ကမ္ဘာဖလားခြေစစ်ပွဲတွေမှာ အင်္ဂလန်မန်နေဂျာက သူ့ကို လူစာရင်းကနေ ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ထရန့်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေမယ်လို့ ဂျင်မီရပ်နက်က မှတ်ချက်ပေးပါတယ်။

ဒီရာသီမှာတော့ လူငယ်ကစားသမားလေး ထရန့်ဟာ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရတာပါ။ ရာသီကြိုမှာ ကိုဗစ်ကူးစက်ခံရမှုကြောင့် အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ မပါဝင်နိုင်ခဲ့တဲ့ ထရန့်ဟာ ဒဏ်ရာပြဿနာလည်း ရှိခဲ့သေးတာပါ။ ကစားသမားဘဝ အနိမ့်ပါးဆုံး အခြေအနေကို ရင်ဆိုင်အပြီးမှာတော့ ထရန့်က သင်ယူမှုတွေ လုပ်နိုင်ခဲ့ပြီလို့ ရပ်နက်က ယုံကြည်နေတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျင်မီရပ်နက်က ” ဒီကိစ္စတွေအပြီးမှာ ထရန့်က ပိုကောင်းတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။ ကစားသမားတိုင်းဟာ သူတို့ရဲ့ ကစားသမားဘဝမှာ ပုံစံကောင်း ပျောက်ဆုံးတဲ့ အချိန်အခါကို ရင်ဆိုင်ကြရတာပါပဲ။

ဒီနှစ်ထဲမှာ ထရန့်ရဲ့ ခံစစ်ပိုင်း တာဝန်ယူမှုက အများကြီး ကျဆင်းခဲ့တယ်ဆိုတာကို ကျနော် သတိပေးခဲ့ပြီးပါပြီ။ သူက တိုက်စစ်ကို ခပ်မြန်မြန် လိုက်ပါသွားပြီး ခံစစ်ကို လုံလောက်အောင် ပြန်ဆင်းကူပေးနိုင်စွမ်း မရှိခဲ့ပါဘူး။ သူက သူ့ရဲ့ စွမ်းဆောင်ရည်တွေအတွက် ပျော်ရွှင်ကျေနပ်ခြင်း လုံးဝ မရှိခဲ့ပါဘူး။

အခုချိန်မှာတော့ ထရန့်က တိုက်စစ်ကို လိုက်ရာမှာ ပိုကောင်းလာပါတယ်။ သူရဲ့ အားနည်းချက်တွေကနေ သင်ယူမှုတွေ လုပ်ခဲ့ရလို့ဖြစ်တယ်။ သူက ပိုကောင်းတဲ့ ကစားသမားဖြစ်လာလိမ့်မယ်၊ အရင်ကထက်လည်း ကူညီမှုတွေ ပိုလုပ်လာနိုင်လိမ့်မယ်။

အကယ်လို့ အင်္ဂလန်က ခံစစ် သုံးယောက်တန်း ကစားမယ်ဆိုရင်တော့ ရိစ်ဂျိမ်းကို တစ်နေရာအတွက် ရွေးချယ်လို့ ရကောင်းရမှာပေါ့။ ဒါပေမယ့် အင်္ဂလန်က ခံစစ် လေးယောက်တန်း ကစားမယ်ဆိုရင်တော့ ထရန့်က အကောင်းဆုံး ညာအစွန်လူပဲ ဖြစ်ပါတယ်။ သူက ကမ္ဘာအကောင်းဆုံး ညာအစွန်လူတစ်ဦး ဖြစ်ပါတယ်။

သူ့ကို ယုံကြည်မှုပေးမယ်ဆိုရင် သူက အကောင်းဆုံး ပြန်လုပ်ပြမှာပါ။ တစ်ခါတစ်လေမှာတော့ ဘောလုံးမှာ အချိန်လိုပါတယ်။ အင်္ဂလန်က ထရန့် မပါလည်းရတယ်ဆိုပြီး သူ့ကို လူစာရင်းကနေ ချန်ခဲ့မယ်လို့ မထင်ပါဘူး။ သူက သက်သေပြဖို့ ကြိုးစားမှာပါ။ အံကိုကြိတ်ပြီး သူ့က မှန်ကန်တာကို လုပ်ပြလိုနေတာကို ခင်ဗျားတို့လည်း မြင်မှာပါ။ ပိုကောင်းလာပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ကမၻာဖလားေျခစစ္ပြဲေတြမွာ အဂၤလန္မန္ေနဂ်ာက သူ႔ကို လူစာရင္းကေန ထုတ္ပယ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္ဟာ ထရန္႔ကို ပိုေကာင္းတဲ့ ကစားသမားျဖစ္လာေစမယ္လို႔ ဂ်င္မီရပ္နက္က မွတ္ခ်က္ေပးပါတယ္။

ဒီရာသီမွာေတာ့ လူငယ္ကစားသမားေလး ထရန္႔ဟာ ေျခစြမ္းတည္ျငိမ္ဖို႔ ရုန္းကန္ေနရတာပါ။ ရာသီၾကိဳမွာ ကိုဗစ္ကူးစက္ခံရမႈေၾကာင့္ အသင္းရဲ႕ ေလ့က်င့္ေရးေတြမွာ မပါဝင္ႏုိင္ခဲ့တဲ့ ထရန္႔ဟာ ဒဏ္ရာျပႆနာလည္း ရွိခဲ့ေသးတာပါ။ ကစားသမားဘဝ အနိမ့္ပါးဆံုး အေျခအေနကို ရင္ဆိုင္အျပီးမွာေတာ့ ထရန္႔က သင္ယူမႈေတြ လုပ္ႏုိင္ခဲ့ျပီလို႔ ရပ္နက္က ယံုၾကည္ေနတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂ်င္မီရပ္နက္က ” ဒီကိစၥေတြအျပီးမွာ ထရန္႔က ပိုေကာင္းတဲ့ ကစားသမား ျဖစ္လာပါလိမ့္မယ္။ ကစားသမားတိုင္းဟာ သူတို႔ရဲ႕ ကစားသမားဘဝမွာ ပံုစံေကာင္း ေပ်ာက္ဆံုးတဲ့ အခ်ိန္အခါကို ရင္ဆိုင္ၾကရတာပါပဲ။

ဒီႏွစ္ထဲမွာ ထရန္႔ရဲ႕ ခံစစ္ပိုင္း တာဝန္ယူမႈက အမ်ားၾကီး က်ဆင္းခဲ့တယ္ဆိုတာကို က်ေနာ္ သတိေပးခဲ့ျပီးပါျပီ။ သူက တိုက္စစ္ကို ခပ္ျမန္ျမန္ လုိက္ပါသြားျပီး ခံစစ္ကို လံုေလာက္ေအာင္ ျပန္ဆင္းကူေပးႏုိင္စြမ္း မရွိခဲ့ပါဘူး။ သူက သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြအတြက္ ေပ်ာ္ရႊင္ေက်နပ္ျခင္း လံုးဝ မရွိခဲ့ပါဘူး။

အခုခ်ိန္မွာေတာ့ ထရန္႔က တိုက္စစ္ကို လိုက္ရာမွာ ပိုေကာင္းလာပါတယ္။ သူရဲ႕ အားနည္းခ်က္ေတြကေန သင္ယူမႈေတြ လုပ္ခဲ့ရလို႔ျဖစ္တယ္။ သူက ပိုေကာင္းတဲ့ ကစားသမားျဖစ္လာလိမ့္မယ္၊ အရင္ကထက္လည္း ကူညီမႈေတြ ပိုလုပ္လာႏုိင္လိမ့္မယ္။

အကယ္လို႔ အဂၤလန္က ခံစစ္ သုံးေယာက္တန္း ကစားမယ္ဆိုရင္ေတာ့ ရိစ္ဂ်ိမ္းကို တစ္ေနရာအတြက္ ေရြးခ်ယ္လို႔ ရေကာင္းရမွာေပါ့။ ဒါေပမယ့္ အဂၤလန္က ခံစစ္ ေလးေယာက္တန္း ကစားမယ္ဆိုရင္ေတာ့ ထရန္႔က အေကာင္းဆံုး ညာအစြန္လူပဲ ျဖစ္ပါတယ္။ သူက ကမၻာအေကာင္းဆံုး ညာအစြန္လူတစ္ဦး ျဖစ္ပါတယ္။

သူ႔ကို ယံုၾကည္မႈေပးမယ္ဆိုရင္ သူက အေကာင္းဆံုး ျပန္လုပ္ျပမွာပါ။ တစ္ခါတစ္ေလမွာေတာ့ ေဘာလံုးမွာ အခ်ိန္လိုပါတယ္။ အဂၤလန္က ထရန္႔ မပါလည္းရတယ္ဆိုျပီး သူ႔ကို လူစာရင္းကေန ခ်န္ခဲ့မယ္လို႔ မထင္ပါဘူး။ သူက သက္ေသျပဖို႔ ၾကိဳးစားမွာပါ။ အံကိုၾကိတ္ျပီး သူ႔က မွန္ကန္တာကို လုပ္ျပလိုေနတာကို ခင္ဗ်ားတို႔လည္း ျမင္မွာပါ။ ပိုေကာင္းလာပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။