လီဗာပူးအကယ်ဒမီ နည်းပြတွေက ကားတစ်ဂျုံးဟာ ကလပ်မှာ ပုံမှန်မြင်ရလေ့ရှိတဲ့ အကယ်ဒမီထွက်တွေလို ရိုးရိုးအေးအေး ကစားသမားမျိုး မဟုတ်ဘဲ စိတ်ဓါတ်ပြင်းပြပြီး ပေါက်ကွဲတတ်တဲ့ ကစားသမားမျိုးလို့ မှတ်ချက်ပေးထားခဲ့တယ်။

မနေ့က ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန် ယူ-၂၁ နဲ့ ခရိုအေးရှား ယူ-၂၁ အသင်းတို့ ပွဲမှာတော့ ဂျုံးက သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပြီး အင်္ဂလန်အသင်း ၂-၁ ဖြင့် အနိုင်ရမှုမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ရံှူးထွက်ကို ရောက်ဖို့ဆိုရင် အင်္ဂလန်က ၂ ဂိုးပြတ်ဖို့ လိုခဲ့တာကြောင့် နောက်တစ်ဆင့်ကိုတော့ မတက်နိုင်ဘဲ ပြိုင်ပွဲက ထွက်ခွာခဲ့ရတယ်။

ပွဲပြီးခါနီးမှာ ကားတစ်ဂျုံးက ၂ ဝါ ၁ နီဖြင့် ထုတ်ပယ်ခံခဲ့ရတယ်။ အနည်းငယ်အကြာ ပွဲပြီးခဲ့ပြီး ဂျုံးက ကွင်းထဲက ထွက်ခွာခါနီးမှာ ခရိုအေးရှား ဘယ်အစွန်လူက သူ့အသင်းဖော်တွေ ဝန်ထမ်းတွေဖြင့် ဝိုင်းဝန်းပြီး အော်ဟစ် အောင်ပွဲခံကြရာမှာတော့ ဘေးနားက ကားတစ်ဂျုံးက စိတ်မထိန်းနိုင်ဘဲ ခရိုအေးရှားအသင်းသားတွေကြား ဝင်ရောက်ပြီး ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။

နှစ်ဘက်အသင်းသားတွေ တွန်းလား ဆွဲလားဖြစ်ခဲ့တဲ့ အဆိုပါဖြစ်ရပ်မှာ စိတ်ဆက်တဲ့ ကားတစ်ဂျုံးနည်းတူ လီဗာပူးအသင်းဖော်ဟောင်း ဘရူးစတားလည်း ပါဝင်ခဲ့ကာ အသင်းဝန်ထမ်းတွေက မနည်းကို လိုက်ဆွဲခဲ့ကြရတာပါ။

ပွဲအပြီးမှာ ယူ-၂၁ အသင်းမန်နေဂျာက ” နည်းနည်းလေး ပွဲဆူခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုတွေကြောင့် မဟုတ်ဘဲ ဒါက စိတ်ဓါတ်ပြင်းပြမှုနဲ့အတူ ရလဒ်ကို စိတ်ပျက်နေချိန်မှာ အခြားအသင်းက အောင်ပွဲခံမှုတွေ လုပ်ခဲ့တာပါ။ ကျနော် ကောင်လေးတွေက တကယ်ကို စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခြေအနေက ခပ်မြန်မြန် ပြီးသွားခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။

ဂျုံးကလည်း ပွဲမှာ အကောင်းဆုံး ကစားခဲ့တယ်။ ဒါကြောင့်လည်း ဂျာစီတောင် လဲခံခဲ့ရတာပါ။ ကစားသမားအားလုံး စိတ်ပျက်ခဲ့ရပါတယ်။ ‘ လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအကယ္ဒမီ နည္းျပေတြက ကားတစ္ဂ်ံဳးဟာ ကလပ္မွာ ပံုမွန္ျမင္ရေလ့ရွိတဲ့ အကယ္ဒမီထြက္ေတြလို ရိုးရိုးေအးေအး ကစားသမားမ်ိဳး မဟုတ္ဘဲ စိတ္ဓါတ္ျပင္းျပျပီး ေပါက္ကြဲတတ္တဲ့ ကစားသမားမ်ိဳးလို႔ မွတ္ခ်က္ေပးထားခဲ့တယ္။

မေန႔က ယွဥ္ျပိဳင္ကစားတဲ့ အဂၤလန္ ယူ-၂၁ နဲ႔ ခရိုေအးရွား ယူ-၂၁ အသင္းတို႔ ပြဲမွာေတာ့ ဂ်ံဳးက သြင္းဂိုးတစ္ဂိုး ရယူေပးခဲ့ျပီး အဂၤလန္အသင္း ၂-၁ ျဖင့္ အႏုိင္ရမႈမွာ ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ရံွဴးထြက္ကို ေရာက္ဖို႔ဆိုရင္ အဂၤလန္က ၂ ဂိုးျပတ္ဖို႔ လိုခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္ကိုေတာ့ မတက္ႏုိင္ဘဲ ျပိဳင္ပြဲက ထြက္ခြာခဲ့ရတယ္။

ပြဲျပီးခါနီးမွာ ကားတစ္ဂ်ံဳးက ၂ ဝါ ၁ နီျဖင့္ ထုတ္ပယ္ခံခဲ့ရတယ္။ အနည္းငယ္အၾကာ ပြဲျပီးခဲ့ျပီး ဂ်ံဳးက ကြင္းထဲက ထြက္ခြာခါနီးမွာ ခရိုေအးရွား ဘယ္အစြန္လူက သူ႔အသင္းေဖာ္ေတြ ဝန္ထမ္းေတြျဖင့္ ဝိုင္းဝန္းျပီး ေအာ္ဟစ္ ေအာင္ပြဲခံၾကရာမွာေတာ့ ေဘးနားက ကားတစ္ဂ်ံဳးက စိတ္မထိန္းႏုိင္ဘဲ ခရိုေအးရွားအသင္းသားေတြၾကား ဝင္ေရာက္ျပီး ေဒါသတၾကီး တုန္႔ျပန္ပါေတာ့တယ္။

ႏွစ္ဘက္အသင္းသားေတြ တြန္းလား ဆြဲလားျဖစ္ခဲ့တဲ့ အဆိုပါျဖစ္ရပ္မွာ စိတ္ဆက္တဲ့ ကားတစ္ဂ်ံဳးနည္းတူ လီဗာပူးအသင္းေဖာ္ေဟာင္း ဘရူးစတားလည္း ပါဝင္ခဲ့ကာ အသင္းဝန္ထမ္းေတြက မနည္းကို လိုက္ဆြဲခဲ့ၾကရတာပါ။

ပြဲအျပီးမွာ ယူ-၂၁ အသင္းမန္ေနဂ်ာက ” နည္းနည္းေလး ပြဲဆူခဲ့ပါတယ္။ လူမ်ိဳးေရးခြဲျခားမႈေတြေၾကာင့္ မဟုတ္ဘဲ ဒါက စိတ္ဓါတ္ျပင္းျပမႈနဲ႔အတူ ရလဒ္ကို စိတ္ပ်က္ေနခ်ိန္မွာ အျခားအသင္းက ေအာင္ပြဲခံမႈေတြ လုပ္ခဲ့တာပါ။ က်ေနာ္ ေကာင္ေလးေတြက တကယ္ကို စိတ္မေကာင္းျဖစ္ေနခဲ့တာပါ။ အေျခအေနက ခပ္ျမန္ျမန္ ျပီးသြားခဲ့တာအတြက္ ေက်းဇူးတင္ပါတယ္။

ဂ်ံဳးကလည္း ပြဲမွာ အေကာင္းဆံုး ကစားခဲ့တယ္။ ဒါေၾကာင့္လည္း ဂ်ာစီေတာင္ လဲခံခဲ့ရတာပါ။ ကစားသမားအားလံုး စိတ္ပ်က္ခဲ့ရပါတယ္။ ‘ လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။