ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလားနဲ့ ဖခင်ဖြစ်သူတို့ဟာ ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ စကားပြောခဲ့ပြီးနောက် အင်္ဂလန်ကို လာရောက်တော့မှာ ဖြစ်ပါတယ်။

ပထမဆုံး ကလပ်အဖြစ် ကက်တလန်သွားပြီး ဘာစီလိုနာဥက္ကဌ၊ ဘောလုံးဒါရိုက်တာတို့ဖြင့် စကားပြောခဲ့တဲ့ ဟားလန်းရဲ့ ကိုယ်စားလှယ် နှစ်ဦးဟာ နောက်တစ်ရပ်မှာ မက်ဒရစ်ကိုသွားပြီး ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေဖြင့် တွေ့ဆုံခဲ့ပါတယ်။ နောက်ထပ် ခြေလှမ်းအဖြစ် အင်္ဂလန်ကလပ်တွေဖြင့် စကားပြောမှာဖြစ်တယ်။

ဟာလန်းရဲ့ ကိုယ်စားလှယ်တွေက လန်ဒန်မှာပဲ ပရီးမီးယားလိဂ် ကလပ်တွေဖြင့် စကားပြောမယ်လို့ သိရတယ်။ ဒါက ဆဲလ်ဘတ်ကနေ မထွက်ခွာခင် ကလပ်တွေဖြင့် ညိနှိုင်းမှုလုပ်ခဲ့တဲ့ ပုံစံမျိုးကိုပဲ ပြန်လည် လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။

သောကြာနေ့မှာတော့ ဟာလန်းရဲ့ ကိုယ်စားလှယ်တွေက အင်္ဂလန်မြေကို ရောက်ရှိလာမှာဖြစ်ကာ ကလပ်တွေရဲ့ ကိုယ်စားလှယ်တွေဖြင့် စကားပြောမှုတွေ လုပ်သွားပါမယ်။ မန်စီးတီး၊ ချယ်ဆီး၊ ယူနိုက်တက်၊ လီဗာပူးတို့က ဟာလန်း အပြောင်းအရွှေ့အတွက် ညိနှိုင်းမှုတွေ ဝင်လုပ်ကြဖွယ်ရှိကြောင်း သိထားရတယ်။

ဟာလန်းနဲ့ ဒေါ့မွန်ကြား စာချုပ်မှာတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ခွာမယ်ဆိုရင် ယူရို ၇၅ သန်းဖြင့် ခေါ်ယူခွင့် သဘောတူညီချက် ပါဝင်နေတယ်။ ဒီနွေမှာ ဟာလန်းကို ခေါ်ယူမယ်ဆိုရင်တော့ ယူရို သန်း ၁၅၀ ကို အနည်းဆုံး သုံးရမယ်လို့ သတင်းထွက်နေပေမယ့် ကလပ်တွေကတော့ အဆိုပါ ပမာဏထက် နည်းပါးတဲ့ တန်ကြေးဖြင့် ညိနှိုင်းလို့ရမယ်လို့ ယုံကြည်နေကြပါတယ်။

ZAWGYI

ဟာလန္းရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္းအိုလားနဲ႔ ဖခင္ျဖစ္သူတို႔ဟာ ကစားသမားရဲ႕ အေျပာင္းအေရႊ႔ကိစၥ ေဆြးေႏြးမႈေတြ လုပ္ဖို႔အတြက္ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ စကားေျပာခဲ့ျပီးေနာက္ အဂၤလန္ကို လာေရာက္ေတာ့မွာ ျဖစ္ပါတယ္။

ပထမဆံုး ကလပ္အျဖစ္ ကက္တလန္သြားျပီး ဘာစီလိုနာဥကၠဌ၊ ေဘာလံုးဒါရိုက္တာတို႔ျဖင့္ စကားေျပာခဲ့တဲ့ ဟားလန္းရဲ႕ ကိုယ္စားလွယ္ ႏွစ္ဦးဟာ ေနာက္တစ္ရပ္မွာ မက္ဒရစ္ကိုသြားျပီး ရီးရဲလ္မက္ဒရစ္ တာဝန္ရွိသူေတြျဖင့္ ေတြ႔ဆံုခဲ့ပါတယ္။ ေနာက္ထပ္ ေျခလွမ္းအျဖစ္ အဂၤလန္ကလပ္ေတြျဖင့္ စကားေျပာမွာျဖစ္တယ္။

ဟာလန္းရဲ႕ ကိုယ္စားလွယ္ေတြက လန္ဒန္မွာပဲ ပရီးမီးယားလိဂ္ ကလပ္ေတြျဖင့္ စကားေျပာမယ္လို႔ သိရတယ္။ ဒါက ဆဲလ္ဘတ္ကေန မထြက္ခြာခင္ ကလပ္ေတြျဖင့္ ညိႏိႈင္းမႈလုပ္ခဲ့တဲ့ ပံုစံမ်ိဳးကိုပဲ ျပန္လည္ လုပ္ေဆာင္လာျခင္း ျဖစ္ပါတယ္။

ေသာၾကာေန႔မွာေတာ့ ဟာလန္းရဲ႕ ကိုယ္စားလွယ္ေတြက အဂၤလန္ေျမကို ေရာက္ရွိလာမွာျဖစ္ကာ ကလပ္ေတြရဲ႕ ကိုယ္စားလွယ္ေတြျဖင့္ စကားေျပာမႈေတြ လုပ္သြားပါမယ္။ မန္စီးတီး၊ ခ်ယ္ဆီး၊ ယူႏုိက္တက္၊ လီဗာပူးတို႔က ဟာလန္း အေျပာင္းအေရႊ႔အတြက္ ညိႏိႈင္းမႈေတြ ဝင္လုပ္ၾကဖြယ္ရွိေၾကာင္း သိထားရတယ္။

ဟာလန္းနဲ႔ ေဒါ့မြန္ၾကား စာခ်ဳပ္မွာေတာ့ ၂၀၂၂ ခုႏွစ္မွာ ထြက္ခြာမယ္ဆိုရင္ ယူရို ၇၅ သန္းျဖင့္ ေခၚယူခြင့္ သေဘာတူညီခ်က္ ပါဝင္ေနတယ္။ ဒီေႏြမွာ ဟာလန္းကို ေခၚယူမယ္ဆိုရင္ေတာ့ ယူရို သန္း ၁၅၀ ကို အနည္းဆံုး သံုးရမယ္လို႔ သတင္းထြက္ေနေပမယ့္ ကလပ္ေတြကေတာ့ အဆိုပါ ပမာဏထက္ နည္းပါးတဲ့ တန္ေၾကးျဖင့္ ညိႏိႈင္းလို႔ရမယ္လို႔ ယံုၾကည္ေနၾကပါတယ္။