ရီးရဲလ်မက်ဒရစ်က မတ်လ နိုင်ငံတကာသီတင်းပတ်မှာ စပိန်နဲ့ သွားရောက် ပူးပေါင်းခဲ့တဲ့ ရာမိုစ့်ဟာ ခြေသလုံးကြွက်သား ဒဏ်ရာ ရလာခဲ့ကြောင်း အတည်ပြုသွားပါတယ်။

ကလပ်ဘက်က ရာမိုစ့်ဒဏ်ရာ ပြန်ကောင်းလာဖို့ ဘယ်လောက်ထိ ကြာမြင့်မယ်ဆိုတာကို မကြေညာပေမယ့် အသက် ၃၅ နှစ်အရွယ် ခံစစ်မှူးဟာ လီဗာပူးနဲ့ပွဲကိုလွဲဖွယ်ရှိတယ်။ ကိုဆိုဗိုဖြင့် ယှဉ်ပြိုင်ရတဲ့ စပိန်အသင်းပွဲမှာ ရာမိုစ့်ဟာ ၄ မိနစ်ပဲ ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

အခြားသော ကစားသမားတွေဖြစ်တဲ့ တိုနီ ခရုစ်၊ ဟာဇက်၊ ဗယ်ဗာဒီနဲ့ ကာဗာဂျယ်တို့ကလည်း ဒဏ်ရာကြောင့် ရီးရဲလ်လေ့ကျင့်ရေး အစီအစဉ်တွေမှာ မပါနိုင်ခဲ့ပါဘူး။ စီနီယာ ကစားသမား လေးဦးလုံးက ကိုယ်စီ ဒဏ်ရာတွေ ရှိနေတာဖြစ်ပြီး သူတို့ရဲ့ ပြန်လည် တိုးတက်လာမှုကို ကလပ်ဘက်က စောင့်ကြည့်နေပါတယ်လို့ ရီးရဲလ်ဘက်က ကြေညာထားပါတယ်။

ဒီအပတ်မှာတော့ လာလီဂါကလပ်ဟာ အီဘာနဲ့ အမှတ်ပေးပွဲ ယှဉ်ပြိုင်ရမှာဖြစ်ကာ လာမယ့် ဧပရယ်လ ၇ ရက်မှာတော့ လီဗာပူးကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် မက်ဒရစ်မှာ ဧည့်ခံရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းမှာတော့ တိုက်စစ်မှူး ဖာမင်နို ဒဏ်ရာက ပြန်သက်သာလာနေပြီး ဖာဘင်ညိုနဲ့ ကိတ်တာတို့လည်း ကြံ့ခိုင်မှု ကောင်းနေတယ်လို့ သိထားရတယ်။ ကာလရှည် ဒဏ်ရာတွေ ရနေတဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်နဲ့ ဟန်ဒါဆန်တို့ကတော့ ချန်ပီယံလိဂ် နှစ်ကျော့လုံးကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

ZAWGYI

ရီးရဲလ္မက္ဒရစ္က မတ္လ ႏုိင္ငံတကာသီတင္းပတ္မွာ စပိန္နဲ႔ သြားေရာက္ ပူးေပါင္းခဲ့တဲ့ ရာမိုစ့္ဟာ ေျခသလံုးၾကြက္သား ဒဏ္ရာ ရလာခဲ့ေၾကာင္း အတည္ျပဳသြားပါတယ္။

ကလပ္ဘက္က ရာမိုစ့္ဒဏ္ရာ ျပန္ေကာင္းလာဖို႔ ဘယ္ေလာက္ထိ ၾကာျမင့္မယ္ဆိုတာကို မေၾကညာေပမယ့္ အသက္ ၃၅ ႏွစ္အရြယ္ ခံစစ္မွဴးဟာ လီဗာပူးနဲ႔ပြဲကိုလြဲဖြယ္ရွိတယ္။ ကိုဆိုဗိုျဖင့္ ယွဥ္ျပိဳင္ရတဲ့ စပိန္အသင္းပြဲမွာ ရာမိုစ့္ဟာ ၄ မိနစ္ပဲ ပါဝင္ကစားႏုိင္ခဲ့တာျဖစ္ပါတယ္။

အျခားေသာ ကစားသမားေတြျဖစ္တဲ့ တိုနီ ခရုစ္၊ ဟာဇက္၊ ဗယ္ဗာဒီနဲ႔ ကာဗာဂ်ယ္တို႔ကလည္း ဒဏ္ရာေၾကာင့္ ရီးရဲလ္ေလ့က်င့္ေရး အစီအစဥ္ေတြမွာ မပါႏုိင္ခဲ့ပါဘူး။ စီနီယာ ကစားသမား ေလးဦးလံုးက ကိုယ္စီ ဒဏ္ရာေတြ ရွိေနတာျဖစ္ျပီး သူတို႔ရဲ႕ ျပန္လည္ တိုးတက္လာမႈကို ကလပ္ဘက္က ေစာင့္ၾကည့္ေနပါတယ္လို႔ ရီးရဲလ္ဘက္က ေၾကညာထားပါတယ္။

ဒီအပတ္မွာေတာ့ လာလီဂါကလပ္ဟာ အီဘာနဲ႔ အမွတ္ေပးပြဲ ယွဥ္ျပိဳင္ရမွာျဖစ္ကာ လာမယ့္ ဧပရယ္လ ၇ ရက္မွာေတာ့ လီဗာပူးကို ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့အျဖစ္ မက္ဒရစ္မွာ ဧည့္ခံရမွာျဖစ္ပါတယ္။

လီဗာပူးအသင္းမွာေတာ့ တိုက္စစ္မွဴး ဖာမင္ႏို ဒဏ္ရာက ျပန္သက္သာလာေနျပီး ဖာဘင္ညိဳနဲ႔ ကိတ္တာတို႔လည္း ၾကံ႕ခိုင္မႈ ေကာင္းေနတယ္လို႔ သိထားရတယ္။ ကာလရွည္ ဒဏ္ရာေတြ ရေနတဲ့ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္နဲ႔ ဟန္ဒါဆန္တို႔ကေတာ့ ခ်န္ပီယံလိဂ္ ႏွစ္ေက်ာ့လံုးကို လြဲေခ်ာ္သြားမွာ ျဖစ္ပါတယ္။