မန်နေဂျာကလော့ပ်က ဟန်ဒါဆန်နဲ့ ဗန်ဒိုက်တို့ ယူရိုပြိုင်ပွဲမှာ မကစားရစေဖို့ ဆွဲထားတာတွေ လုပ်သွားမှာ မဟုတ်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

သူတို့ နှစ်ဦးဟာ ဒဏ်ရာကြောင့် အနားယူနေရကာ ပြန်လည် ထူးထောင်ရေး လုပ်ငန်းစဉ်တွေကို ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ကလပ်ဘက်က နောက်ဆက်တွဲ ဒဏ်ရာတွေအတွက် ယူရို ပြိုင်ပွဲကို မပါစေလိုပေမယ့် လက်ရွေးစင်မန်နေဂျာတွေက ရွေးချယ်မယ်ဆိုရင် ဟန့်တားဖွယ် မရှိကြောင်း ကလော့ပ်က ပြောပါတယ်။

ကလော့ပ်က ” အင်္ဂလန်နဲ့ ဟော်လန်အသင်း ကစားသမားတွေကို မကစားရဘူးလို့ ကျနော် မလုပ်ပါဘူး။ သူတို့ အဆင်သင့်ဖြစ်ရင် အဆင်သင့်ဖြစ်လို့ပါပဲ။ ဒီ ဆုံးဖြတ်ချက်တွေက ကျနော်အပေါ်မှာလည်း မမူတည်ပါဘူး။

ယူရိုပွဲအကြောင်း ကျနော် မသိပါဘူး။ အပြောင်းအလဲလည်း မရှိပါဘူး။ ဒီအခြေအနေမှာ ဟန်ဒါဆန်နဲ့ ဗန်ဒိုက်တို့က သူတို့ ရှိသင့်တဲ့ အခြေအနေမှာပဲ ရှိနေပါတယ်။ သူတို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ဖြစ်နေလိုပေါ့။ သူတို့က ပြန်လည် အားဖြည့်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ် ” လို့ ဆိုခဲ့တယ်။

ဟန်ဒါဆန်က လာမယ့်ရက်တွေ (သို့) သီတင်းပတ်တွေမှာ ပြန်လည် လေ့ကျင့်နိုင်ဖွယ် ရှိပေမယ့်လည်း လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ပြန်ယူနိုင်ဖို့တော့ မသေချာသေးပါဘူး။

ဟန်ဒါဆန် ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲ အမေးအတွက် ကလော့ပ်က အတိအကျ မဖြေပေးလိုခဲ့ဘဲ ” မသိပါဘူး။ ပြောလို့ မရပါဘူး။ လက်တလောတော့ သူ လေ့ကျင့်ရေး မလုပ်နိုင်ဘူး။ နောက်ရက်တွေ၊ သီတင်းပတ်တေါမှ လုပ်နိုင်ပါမယ်။

ပြဿနာက သူတို့ ဘယ်အချိန်မှာ ပြန်လေ့ကျင့်နိုင်မယ်လို့ ဆုံးဖြတ်ပေးရအောင် ကျနော်က ဆရာဝန် မဟုတ်ပါဘူး။ အချိန်နဲ့ပဲ မူတည်ပါတယ်။ လုံလောက်တဲ့ အချိန် ရကြပါ့မလား ကျနော် မသိပါဘူး။ ရကြဖို့တော့ ကျနော် မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က ဟန္ဒါဆန္နဲ႔ ဗန္ဒိုက္တို႔ ယူရိုျပိဳင္ပြဲမွာ မကစားရေစဖို႔ ဆြဲထားတာေတြ လုပ္သြားမွာ မဟုတ္ဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။

သူတို႔ ႏွစ္ဦးဟာ ဒဏ္ရာေၾကာင့္ အနားယူေနရကာ ျပန္လည္ ထူးေထာင္ေရး လုပ္ငန္းစဥ္ေတြကို ၾကိဳးစားေနဆဲ ျဖစ္ပါတယ္။ ကလပ္ဘက္က ေနာက္ဆက္တြဲ ဒဏ္ရာေတြအတြက္ ယူရို ျပိဳင္ပြဲကို မပါေစလိုေပမယ့္ လက္ေရြးစင္မန္ေနဂ်ာေတြက ေရြးခ်ယ္မယ္ဆိုရင္ ဟန္႔တားဖြယ္ မရွိေၾကာင္း ကေလာ့ပ္က ေျပာပါတယ္။

ကေလာ့ပ္က ” အဂၤလန္နဲ႔ ေဟာ္လန္အသင္း ကစားသမားေတြကို မကစားရဘူးလို႔ က်ေနာ္ မလုပ္ပါဘူး။ သူတို႔ အဆင္သင့္ျဖစ္ရင္ အဆင္သင့္ျဖစ္လို႔ပါပဲ။ ဒီ ဆံုးျဖတ္ခ်က္ေတြက က်ေနာ္အေပၚမွာလည္း မမူတည္ပါဘူး။

ယူရိုပြဲအေၾကာင္း က်ေနာ္ မသိပါဘူး။ အေျပာင္းအလဲလည္း မရွိပါဘူး။ ဒီအေျခအေနမွာ ဟန္ဒါဆန္နဲ႔ ဗန္ဒိုက္တို႔က သူတို႔ ရွိသင့္တဲ့ အေျခအေနမွာပဲ ရွိေနပါတယ္။ သူတို႔ အဆင္သင့္ျဖစ္ေနျပီဆိုရင္ ျဖစ္ေနလိုေပါ့။ သူတို႔က ျပန္လည္ အားျဖည့္တဲ့ လုပ္ငန္းစဥ္ေတြကို လုပ္ေဆာင္ေနပါတယ္ ” လို႔ ဆိုခဲ့တယ္။

ဟန္ဒါဆန္က လာမယ့္ရက္ေတြ (သို႔) သီတင္းပတ္ေတြမွာ ျပန္လည္ ေလ့က်င့္ႏုိင္ဖြယ္ ရွိေပမယ့္လည္း လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံရဖို႔ လံုေလာက္တဲ့ ၾကံ႕ခိုင္မႈ ျပန္ယူႏုိင္ဖို႔ေတာ့ မေသခ်ာေသးပါဘူး။

ဟန္ဒါဆန္ ဘယ္အခ်ိန္မွာ ျပန္ကစားႏုိင္မလဲ အေမးအတြက္ ကေလာ့ပ္က အတိအက် မေျဖေပးလိုခဲ့ဘဲ ” မသိပါဘူး။ ေျပာလို႔ မရပါဘူး။ လက္တေလာေတာ့ သူ ေလ့က်င့္ေရး မလုပ္ႏုိင္ဘူး။ ေနာက္ရက္ေတြ၊ သီတင္းပတ္ေတါမွ လုပ္ႏုိင္ပါမယ္။

ျပႆနာက သူတို႔ ဘယ္အခ်ိန္မွာ ျပန္ေလ့က်င့္ႏုိင္မယ္လို႔ ဆံုးျဖတ္ေပးရေအာင္ က်ေနာ္က ဆရာဝန္ မဟုတ္ပါဘူး။ အခ်ိန္နဲ႔ပဲ မူတည္ပါတယ္။ လံုေလာက္တဲ့ အခ်ိန္ ရၾကပါ့မလား က်ေနာ္ မသိပါဘူး။ ရၾကဖို႔ေတာ့ က်ေနာ္ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။