နိုင်ငံတကာသီတင်းပတ်ကနေ ပြန်လာတဲ့ ကစားသမားတွေကို ပွဲထွက်စာရင်းအတွက် အကောင်းဆုံး စီမံပေးနိုင်မှုနှင့်အတူ လီဗာပူးက အာဆင်နယ်ကို ၃-၀ ဖြင့် အနိုင်ယူခဲ့ပြီဖြစ်တယ်။

ဒီကြားရက်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲအဖြစ် လီဗာပူးအသင်းက ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒီပွဲမှာတော့ မန်နေဂျာကလော့ပ်က ပုံစံကောင်းရနေတဲ့ ကစားသမားတွေကိုပဲ အဓိက ထုတ်သုံးဖွယ်ရှိကြောင်း လီဗာပူးသတင်းထောက် ဂျိမ်းပီယာ့ဇ်က ဆိုပါတယ်။

ပီယာဇ့်က ” ဂျိုတာ (သို့) ဖာမင်နို တစ်ဦးကိုပဲ ထုတ်သုံးပါလိမ့်မယ်။ နှစ်ဦးလုံး ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရမယ်ဆိုရင်တော့ ကျနော် အံ့သြမိမှာပါပဲ။ တိုက်စစ်သမား လေးဦးလုံးကို ပွဲထွက် လူစာရင်းကနေ ထည့်လာဖို့ မရှိပါဘူး။ ဖာမင်နိုကို ချန်လှပ်ခဲ့မယ်လို့ ထင်မိပါတယ်။

နိုင်ငံတကာ သီတင်းပတ်မှာ ဂျိုတာက ပွဲချိန်အများကြီး ကစားလာခဲ့တာကြောင့် ရီးရဲလ်ပွဲမှာ သူ့ကို ထုတ်သုံးမလားဆိုတာက ကလော့ပ်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကွင်းလယ်မှာတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ဝိုက်နယ်ဒမ်တို့ကို ပွဲထုတ်သွားပါလိမ့်မယ်။

လီဗာပူးက ရာသီကုန်မှာ ခါဘတ်ကို အပြီးသတ် ခေါ်ယူမလားဆိုတာ ပြောဖို့က သိပ်စောပါသေးတယ်။ ဘာဆုံးဖြတ်ချက်မှ မလုပ်ရသေးပါဘူး။ သူက သက်သေပြမှုတွေ ဆက်လုပ်ရဦးမှာပါ။ ” လို့ဆိုခဲ့တယ်။

မန်နေဂျာကလော့ပ်ကတော့ လက်တလောမှာ ခံစစ်တွဲလုံးအဖြစ် နက်ဖီးလစ်နဲ့ ခါဘတ်တို့ အတွဲက အကောင်းဆုံး ကြိုးစားနေပါတယ်လို့ ထုတ်ပြောလာခဲ့တယ်။ သူကတော့ ဒီခံစစ်သမား နှစ်ဦး ဆက်ပြီး ကြံ့ခိုင်နေဖို့ပဲ မျှော်လင့်တယ်လို့ ဆိုထားတာကြောင့် ရီးရဲလ်ပွဲမှာ ဖာဘင်ညိုကို ကွင်းလယ်မှာ ဆက်သုံးပြီး ခံစစ်အတွဲကို မဖြုတ်ဖို့ ရည်ရွယ်ထားတယ်လို့ ခန့်မှန်းရတာ ဖြစ်ပါတယ်။

ZAWGYI

ႏုိင္ငံတကာသီတင္းပတ္ကေန ျပန္လာတဲ့ ကစားသမားေတြကို ပြဲထြက္စာရင္းအတြက္ အေကာင္းဆံုး စီမံေပးႏုိင္မႈႏွင့္အတူ လီဗာပူးက အာဆင္နယ္ကို ၃-၀ ျဖင့္ အႏုိင္ယူခဲ့ျပီျဖစ္တယ္။

ဒီၾကားရက္မွာေတာ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအတြက္ အေရးပါတဲ့ ပြဲစဥ္တစ္ပြဲအျဖစ္ လီဗာပူးအသင္းက ရီးရဲလ္မက္ဒရစ္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဒီပြဲမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က ပံုစံေကာင္းရေနတဲ့ ကစားသမားေတြကိုပဲ အဓိက ထုတ္သံုးဖြယ္ရွိေၾကာင္း လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီယာ့ဇ္က ဆိုပါတယ္။

ပီယာဇ့္က ” ဂ်ိဳတာ (သို႔) ဖာမင္ႏို တစ္ဦးကိုပဲ ထုတ္သံုးပါလိမ့္မယ္။ ႏွစ္ဦးလံုး ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ရမယ္ဆိုရင္ေတာ့ က်ေနာ္ အံ့ၾသမိမွာပါပဲ။ တိုက္စစ္သမား ေလးဦးလံုးကို ပြဲထြက္ လူစာရင္းကေန ထည့္လာဖို႔ မရွိပါဘူး။ ဖာမင္ႏိုကို ခ်န္လွပ္ခဲ့မယ္လို႔ ထင္မိပါတယ္။

ႏုိင္ငံတကာ သီတင္းပတ္မွာ ဂ်ိဳတာက ပြဲခ်ိန္အမ်ားၾကီး ကစားလာခဲ့တာေၾကာင့္ ရီးရဲလ္ပြဲမွာ သူ႔ကို ထုတ္သံုးမလားဆိုတာက ကေလာ့ပ္ရဲ႕ ဆံုးျဖတ္ခ်က္ အေပၚမွာပဲ မူတည္ပါလိမ့္မယ္။ ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ဝိုက္နယ္ဒမ္တို႔ကို ပြဲထုတ္သြားပါလိမ့္မယ္။

လီဗာပူးက ရာသီကုန္မွာ ခါဘတ္ကို အျပီးသတ္ ေခၚယူမလားဆိုတာ ေျပာဖို႔က သိပ္ေစာပါေသးတယ္။ ဘာဆံုးျဖတ္ခ်က္မွ မလုပ္ရေသးပါဘူး။ သူက သက္ေသျပမႈေတြ ဆက္လုပ္ရဦးမွာပါ။ ” လို႔ဆိုခဲ့တယ္။

မန္ေနဂ်ာကေလာ့ပ္ကေတာ့ လက္တေလာမွာ ခံစစ္တြဲလံုးအျဖစ္ နက္ဖီးလစ္နဲ႔ ခါဘတ္တို႔ အတြဲက အေကာင္းဆံုး ၾကိဳးစားေနပါတယ္လို႔ ထုတ္ေျပာလာခဲ့တယ္။ သူကေတာ့ ဒီခံစစ္သမား ႏွစ္ဦး ဆက္ျပီး ၾကံ႕ခိုင္ေနဖို႔ပဲ ေမွ်ာ္လင့္တယ္လို႔ ဆိုထားတာေၾကာင့္ ရီးရဲလ္ပြဲမွာ ဖာဘင္ညိဳကို ကြင္းလယ္မွာ ဆက္သံုးျပီး ခံစစ္အတြဲကို မျဖဳတ္ဖို႔ ရည္ရြယ္ထားတယ္လို႔ ခန္႔မွန္းရတာ ျဖစ္ပါတယ္။