လီဗာပူးအသင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက နက်ဖီးလစ်ဟာ ခြင်္သေ့တစ်ကောင်ရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါလို့ ချီးကျူးလိုက်ပါတယ်။

မတ်လအတွက် လီဗာပူးအသင်း တစ်လတာအကောင်းဆုံး ကစားသမားဆုရှင်ဟာ ယိုယွင်းနေတဲ့ ခံစစ်ကြောင်းကို မာကျောလာစေဖို့ ဦးဆောင်လာခဲ့သူပါ။ လီဗာပူးရဲ့ လက်ကျန် ပရီးမီးယားလိဂ် ဘောလုံးရာသီနဲ့ ချန်ပီယံလိဂ် ပြေးလမ်းတွေမှာ နက်ဖီးလစ်ဟာ အရေးပါသူတစ်ဦးလည်း ဖြစ်လာဖို့ ရှိနေပါတယ်။

လင်ဒါးက ” နေသန်နယ် (နက်ဖီးလစ်) က စိတ်ပိုင်းဖြတ်မှုနဲ့ လေးစားမှုတွေနဲ့ ပက်သက်လို့ စံနမူနာကောင်းကို ပြသနိုင်သူပါ။ အသင်းနဲ့ အသင်းဝန်ထမ်းတွေ ဘယ်လို စုဖွဲ့ အလုပ်လုပ်တယ်ဆိုတာကိုလည်း မြင်သာစေသူဖြစ်တယ်။

အခြားသော ကစားသမားတွေ မလုပ်နိုင်တာတွေကို သူ့ရဲ့ ခေါင်းနဲ့ ရှင်းထုတ်ပေးမှုတွေ လုပ်နေတယ်။ သူက ခြင်္သေ့တစ်ကောင်ရဲ့ နှလုံးအိမ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ တောကြီးမျက်မည်းထဲမှာ အသက်ရှင်ဖို့ ကြိုးစားရမယ်ဆိုရင် ကျနော် ပထမဆုံး ခေါ်သွားမယ့်သူ နှစ်ဦးကတော့ နေသန်နယ်နဲ့ မီလီ (မီလ်နာ) တို့ပါပဲ ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။

မနှစ်ကရာသီမှာ ဂျာမနီကလပ် စတုဂတ်ကို အငှားထွက်ကစားခဲ့တဲ့ နက်ဖီးလစ်ဟာ ဂျာမနီမှာပဲ ပထမပွဲကစားခွင့်နဲ့ ပက်သက်တဲ့ အတွေ့အကြုံတွေ ရယူခဲ့တာပါ။ အခုလို စီနီယာအဆင့် ခံစစ်မှူးတွေ မရှိချိန်မှာ နေရာရလာဖို့အတွက် နက်ဖီးလစ်ဟာ လေ့ကျင့်ရေးမှာ အများကြီး လုပ်ပြခဲ့ရတာဖြစ်ပါတယ်။

လက်တလောမှာတော့ နက်ဖီးလစ်နဲ့ ခါဘတ်တို့ တွဲဘက်နေတဲ့ ခံစစ်က ပုံစံကောင်းတွေ ပြသနေပြီး နှစ်ဦး ပွဲထွက်စာရင်းကနေ ဦးဆောင်ခဲ့တဲ့ ၃ ပွဲမှာ clean sheet က ၃ ပွဲလုံး ရထားတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း လက္ေထာက္နည္းျပ ပပ္လင္ဒါးက နက္ဖီးလစ္ဟာ ျခေသၤ့တစ္ေကာင္ရဲ႕ ႏွလံုးသားကို ပိုင္ဆိုင္ထားတဲ့ ကစားသမားပါလို႔ ခ်ီးက်ဴးလိုက္ပါတယ္။

မတ္လအတြက္ လီဗာပူးအသင္း တစ္လတာအေကာင္းဆံုး ကစားသမားဆုရွင္ဟာ ယိုယြင္းေနတဲ့ ခံစစ္ေၾကာင္းကို မာေက်ာလာေစဖို႔ ဦးေဆာင္လာခဲ့သူပါ။ လီဗာပူးရဲ႕ လက္က်န္ ပရီးမီးယားလိဂ္ ေဘာလံုးရာသီနဲ႔ ခ်န္ပီယံလိဂ္ ေျပးလမ္းေတြမွာ နက္ဖီးလစ္ဟာ အေရးပါသူတစ္ဦးလည္း ျဖစ္လာဖို႔ ရွိေနပါတယ္။

လင္ဒါးက ” ေနသန္နယ္ (နက္ဖီးလစ္) က စိတ္ပိုင္းျဖတ္မႈနဲ႔ ေလးစားမႈေတြနဲ႔ ပက္သက္လို႔ စံနမူနာေကာင္းကို ျပသႏုိင္သူပါ။ အသင္းနဲ႔ အသင္းဝန္ထမ္းေတြ ဘယ္လို စုဖြဲ႔ အလုပ္လုပ္တယ္ဆိုတာကိုလည္း ျမင္သာေစသူျဖစ္တယ္။

အျခားေသာ ကစားသမားေတြ မလုပ္ႏုိင္တာေတြကို သူ႔ရဲ႕ ေခါင္းနဲ႔ ရွင္းထုတ္ေပးမႈေတြ လုပ္ေနတယ္။ သူက ျခေသၤ့တစ္ေကာင္ရဲ႕ ႏွလံုးအိမ္ကိုလည္း ပိုင္ဆိုင္ထားပါတယ္။ ေတာၾကီးမ်က္မည္းထဲမွာ အသက္ရွင္ဖို႔ ၾကိဳးစားရမယ္ဆိုရင္ က်ေနာ္ ပထမဆံုး ေခၚသြားမယ့္သူ ႏွစ္ဦးကေတာ့ ေနသန္နယ္နဲ႔ မီလီ (မီလ္နာ) တို႔ပါပဲ ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။

မႏွစ္ကရာသီမွာ ဂ်ာမနီကလပ္ စတုဂတ္ကို အငွားထြက္ကစားခဲ့တဲ့ နက္ဖီးလစ္ဟာ ဂ်ာမနီမွာပဲ ပထမပြဲကစားခြင့္နဲ႔ ပက္သက္တဲ့ အေတြ႔အၾကံဳေတြ ရယူခဲ့တာပါ။ အခုလို စီနီယာအဆင့္ ခံစစ္မွဴးေတြ မရွိခ်ိန္မွာ ေနရာရလာဖို႔အတြက္ နက္ဖီးလစ္ဟာ ေလ့က်င့္ေရးမွာ အမ်ားၾကီး လုပ္ျပခဲ့ရတာျဖစ္ပါတယ္။

လက္တေလာမွာေတာ့ နက္ဖီးလစ္နဲ႔ ခါဘတ္တို႔ တြဲဘက္ေနတဲ့ ခံစစ္က ပံုစံေကာင္းေတြ ျပသေနျပီး ႏွစ္ဦး ပြဲထြက္စာရင္းကေန ဦးေဆာင္ခဲ့တဲ့ ၃ ပြဲမွာ clean sheet က ၃ ပြဲလံုး ရထားတာျဖစ္ပါတယ္။