အမ်းမရိတ်မှာ အာဆင်နယ်ကို ဂျိုတာရဲ့ သွင်းဂိုး ၂ ဂိုး၊ ဆာလာရဲ့ သွင်းဂိုး ၁ ဂိုးတို့ဖြင့် ၃ ဂိုးပြတ် အနိုင်ယူပြီးတဲ့နောက် လီဗာပူးအသင်းဟာ အဆင့် ၄ နေရာက ချယ်ဆီးနဲ့ ၂ မှတ်အကွာ အဆင့် ၅ နေရာကို တက်ရောက်လာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည် ကျဆင်းမှုတွေဖြင့် ဇယားအလယ်ထိ ထိုးကျခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အညံ့ဆုံးသော ချန်ပီယံကာကွယ်သူအဖြစ်ပါ နာမည်ဆိုးရထားတာပါ။ ဒါပေမယ့်လို့ မတ်လအတွင်းက ပွဲတွေကနေ စတင်ကာ နိုင်ပွဲအတွက် ရှိသင့်တဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် လုပ်ပြလာနိုင်ပြီး အာဆင်နယ်ကို အနိုင်ယူမှုက ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက် အကောင်းဆုံး ပြင်ဆင်မှုလည်း ဖြစ်လာပါမယ်။

ပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ လီဗာပူးအသင်းက ဂိုးမရခဲ့ပါဘူး။ ပုံမှန်အားဖြင့် ဒီလို အနေအထားဆိုရင် ဒုတိယပိုင်းမှာလည်း လီဗာပူးက ဂိုးထပ်ယူနိုင်ဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒါပေမယ့်လို့ အရန်ခုံမှာ ပွဲအဖြေကို ပြောင်းလဲနိုင်မယ့် ဂျိုတာလို ကစားသမားမျိုး ရှိနေတာက မန်နေဂျာကလော့ပ်အတွက် အသက်ရှုချောင်စေခဲ့တယ်။

နိုင်ငံတကာသီတင်းပတ်မှာ လက်ရွေးစင်အတွက် ကစားချိန်များထားတဲ့ ရော်ဘတ်ဆန်ကို ထုတ်ပြီး ဂျိုတာကို ထည့်ခြင်းက အမှန်ကန်ဆုံး နည်းစနစ်ပိုင်း ပြောင်းလဲမှုဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ဖာမင်နိုနေရာ ဝိုက်နယ်ဒမ်၊ ခါဘတ်နေရာ ဝီလီယမ်တို့ဖြင့် အစားထိုးခဲ့ပါတယ်။

အာဆင်နယ်ပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ခဲ့ပြီး ထိပ်တန်းခြေစွမ်းတွေ ပြသခဲ့တာက ဖာမင်နိုနဲ့ ထရန့်တို့ပဲဖြစ်တယ်။ ဂျိုတာရဲ့ ဦးဆောင်ဂိုးအတွက် ထရန့်ရဲ့ ဖြတ်တင်ဘောကို ကလော့ပ် ကိုယ်တိုင်က ” သိပ်ကောင်းတဲ့ ကမ္ဘာအဆင့် ပေးမှု” ဆိုပြီး ညွှန်းဆိုခဲ့ရတယ်။

ကွင်းလယ်ခံစစ်က ဖာဘင်ညိုရဲ့ ခံစစ်ကို ကာကွယ်မှု တိုက်စစ်အတွက် နေရာလွတ်တွေထံ ဘောလုံးပေးမှုတွေကလည်း အားရကျေနပ်စရာ ကောင်းခဲ့ပါတယ်။ ဆာလာ ပြေးထွက်နိုင်မယ့် ပြေးလမ်းကြောင်းကို ဖာဘင်ညိုရဲ့ ဘောလုံးချပေးမှုက ဒုတိယဂိုးဖြစ်စေတဲ့ထိ သက်ရောက်စေခဲ့တယ်။

လက်ရှိ လီဗာပူးခံစစ်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်တဲ့ ဖီးလစ်-ခါဘတ် အတွဲကလည်း တည်ငြိမ်တဲ့ ခြေစွမ်းတွေ ဆက်ပြသထားနိုင်တယ်။ အဆိုးမြင်စရာအားဖြင့် ပွဲဆက်များနေတဲ့ ရော်ဘတ်ဆန်ရဲ့ ခြေစွမ်း အတန်ငယ် ကျဆင်းနေပြီး ဖာမင်နိုကလည်း ပုံစံကောင်းပြန်ရဖို့ ရုန်းကန်နေရဆဲဖြစ်တယ်။

လက်ကျန် ဘောလုံးရာသီမှာ ခြေစွမ်းပြန်ပြဖို့ ဦးတည်လာတဲ့ လီဗာပူးအသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ လက်ရှိ အဝေးကွင်းပုံစံကောင်းတွေကို ဆက်ထိန်းပြီး စပိန်မြေမှာ ပြိုင်ဘက်ဟောင်းကို လီဗာပူးအသင်း ဘာလုပ်ပြနိုင်မလဲဆိုတာက ဒီရက်ပိုင်းမှာပဲ အဖြေပေါ်မှာဖြစ်ပါတယ်။

ZAWGYI

အမ္းမရိတ္မွာ အာဆင္နယ္ကို ဂ်ိဳတာရဲ႕ သြင္းဂိုး ၂ ဂိုး၊ ဆာလာရဲ႕ သြင္းဂိုး ၁ ဂိုးတို႔ျဖင့္ ၃ ဂိုးျပတ္ အႏုိင္ယူျပီးတဲ့ေနာက္ လီဗာပူးအသင္းဟာ အဆင့္ ၄ ေနရာက ခ်ယ္ဆီးနဲ႔ ၂ မွတ္အကြာ အဆင့္ ၅ ေနရာကို တက္ေရာက္လာခဲ့ပါတယ္။

လီဗာပူးအသင္းဟာ စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္ က်ဆင္းမႈေတြျဖင့္ ဇယားအလယ္ထိ ထိုးက်ခဲ့ျပီး ပရီးမီးယားလိဂ္သမိုင္းမွာ အညံ့ဆံုးေသာ ခ်န္ပီယံကာကြယ္သူအျဖစ္ပါ နာမည္ဆိုးရထားတာပါ။ ဒါေပမယ့္လို႔ မတ္လအတြင္းက ပြဲေတြကေန စတင္ကာ ႏုိင္ပြဲအတြက္ ရွိသင့္တဲ့ စြမ္းေဆာင္ရည္ေတြကို ျပန္လည္ လုပ္ျပလာႏုိင္ျပီး အာဆင္နယ္ကို အႏုိင္ယူမႈက ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အတြက္ အေကာင္းဆံုး ျပင္ဆင္မႈလည္း ျဖစ္လာပါမယ္။

ပြဲကို အျပည့္အဝ ထိန္းခ်ဳပ္ႏုိင္ခဲ့ေပမယ့္ ပထမပိုင္းမွာ လီဗာပူးအသင္းက ဂိုးမရခဲ့ပါဘူး။ ပံုမွန္အားျဖင့္ ဒီလို အေနအထားဆိုရင္ ဒုတိယပိုင္းမွာလည္း လီဗာပူးက ဂိုးထပ္ယူႏုိင္ဖို႔ ခက္ခဲေလ့ရွိပါတယ္။ ဒါေပမယ့္လို႔ အရန္ခုံမွာ ပြဲအေျဖကို ေျပာင္းလဲႏုိင္မယ့္ ဂ်ိဳတာလို ကစားသမားမ်ိဳး ရွိေနတာက မန္ေနဂ်ာကေလာ့ပ္အတြက္ အသက္ရႈေခ်ာင္ေစခဲ့တယ္။

ႏုိင္ငံတကာသီတင္းပတ္မွာ လက္ေရြးစင္အတြက္ ကစားခ်ိန္မ်ားထားတဲ့ ေရာ္ဘတ္ဆန္ကို ထုတ္ျပီး ဂ်ိဳတာကို ထည့္ျခင္းက အမွန္ကန္ဆံုး နည္းစနစ္ပိုင္း ေျပာင္းလဲမႈျဖစ္ခဲ့တယ္။ ေနာက္ပိုင္းမွာ ဖာမင္ႏိုေနရာ ဝိုက္နယ္ဒမ္၊ ခါဘတ္ေနရာ ဝီလီယမ္တို႔ျဖင့္ အစားထိုးခဲ့ပါတယ္။

အာဆင္နယ္ပြဲမွာ ပြဲထြက္လူစာရင္းက ပါဝင္ခဲ့ျပီး ထိပ္တန္းေျခစြမ္းေတြ ျပသခဲ့တာက ဖာမင္ႏိုနဲ႔ ထရန္႔တို႔ပဲျဖစ္တယ္။ ဂ်ိဳတာရဲ႕ ဦးေဆာင္ဂိုးအတြက္ ထရန္႔ရဲ႕ ျဖတ္တင္ေဘာကို ကေလာ့ပ္ ကိုယ္တိုင္က ” သိပ္ေကာင္းတဲ့ ကမၻာအဆင့္ ေပးမႈ” ဆိုျပီး ညႊန္းဆိုခဲ့ရတယ္။

ကြင္းလယ္ခံစစ္က ဖာဘင္ညိဳရဲ႕ ခံစစ္ကို ကာကြယ္မႈ တိုက္စစ္အတြက္ ေနရာလြတ္ေတြထံ ေဘာလံုးေပးမႈေတြကလည္း အားရေက်နပ္စရာ ေကာင္းခဲ့ပါတယ္။ ဆာလာ ေျပးထြက္ႏုိင္မယ့္ ေျပးလမ္းေၾကာင္းကို ဖာဘင္ညိဳရဲ႕ ေဘာလံုးခ်ေပးမႈက ဒုတိယဂိုးျဖစ္ေစတဲ့ထိ သက္ေရာက္ေစခဲ့တယ္။

လက္ရွိ လီဗာပူးခံစစ္အတြက္ အေကာင္းဆံုး ေရြးခ်ယ္မႈျဖစ္တဲ့ ဖီးလစ္-ခါဘတ္ အတြဲကလည္း တည္ျငိမ္တဲ့ ေျခစြမ္းေတြ ဆက္ျပသထားႏုိင္တယ္။ အဆိုးျမင္စရာအားျဖင့္ ပြဲဆက္မ်ားေနတဲ့ ေရာ္ဘတ္ဆန္ရဲ႕ ေျခစြမ္း အတန္ငယ္ က်ဆင္းေနျပီး ဖာမင္ႏိုကလည္း ပံုစံေကာင္းျပန္ရဖို႔ ရုန္းကန္ေနရဆဲျဖစ္တယ္။

လက္က်န္ ေဘာလုံးရာသီမွာ ေျခစြမ္းျပန္ျပဖို႔ ဦးတည္လာတဲ့ လီဗာပူးအသင္းဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲအျဖစ္ ရီးရဲလ္မက္ဒရစ္ကို အေဝးကြင္း သြားေရာက္ ယွဥ္ၿပိဳင္ရမွာျဖစ္တယ္။ လက္ရွိ အေဝးကြင္းပုံစံေကာင္းေတြကို ဆက္ထိန္းၿပီး စပိန္ေျမမွာ ၿပိဳင္ဘက္ေဟာင္းကို လီဗာပူးအသင္း ဘာလုပ္ျပႏိုင္မလဲဆိုတာက ဒီရက္ပိုင္းမွာပဲ အေျဖေပၚမွာျဖစ္ပါတယ္။