ဒီရာသီမှာ လီဗာပူးအသင်းသား အားလုံးနီးပါးက ဝေဖန်မှုတွေကိုယ်စီ ပိုင်ဆိုင်ခဲ့ကြပေမယ့် ဝေဖန်ခြင်းတွေမှ ကင်းဝေးခဲ့သလို တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသထားနိုင်သူ တစ်ဦးရှိပါတယ်လို့ လီဗာပူးတိုက်စစ်သမားဟောင်း ဂျွန်ဘမ်းက ပြောပါတယ်။

ဂျွန်ဘမ်းက “ ဒီရာသီ လီဗာပူးအသင်းအတွက် စွမ်းဆောင်ပေးမှုတွေအရ ကျနော် အထင်ကြီးမိတဲ့ ကစားသမားကတော့ ဖာဘင်ညိုပဲ ဖြစ်ပါတယ်။ ” ဆိုပြီး Goal ကို ပြောပါတယ်။

ဒီနှစ်အတွက် လီဗာပူးပရိသတ်တွေ ရွေးချယ်ပေးမယ့် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဖာဘင်ညို ရလိမ့်မယ်လို့ သတင်းကြီးနေတာပါ။ ဖာဘင်ညိုဟာ မန်နေဂျာထားတဲ့ နေရာတိုင်းမှာ ကစားပေးခဲ့ကာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်၊ သီယာဂို အစရှိတဲ့ ကစားသမားတွေ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ လိုအပ်တဲ့ နေရာတိုင်းအတွက် အဆင်သင့် ရှိပေးနေခဲ့တယ်။

တိုက်စစ်သမားဟောင်းကြီး ဂျွန်ဘမ်းကပဲ “ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပေမယ့် သူက ခံစစ်မှာ အတော်လေး ကောင်းခဲ့တယ်။ ဒီရာသီ တစ်လျှောက်လုံးမှာလည်း ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့တဲ့ လီဗာပူးအသင်းသား ဖြစ်ပါတယ်။

ကွင်းလယ်ကို ပြန်တက်ကစားခွင့် ရလာချိန်မှာလည်း အသင်းအပေါ် သူ့ရဲ့ လွှမ်းမိုးမှုက ဘယ်လောက်ထိ ကြီးတယ်ဆိုတာကို အားလုံး မြင်တွေ့ခွင့်ရနေပါတယ်။ ဖာဘင်ညိုက လီဗာပူးအသင်းရဲ့ တည်ငြိမ်မှု အရှိဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်သူ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တယ်။

ဒီရာသီမှာ ဖာဘင်ညိုဟာ ခံစစ်မှူးနေရာက ၁၉ ပွဲထိ ကစားခဲ့ပြီး ထိပ်တန်း ခံစစ်မှူးတစ်ဦးလို စွမ်းဆောင်ပြခဲ့တယ်။ သူက ကွင်းလယ်ကို ပြန်ကစားခွင့်ရချိန်မှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်ကို ချက်ခြင်း ပြန်ပြသနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ လီဗာပူးအသင္းသား အားလံုးနီးပါးက ေဝဖန္မႈေတြကိုယ္စီ ပိုင္ဆိုင္ခ့ဲၾကေပမယ့္ ေဝဖန္ျခင္းေတြမွ ကင္းေဝးခဲ့သလို တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသထားႏုိင္သူ တစ္ဦးရွိပါတယ္လို႔ လီဗာပူးတိုက္စစ္သမားေဟာင္း ဂၽြန္ဘမ္းက ေျပာပါတယ္။

ဂၽြန္ဘမ္းက “ ဒီရာသီ လီဗာပူးအသင္းအတြက္ စြမ္းေဆာင္ေပးမႈေတြအရ က်ေနာ္ အထင္ၾကီးမိတဲ့ ကစားသမားကေတာ့ ဖာဘင္ညိဳပဲ ျဖစ္ပါတယ္။ ” ဆိုျပီး Goal ကို ေျပာပါတယ္။

ဒီႏွစ္အတြက္ လီဗာပူးပရိသတ္ေတြ ေရြးခ်ယ္ေပးမယ့္ တစ္ႏွစ္တာ အေကာင္းဆံုးကစားသမားဆုကို ဖာဘင္ညိဳ ရလိမ့္မယ္လို႔ သတင္းၾကီးေနတာပါ။ ဖာဘင္ညိဳဟာ မန္ေနဂ်ာထားတဲ့ ေနရာတိုင္းမွာ ကစားေပးခဲ့ကာ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္၊ သီယာဂို အစရွိတဲ့ ကစားသမားေတြ ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ လိုအပ္တဲ့ ေနရာတိုင္းအတြက္ အဆင္သင့္ ရွိေပးေနခ့ဲတယ္။

တိုက္စစ္သမားေဟာင္းၾကီး ဂၽြန္ဘမ္းကပဲ “ ဒဏ္ရာျပႆနာေတြ ရွိခဲ့ေပမယ့္ သူက ခံစစ္မွာ အေတာ္ေလး ေကာင္းခဲ့တယ္။ ဒီရာသီ တစ္ေလွ်ာက္လံုးမွာလည္း ေကာင္းေကာင္းမြန္မြန္ ကစားႏုိင္ခဲ့တဲ့ လီဗာပူးအသင္းသား ျဖစ္ပါတယ္။

ကြင္းလယ္ကို ျပန္တက္ကစားခြင့္ ရလာခ်ိန္မွာလည္း အသင္းအေပၚ သူ႔ရဲ႕ လႊမ္းမိုးမႈက ဘယ္ေလာက္ထိ ၾကီးတယ္ဆိုတာကို အားလံုး ျမင္ေတြ႔ခြင့္ရေနပါတယ္။ ဖာဘင္ညိဳက လီဗာပူးအသင္းရဲ႕ တည္ျငိမ္မႈ အရွိဆံုး စြမ္းေဆာင္ရည္ေတြကို ျပသထားႏုိင္သူ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တယ္။

ဒီရာသီမွာ ဖာဘင္ညိဳဟာ ခံစစ္မွဴးေနရာက ၁၉ ပြဲထိ ကစားခဲ့ျပီး ထိပ္တန္း ခံစစ္မွဴးတစ္ဦးလို စြမ္းေဆာင္ျပခဲ့တယ္။ သူက ကြင္းလယ္ကို ျပန္ကစားခြင့္ရခ်ိန္မွာလည္း အေကာင္းဆံုး စြမ္းေဆာင္ရည္ကို ခ်က္ျခင္း ျပန္ျပသႏိုင္ခဲ့သူပဲ ျဖစ္ပါတယ္။