်ရှိ လိဂ်ဝမ်းကလပ်ကို ဒန်းနစ် စူပါလိဂ်ကို တန်းတက်နိုင်အောင် ကူညီပေးနိုင်မယ်လို့ HB Koge ဘက်က ယုံကြည်ထားပါတယ်။

အဂ္ဂါဟာ လီဗာပူးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ စတီဗင်ဂျရတ်၊ အလွန်ဆို၊ ဒါ့ကော့၊ ဟစ်ပီယာ၊ ကီးဝဲလ်၊ ရစ်ဆေး၊ ဘယ်လာမီ၊ ဘိုလို ဇန်ဒန်၊ အယ်ဘီလိုအာတို့နောက်ပိုင်း နည်းပြလောကထဲ ဝင်ရောက်လာသူဖြစ်တယ်။ သူတို့ အားလုံးဟာ ၂၀၀၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လီဗာပူးအသင်းနဲ့အတူ တက်ရောက်ခဲ့ကြသူတွေဖြစ်ပါတယ်။

ZAWGYI

ကစားသမားဘဝကေန အနားယူျပီး ၅ ႏွစ္အၾကာမွာေတာ့ ဒန္နီရယ္ အဂၢါဟာ သူ႔ရဲ႕ဇာတိ ဒိန္းမတ္မွာ နည္းျပခ်ဳပ္အျဖစ္ တာဝန္ယူကာ အုပ္ခ်ဳပ္မႈေလာကထဲကို ဝင္ေရာက္လာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းမွာ ၈ ႏွစ္ၾကာ ကစားခဲ့တဲ့ အဂၢါဟာ ဒဏ္ရာျပႆနာေတြနဲ႔အတူ အသင္းကေန ထြက္ခြာခဲ့ရသူပါ။ သူဟာ လီဗာပူးအတြက္ ၂၃၂ ပြဲထိ ကစားေပးထားသူျဖစ္ျပီး ၂၀၁၄ မွာ အကယ္ဒမီကလပ္ ဘရြန္ဘီကို ျပန္သြားခဲ့တယ္။ ၂ ႏွစ္အၾကာ ၂၀၁၆ ခုႏွစ္မွာ ေဘာလံုးကစားျခင္းက အနားယူခဲ့ျပီး ထိုစဥ္က အသက္ ၃၁ ႏွစ္ပဲ ရွိေသးတာ ျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ အဂၢါဟာ လီဗာပူးအသင္းရဲ႕ ဂႏၱဝင္ပြဲ အခ်ိဳ႔မွာ လာကစားေပးေနဆဲျဖစ္တယ္။ သူဟာ ယူအီးအက္ဖ္ေအ ေအ လိုင္စင္ကို ကိုင္ေဆာင္ထားသူျဖစ္ကာ ဒိန္းမတ္ လိဂ္ဝမ္းကလပ္ HB Koge ကို နည္းျပခ်ဳပ္အျဖစ္ တာဝန္ယူသြားပါမယ္။

“ ေဘာလံုးေလာကထဲ တစ္ေက်ာ့ျပန္ဝင္လာျပီး ကိုယ္ရဲ႕ အရြယ္ေရာက္လာမႈကို စမ္းသပ္ခံဖို႔ဆိုတဲ့ အိုင္ဒီယာက က်ေနာ္မွာ ရွိခဲ့ပါတယ္။ နည္းျပေလာကထဲ စတင္မႈလုပ္ဖို႔ HB Koge က က်ေနာ္နဲ႔ ကိုက္ညီလွတဲ့ ေနရာျဖစ္ပါတယ္ ” လို႔ အဂၢါက ေျပာပါတယ္။

HB Koge ဘက္က အဂၢါနဲ႔ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားခဲ့ျပီး ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ သက္တမ္းရွိမွာျဖစ္တယ္။ အဂၢါဟာ နည္းျပမႈမွာ အေတြ႔အၾကံဳနည္းေပမယ့္လည္း လက္ရွိ လိဂ္ဝမ္းကလပ္ကို ဒန္းနစ္ စူပါလိဂ္ကို တန္းတက္ႏုိင္ေအာင္ ကူညီေပးႏုိင္မယ္လို႔ HB Koge ဘက္က ယံုၾကည္ထားပါတယ္။

အဂၢါဟာ လီဗာပူးအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ စတီဗင္ဂ်ရတ္၊ အလြန္ဆို၊ ဒါ့ေကာ့၊ ဟစ္ပီယာ၊ ကီးဝဲလ္၊ ရစ္ေဆး၊ ဘယ္လာမီ၊ ဘိုလို ဇန္ဒန္၊ အယ္ဘီလိုအာတို႔ေနာက္ပိုင္း နည္းျပေလာကထဲ ဝင္ေရာက္လာသူျဖစ္တယ္။ သူတို႔ အားလံုးဟာ ၂၀၀၇ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို လီဗာပူးအသင္းနဲ႔အတူ တက္ေရာက္ခဲ့ၾကသူေတြျဖစ္ပါတယ္။