တိုက်စစ်မှူး ဂျိုတာဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးတည်းက ပုံစံကောင်းတွေ ချက်ခြင်းပြသနေပြီး လီဗာပူးရဲ့ နိုင်ပွဲတွေအတွက် အရေးပါသူတစ်ဦး အဖြစ် ပြန်လည် လုပ်ပြနေတယ်။

သူဟာ ကလပ်အတွက်တင် မကဘဲ လက်ရွေးစင်အတွက် သွားရောက်ကစားရာမှာလည်း ပွဲတိုင်း ဂိုးသွင်းနိုင်သူဖြစ်တယ်။ လီဗာပူးပရိသတ်တွေကတော့ ဂျိုတာရဲ့ သွင်းဂိုးကို မမြင်ရဖို့ဆိုရင် အရန်ခုံမှာ သူ့ကို ခေါက်ထားမှပဲ ရမှာဖြစ်ပြီး အဲ့လိုလုပ်ဖို့အတွက် ဘယ်သူမှ ကလော့ပ်ကို ထောက်ခံပေးမှာ မဟုတ်ဘူးလို့ အရွန်းဖောက်နေကြတာဖြစ်တယ်။

မတ်လ နိုင်ငံတကာ သီတင်းပတ်မှာ ဂျိုတာဟာ ပေါ်တူဂီအသင်းအတွက် ၂ ပွဲကစားပြီး ၃ ဂိုး သွင်းယူခဲ့တာဖြစ်တယ်။ သူဟာ အာဆင်နယ်ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ် ကွင်းထဲ ဝင်လာပြီး ၃ မိနစ်မှာတင် အဖွင့်ဂိုး သွင်းယူခဲ့ကာ တတိယမြောက် အပိတ်ဂိုးကိုလည်း ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဂျိုတာက ” ပွဲကို ကျနေ်ာတို့ ထိန်းချုပ်နိုင်ခဲ့တယ်။ အာဆင်နယ်ကို ပိုင်ဆိုင်မှုတွေ အများကြီး မပေးခဲ့ရဘူး။ ဘောလုံးမှာက ဂိုးသွင်းလိုက်တာက ခြားနားမှုတွေ ဖြစ်စေပြီး အဲ့တာကို ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ သုံးဂိုး ဂိုးမရှိဆိုတာကတော့ အပိုဆုပေါ့ဗျာ။

သွင်းဂိုးတွေအတွင်းမှာ ကျနော် ပါဝင်ပက်သတ်ခဲ့တယ်။ ကျနော် လုပ်ရမှာကို လုပ်ခဲ့ပါတယ်။ ကျနော် ဒဏ်ရာရခဲ့ပေမယ့် လက်ကျန် ရာသီမှာတော့ အသင်းအတွက် ပါဝင်ပေးမှုတွေ လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ရမယ်ဆိုရင် ကျနေ်ာတို့ အဆင့်လေးအတွင်း ဝင်ခွင့်ရမှာပါ။ ကိုယ်ဘာသာတွေအတွက်ပဲ စဉ်းစားဖို့ လိုပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္မွဴး ဂ်ိဳတာဟာ ဒဏ္ရာကေန ျပန္သက္သာလာျပီးတည္းက ပံုစံေကာင္းေတြ ခ်က္ျခင္းျပသေနျပီး လီဗာပူးရဲ႕ ႏိုင္ပြဲေတြအတြက္ အေရးပါသူတစ္ဦး အျဖစ္ ျပန္လည္ လုပ္ျပေနတယ္။

သူဟာ ကလပ္အတြက္တင္ မကဘဲ လက္ေရြးစင္အတြက္ သြားေရာက္ကစားရာမွာလည္း ပြဲတိုင္း ဂိုးသြင္းႏုိင္သူျဖစ္တယ္။ လီဗာပူးပရိသတ္ေတြကေတာ့ ဂ်ိဳတာရဲ႕ သြင္းဂိုးကို မျမင္ရဖို႔ဆိုရင္ အရန္ခံုမွာ သူ႔ကို ေခါက္ထားမွပဲ ရမွာျဖစ္ျပီး အဲ့လိုလုပ္ဖို႔အတြက္ ဘယ္သူမွ ကေလာ့ပ္ကို ေထာက္ခံေပးမွာ မဟုတ္ဘူးလို႔ အရြန္းေဖာက္ေနၾကတာျဖစ္တယ္။

မတ္လ ႏုိင္ငံတကာ သီတင္းပတ္မွာ ဂ်ိဳတာဟာ ေပၚတူဂီအသင္းအတြက္ ၂ ပြဲကစားျပီး ၃ ဂိုး သြင္းယူခဲ့တာျဖစ္တယ္။ သူဟာ အာဆင္နယ္ပြဲမွာလည္း လူစားဝင္ကစားသမားအျဖစ္ ကြင္းထဲ ဝင္လာျပီး ၃ မိနစ္မွာတင္ အဖြင့္ဂိုး သြင္းယူခဲ့ကာ တတိယေျမာက္ အပိတ္ဂိုးကိုလည္း ထပ္မံ သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲအျပီးမွာ ဂ်ိဳတာက ” ပြဲကို က်ေန္ာတို႔ ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္။ အာဆင္နယ္ကို ပိုင္ဆိုင္မႈေတြ အမ်ားၾကီး မေပးခဲ့ရဘူး။ ေဘာလံုးမွာက ဂိုးသြင္းလိုက္တာက ျခားနားမႈေတြ ျဖစ္ေစျပီး အဲ့တာကို က်ေနာ္တုိ႔ လုပ္ႏုိင္ခဲ့တယ္။ သံုးဂိုး ဂိုးမရွိဆိုတာကေတာ့ အပိုဆုေပါ့ဗ်ာ။

သြင္းဂိုးေတြအတြင္းမွာ က်ေနာ္ ပါဝင္ပက္သတ္ခဲ့တယ္။ က်ေနာ္ လုပ္ရမွာကို လုပ္ခဲ့ပါတယ္။ က်ေနာ္ ဒဏ္ရာရခဲ့ေပမယ့္ လက္က်န္ ရာသီမွာေတာ့ အသင္းအတြက္ ပါဝင္ေပးမႈေတြ လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

လက္က်န္ပြဲေတြ အားလံုးကို အႏုိင္ရမယ္ဆိုရင္ က်ေန္ာတို႔ အဆင့္ေလးအတြင္း ဝင္ခြင့္ရမွာပါ။ ကိုယ္ဘာသာေတြအတြက္ပဲ စဥ္းစားဖို႔ လိုပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။