ဒီအပတ် အာဆင်နယ်ရဲ့ အမ်မရိတ်ကွင်းမှာ ထိပ်တိုက်တွေ့တဲ့ အာဆင်နယ်နဲ့ လီဗာပူးပွဲကို ဘောလုံးခန့်မှန်းသူ အိုဝင်က ကြိုတင် ခန့်မှန်းမှု လုပ်သွားပါတယ်။

ဒီနှစ်သင်းဟာ ဇယားအလယ်တွေမှာ ရပ်တည်နေကြတာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မေးမှိန်နေတဲ့ အသင်းတွေပါ။ ဒါပေမယ့် လီဗာပူးက ရလဒ်အချို့ ပြန်ရယူနိုင်မှုနဲ့အတူ အဆင့် ၄ နေရာက ချယ်ဆီးနဲ့ ၅ မှတ်အကွာကို ပြန်ရောက်လာခဲ့ပြီး အာဆင်နယ်ကလည်း ဖိအားပေးဖို့ ရလဒ်အချို့ ပြန်ယူပြဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အိုဝင်က ပြောရာမှာ ” ဒီအပတ် အမ်းမရိတ်မှာ တွေ့ဆုံကြတဲ့ နှစ်သင်းက အတိတ်တုန်းက ပွဲကောင်းတွေကို ကစားထားကြပြီး သူတို့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် သိပ်မကောင်းတဲ့ ဘောလုံးရာသီတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒီတစ်ကြိမ်မှာတော့ သိပ်မကွာလှဘဲ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲတစ်ပွဲကို ကြည့်ရနိုင်ပါတယ်။

နိုင်ငံတကာသီတင်းပတ် မတိုင်ခင်မှာ လီဗာပူးက နိုင်ပွဲတွေကို ရယူနိုင်ခဲ့တယ်။ ဒါက ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ သူတို့ အမြင့်ဆုံး ရယူနိုင်တဲ့ နိုင်ပွဲတွေပဲ ဖြစ်ပါတယ်။

အာဆင်နယ်ကလည်း ဇန်နဝါရိတည်းက ပွဲဆက် အောင်မြင်မှုတွေ မရှိတော့တဲ့ အသင်းဖြစ်တယ်။ လီဗာပူးက နိုင်ပွဲတွေ ပြန်ရနေတယ်ဆိုပေမယ့် ဒီပွဲမှာ တစ်သင်းသင်း နိုင်သွားလိမ့်မယ်လို့ ကျနော်ကတော့ သေချာ မပြောနိုင်ပါဘူး။

အဲ့စိတ်ကြောင့်ပဲ ဒီပွဲကတော့ ၁-၁ သရေကျသွားမယ်လို့ ထင်ပါတယ် ” ဆိုပြီး သုံးသပ် ခန့်မှန်းသွားတာပဲ ဖြစ်ပါတယ်။

ZAWGYI





