လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကမ္ဘာဖလား ခြေစစ်ပွဲမှာ ထရန့်ကို လူစာရင်းကနေ ထုတ်ပယ်ခဲ့တဲ့ အင်္ဂလန်မန်နေဂျာ ဂါရတ် ဆောက်ဂိတ်ကို ဒဲ့တိုး မှတ်ချက်ပေးပြီဖြစ်ပါတယ်။

ခြေစစ်ပွဲ လူစာရင်းမှာ မပါခဲ့တဲ့နောက် ၂၀၂၀ ယူရို ပြိုင်ပွဲမှာ ထရန့် ပါခွင့်ရမှာ မဟုတ်ဘူးဆိုတဲ့ အသံတွေ စထွက်လာတယ်။ ဒါဟာ ကမ္ဘာအကောင်းဆုံး ညာအစွန်လူတွေထဲက တစ်ဦးဖြစ်တဲ့ ထရန့်အတွက်တော့ နာကျင်စရာ ကိစ္စဖြစ်သလို လီဗာပူးအတွက်လည်း လက်မခံနိုင်စရာ ကိစ္စဖြစ်လာပါတယ်။

ယာဂင်ကလော့ပ်က “ ကျနော် ကိုယ်တိုင်က မန်နေဂျာတစ်ယောက်ပါ။ နေ့တိုင်း၊ အပတ်တိုင်းမှာ လူစာရင်းနဲ့ ပက်သတ်လို့ ဆုံးဖြတ်ချက်တွေ လုပ်ရပါတယ်။ အခြားသူတွေ ဘယ်လိုမှ နားမလည်တဲ့ ဆုံးဖြတ်ချက်တွေကို ကျနေ်ာတို့ အမြဲတမ်း လုပ်ရပါတယ်။

ဂါရတ်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ ပက်သက်ပြီး ကျနော် လေးစားပါတယ် ဒါပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီက ထရန့်ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဂါရတ်ရဲ့ ဆုံးဖြတ်မှုကို ကျနော် နားမလည်နိုင်ပါဘူး။ ပြီးခဲ့တဲ့ရာသီ အဲ့မတိုင်ခင် ဘောလုံးရာသီတွေမှာ ထရန့်က ကမ္ဘာအကောင်းဆုံး ညာအစွန်လူတစ်ဦးအဖြစ် တောက်ပခဲ့တာပါ။ သူ့လို အသက်ငယ်ငယ်နဲ့ မယုံနိုင်လောက်အောင် ကောင်းခဲ့တာက အမှန်တရားပဲ ဖြစ်ပါတယ်။

ကျနော် ကစားသမားတွေကို ဝေဖန်ကြတာက ကျနော်အတွက် ပြဿနာ မဟုတ်ပါဘူး။ ထရန့်က အကောင်းဆုံး ညာအစွန်လူတစ်ဦး ဖြစ်ပါတယ်။ ကိုဗစ်ကို ခပ်စောစောမှာတင် ကူးစက်ခံရတာက သူ့အတွက် မလွယ်ခဲ့ပါဘူး။ အဲ့မတိုင်ခင်က သူက ကျနေ်ာတို့ရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမားဖြစ်ခဲ့တာပါ။

မက်ဆီနဲ့ပဲ နှိုင်းယှဉ်ကြည့်ပါ။ သူက နှစ်တိုင်းမှာ အကောင်းဆုံး ကစားသမားပါ။ ၂၀၀၅ နဲ့ ၂၀၀၆ လောက်မှာ အကောင်းဆုံး မလုပ်နိုင်ခဲ့ပေမယ့် သူက ကမ္ဘာအကောင်းဆုံး ဖြစ်နေတာပါပဲ။

ကိုယ်ဘယ်လို ကစားမယ်ဆိုတာနဲ့ ဆိုင်ပါတယ်။ ဒါကို ဂါရတ်က သေချာအောင် လုပ်ရပါမယ်။ ဝေါ်ကာက ဗဟိုခံစစ်မှာလည်း ကစားနိုင်တဲ့ ညာအစွန်လူပါ။ ရိစ်ဂျိမ်းကလည်း အလားအလာရှိတယ်၊ ဘစ်ဆာကာ၊ ထရစ်ပီယာတို့လည်း ရှိပါတယ်။

ဒီတော့ ဆုံးဖြတ်ချက်ကတော့ ဂါရတ် လုပ်ရမှာပါ။ ဘယ်လို ကစားကြမယ်ဆိုတာနဲ့လည်း ဆိုင်ပါတယ်။ ခံစစ်ကို သိပ်သည်းစွာ ကစားလိုတယ်ဆိုရင် ဖြတ်တင်ဘောနဲ့ ဘောလုံးပေးမှုတွေမှာ ထရန့်ကိုတော့ လိုတာပါပဲ။ အဲ့အပိုင်းမှာ သူ့ထက် ပိုကောင်းကောင်းလုပ်နိုင်သူ မရှိပါဘူး။ သူက ကျနေ်ာတို့အတွက်လည်း ခံစစ်မှာ အကောင်းဆုံး လုပ်ပေးနေတယ်။

ခံစစ်ဆိုတာက ထရန့်ရဲ့ ဦးစားပေး စွမ်းရည်တော့ မဟုတ်ဘူး ဒါပေမယ့် သိပ်လည်း မဆိုးလှပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကမၻာဖလား ေျခစစ္ပြဲမွာ ထရန္႔ကို လူစာရင္းကေန ထုတ္ပယ္ခဲ့တဲ့ အဂၤလန္မန္ေနဂ်ာ ဂါရတ္ ေဆာက္ဂိတ္ကို ဒဲ့တိုး မွတ္ခ်က္ေပးျပီျဖစ္ပါတယ္။

ေျခစစ္ပြဲ လူစာရင္းမွာ မပါခဲ့တဲ့ေနာက္ ၂၀၂၀ ယူရို ျပိဳင္ပြဲမွာ ထရန္႔ ပါခြင့္ရမွာ မဟုတ္ဘူးဆိုတဲ့ အသံေတြ စထြက္လာတယ္။ ဒါဟာ ကမၻာအေကာင္းဆံုး ညာအစြန္လူေတြထဲက တစ္ဦးျဖစ္တဲ့ ထရန္႔အတြက္ေတာ့ နာက်င္စရာ ကိစၥျဖစ္သလို လီဗာပူးအတြက္လည္း လက္မခံႏုိင္စရာ ကိစၥျဖစ္လာပါတယ္။

ယာဂင္ကေလာ့ပ္က “ က်ေနာ္ ကိုယ္တိုင္က မန္ေနဂ်ာတစ္ေယာက္ပါ။ ေန႔တိုင္း၊ အပတ္တိုင္းမွာ လူစာရင္းနဲ႔ ပက္သတ္လို႔ ဆံုးျဖတ္ခ်က္ေတြ လုပ္ရပါတယ္။ အျခားသူေတြ ဘယ္လိုမွ နားမလည္တဲ့ ဆံုးျဖတ္ခ်က္ေတြကို က်ေန္ာတို႔ အျမဲတမ္း လုပ္ရပါတယ္။

ဂါရတ္ရဲ႕ ကိုယ္ပိုင္ ဆံုးျဖတ္ခ်က္ေတြနဲ႔ ပက္သက္ျပီး က်ေနာ္ ေလးစားပါတယ္ ဒါေပမယ့္ ျပီးခဲ့တဲ့ ၂ ရာသီက ထရန္႔ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဂါရတ္ရဲ႕ ဆံုးျဖတ္မႈကို က်ေနာ္ နားမလည္ႏုိင္ပါဘူး။ ျပီးခဲ့တဲ့ရာသီ အဲ့မတိုင္ခင္ ေဘာလံုးရာသီေတြမွာ ထရန္႔က ကမၻာအေကာင္းဆံုး ညာအစြန္လူတစ္ဦးအျဖစ္ ေတာက္ပခဲ့တာပါ။ သူ႔လို အသက္ငယ္ငယ္နဲ႔ မယံုႏုိင္ေလာက္ေအာင္ ေကာင္းခဲ့တာက အမွန္တရားပဲ ျဖစ္ပါတယ္။

က်ေနာ္ ကစားသမားေတြကုိ ေဝဖန္ၾကတာက က်ေနာ္အတြက္ ျပႆနာ မဟုတ္ပါဘူး။ ထရန္႔က အေကာင္းဆံုး ညာအစြန္လူတစ္ဦး ျဖစ္ပါတယ္။ ကိုဗစ္ကို ခပ္ေစာေစာမွာတင္ ကူးစက္ခံရတာက သူ႔အတြက္ မလြယ္ခဲ့ပါဘူး။ အဲ့မတိုင္ခင္က သူက က်ေန္ာတို႔ရဲ႕ စြမ္းေဆာင္ရည္ အတည္ျငိမ္ဆံုး ကစားသမားျဖစ္ခဲ့တာပါ။

မက္ဆီနဲ႔ပဲ ႏိႈင္းယွဥ္ၾကည့္ပါ။ သူက ႏွစ္တိုင္းမွာ အေကာင္းဆံုး ကစားသမားပါ။ ၂၀၀၅ နဲ႔ ၂၀၀၆ ေလာက္မွာ အေကာင္းဆံုး မလုပ္ႏုိင္ခဲ့ေပမယ့္ သူက ကမၻာအေကာင္းဆံုး ျဖစ္ေနတာပါပဲ။

ကိုယ္ဘယ္လို ကစားမယ္ဆိုတာနဲ႔ ဆိုင္ပါတယ္။ ဒါကို ဂါရတ္က ေသခ်ာေအာင္ လုပ္ရပါမယ္။ ေဝၚကာက ဗဟိုခံစစ္မွာလည္း ကစားႏုိင္တဲ့ ညာအစြန္လူပါ။ ရိစ္ဂ်ိမ္းကလည္း အလားအလာရွိတယ္၊ ဘစ္ဆာကာ၊ ထရစ္ပီယာတို႔လည္း ရွိပါတယ္။

ဒီေတာ့ ဆံုးျဖတ္ခ်က္ကေတာ့ ဂါရတ္ လုပ္ရမွာပါ။ ဘယ္လို ကစားၾကမယ္ဆိုတာနဲ႔လည္း ဆိုင္ပါတယ္။ ခံစစ္ကို သိပ္သည္းစြာ ကစားလိုတယ္ဆိုရင္ ျဖတ္တင္ေဘာနဲ႔ ေဘာလံုးေပးမႈေတြမွာ ထရန္႔ကိုေတာ့ လိုတာပါပဲ။ အဲ့အပိုင္းမွာ သူ႔ထက္ ပိုေကာင္းေကာင္းလုပ္ႏုိင္သူ မရွိပါဘူး။ သူက က်ေန္ာတို႔အတြက္လည္း ခံစစ္မွာ အေကာင္းဆံုး လုပ္ေပးေနတယ္။

ခံစစ္ဆိုတာက ထရန္႔ရဲ႕ ဦးစားေပး စြမ္းရည္ေတာ့ မဟုတ္ဘူး ဒါေပမယ့္ သိပ္လည္း မဆိုးလွပါဘူး ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။