ဘာစီလိုနာခံစစ်မှူး ပီကေးက သူ့ရဲ့ ကစားသမားဘဝ အဆိုးရွားဆုံး ပွဲစဉ်ကတော့ လီဗာပူးကို အန်ဖီးကွင်းမှာ ၄-၀ ဖြင့် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ပါလို့ ထုတ်ပြောခဲ့ပါတယ်။

စပိန်တီဗီပရိုဂရမ်နဲ့ အင်တာဗျူးမှာ ပီကေးက ၂၀၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲနဲ့ ပက်သက်လို့ ဝန်ခံစကားဆိုခဲ့တာပါ။ ပထမအကျော့မှာ လီဗာပူးကို ၃-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာက ဗိုလ်လုပွဲကို ရောက်မယ်လို့ ရေပန်းစားနေခဲ့တာပါ။ ဒါပေမယ့်လို့ အဆိုပါ ရေပန်းစားမှုကို လီဗာပူးအသင်းက ရိုက်ချိုးခဲ့တာဖြစ်တယ်။

ကစားသမားဘဝ အကြီးမားဆုံး ဆုံးရံှူးမှုကို ရင်ဆိုင်စေမှုနဲ့ ပက်သက်လို့ မေးခွန်းထုတ်ခံရမှုကို ပီကေးက ‘အန်ဖီးပါ’ လို့ တစ်ခွန်းတည်း ပြန်ဖြေပါတယ်။

ဒုတိယအကျော့မှာ အိုရီဂီရဲ့ သွင်းဂိုးနဲ့တင် ပထမပိုင်း ပြီးခဲ့ပြီး ဒုတိယပိုင်းမှာတေ့ာ လူစားဝင်ကစားသမား ဝိုက်နယ်ဒမ်က သွင်းဂိုး ၂ ဂိုးကို ခပ်မြန်မြန် ရယူပေးခဲ့တယ်။ ပွဲအဖြေကို ပြောင်းလဲစေခဲ့တာကတော့ ထရန့်နဲ့ အိုရီဂီတို့ရဲ့ ထောင့်ကန်ဘောပဲဖြစ်ပြီး နှစ်ကျော့ ပေါင်း ၄-၃ ဆိုတဲ့ ရလဒ်ဖြင့် လီဗာပူးက ဗိုလ်လုပွဲကို ရောက်သွားခဲ့ပါတယ်။

ဆက်လက်ပြီး ‘ ကျနော်က ကိုယ်ရဲ့ ဒေါသကို ဖော်ပြဖို့ အဝတ်လဲခန်းက ရှိသမျှကို ကြမ်းပြင်ပေါ် ပစ်ထုတ်ပစ်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ပထမအကျော့ ရလဒ်အရ လီဗာပူးကို အန်ဖီးကွင်းမှာ အရေးနိမ့်ခဲ့ချိန်မှာ ကျနော် အဲ့လို လုပ်ခဲ့ပါတယ် ‘ ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

ခံစစ်မှူးဟာ ဒီရာသီမှာ ပွဲစဉ် အများအပြားကို ဒူးဒဏ်ရာကြောင့် လွဲချော်ထားပါတယ်။ သူက လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့ကြားမှာ ယှဉ်ပြိုင်ရမယ့် စပိန်ဒါဘီပွဲမှာတော့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာခံစစ္မွဴး ပီေကးက သူ႔ရဲ႕ ကစားသမားဘဝ အဆိုးရြားဆံုး ပြဲစဥ္ကေတာ့ လီဗာပူးကို အန္ဖီးကြင္းမွာ ၄-၀ ျဖင့္ အေရးနိမ့္ခဲ့တဲ့ ပြဲစဥ္ပါလို႔ ထုတ္ေျပာခဲ့ပါတယ္။

စပိန္တီဗီပရိုဂရမ္နဲ႔ အင္တာဗ်ဴးမွာ ပီေကးက ၂၀၁၉ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲနဲ႔ ပက္သက္လို႔ ဝန္ခံစကားဆိုခဲ့တာပါ။ ပထမအေက်ာ့မွာ လီဗာပူးကို ၃-၀ ျဖင့္ အႏုိင္ရခဲ့တာေၾကာင့္ ဘာစီလိုနာက ဗိုလ္လုပြဲကို ေရာက္မယ္လို႔ ေရပန္းစားေနခဲ့တာပါ။ ဒါေပမယ့္လို႔ အဆိုပါ ေရပန္းစားမႈကို လီဗာပူးအသင္းက ရိုက္ခ်ိဳးခဲ့တာျဖစ္တယ္။

ကစားသမားဘဝ အၾကီးမားဆံုး ဆံုးရံွဴးမႈကို ရင္ဆိုင္ေစမႈနဲ႔ ပက္သက္လို႔ ေမးခြန္းထုတ္ခံရမႈကို ပီေကးက ‘အန္ဖီးပါ’ လို႔ တစ္ခြန္းတည္း ျပန္ေျဖပါတယ္။

ဒုတိယအေက်ာ့မွာ အိုရီဂီရဲ႕ သြင္းဂိုးနဲ႔တင္ ပထမပိုင္း ျပီးခဲ့ျပီး ဒုတိယပိုင္းမွာေတ့ာ လူစားဝင္ကစားသမား ဝိုက္နယ္ဒမ္က သြင္းဂိုး ၂ ဂိုးကို ခပ္ျမန္ျမန္ ရယူေပးခဲ့တယ္။ ပြဲအေျဖကို ေျပာင္းလဲေစခဲ့တာကေတာ့ ထရန္႔နဲ႔ အိုရီဂီတို႔ရဲ႕ ေထာင့္ကန္ေဘာပဲျဖစ္ျပီး ႏွစ္ေက်ာ့ ေပါင္း ၄-၃ ဆိုတဲ့ ရလဒ္ျဖင့္ လီဗာပူးက ဗိုလ္လုပြဲကို ေရာက္သြားခဲ့ပါတယ္။

ဆက္လက္ျပီး ‘ က်ေနာ္က ကိုယ္ရဲ႕ ေဒါသကို ေဖာ္ျပဖို႔ အဝတ္လဲခန္းက ရွိသမွ်ကို ၾကမ္းျပင္ေပၚ ပစ္ထုတ္ပစ္တတ္တဲ့ လူစားမ်ိဳး မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ ပထမအေက်ာ့ ရလဒ္အရ လီဗာပူးကို အန္ဖီးကြင္းမွာ အေရးနိမ့္ခဲ့ခ်ိန္မွာ က်ေနာ္ အဲ့လို လုပ္ခဲ့ပါတယ္ ‘ ဆိုျပီး ျပန္ေျဖခဲ့ပါတယ္။

ခံစစ္မွဴးဟာ ဒီရာသီမွာ ပြဲစဥ္ အမ်ားအျပားကို ဒူးဒဏ္ရာေၾကာင့္ လြဲေခ်ာ္ထားပါတယ္။ သူက လီဗာပူးနဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔ရဲ႕ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ႏွစ္ေက်ာ့ၾကားမွာ ယွဥ္ျပိဳင္ရမယ့္ စပိန္ဒါဘီပြဲမွာေတာ့ ပြဲထြက္လူစာရင္းမွာ ျပန္လည္ပါဝင္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။