ဒီနှစ် ဘောလုံးရာသီဟာ လီဗာပူးအသင်းရဲ့ အင်္ဂလန်သား ကစားသမားတွေအတွက် နှစ်ကောင်းတစ်နှစ်တော့ မဟုတ်ခဲ့ပါဘူး။

အကောင်းဆုံး လူငယ်ဖြစ်တဲ့ ထရန့်က ရာသီစမှာတင် ကိုဗစ် ကူးစက်ခံခဲ့ရသလို ချိန်ဘာလိန်ကလည်း ဒူးဒဏ်ရာ ပြန်ရခဲ့တယ်။ ဘောလုံးရာသီ စတင်လာခဲ့အပြီးမှာ ထရန့်က ပုံမှန်ခြေစွမ်းအောက် ကျဆင်းခဲ့ပြီး ဂိုးမက်စ် ကာလရှည် ဒဏ်ရာရခဲ့သလို အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ခံစစ်မှူးအဖြစ် အသုံးတော်ခံရင်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ဒါပေမယ့်လို့ အားလုံးထဲမှာ နောက်ဆုံး အခွင့်အရေးကို သက်သေပြရတော့မှာက ကွင်းလယ်တိုက်စစ်သမားဖြစ်တဲ့ ချိန်ဘာလိန်ပဲဖြစ်တယ်။ တယ်လီဂရပ်မှ လီဗာပူးသတင်းထောက် Chris Bascombe ကတော့ ဒီနွေ ရာသီကြိုမှာ ချိန်ဘာလိန်က သူ့ရဲ့ စွမ်းရည်ကို ကြံ့ခိုင်မှုကောင်းစွာဖြင့် ထုတ်မပြနိုင်ဘူးဆိုရင် လီဗာပူးနဲ့ အနာဂတ် ပြီးဆုံးသွားမယ်လို့ ယုံကြည်နေတယ်။

၂၀၁၇ မှာ အာဆင်နယ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ချိန်ဘာလိန်ဟာ သူအကောင်းဆုံး စွမ်းဆောင်နိုင်နေချိန်မှာ ဒဏ်ရာရခဲ့တာပါ။ အမှတ်ပေးပွဲတွေမှာ ပွဲထွက်လူစာရင်းက ၂၅ ပွဲထိ ပါဝင်ခဲ့ပြီး ကိုယ်တိုင် သွင်းဂိုး ၅ ဂိုး ဂိုးဖန်တီးမှု ၈ ကြိမ် လုပ်နိုင်ခဲ့တဲ့ ချိန်ဘာလိန်ဟာ ၂၀၁၈ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရိုးမားနှင့် ရင်ဆိုင်ကစားစဉ် ဒဏ်ရာရသွားခဲ့တာဖြစ်ကာ အဲ့အချိန်ကစလို အားလုံးက စတင်ကာ ပြောင်းလဲသွားခဲ့တာဖြစ်တယ်။

အဲ့ကာလနောက်ပိုင်းမှာ ပရီးမီးယားလိဂ်အတွင်း ချိန်ဘာလိန် မိနစ် ၉၀ အပြည့် ကစားခွင့်ရတာဆိုလို့ တစ်ပွဲပဲ ရှိခဲ့တယ်။ ဒီရာသီမှာဆိုရင် သူ့ရဲ့ ပွဲကစားခွင့်က ပိုမို နည်းပါလာခဲ့ပါတယ်။

လီဗာပူးကွင်းလယ်မှာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုက ခံစစ်ပိုင်းကို ပိုမို အားပြုပြီး သီယာဂို၊ ဂျုံး၊ မီလ်နာတို့လည်း ရှိနေမှာဖြစ်တယ်။ ဒါပေမယ့်လို့ တိုက်စစ်အားသန် ကွင်းလယ်နေရာအတွက်တော့ ကိတ်တာနဲ့ ချိန်ဘာလိန် နှစ်ဦးပဲ အဓိက ကစားနိုင်တာဖြစ်ပါတယ်။

ဒီနွေ ရာသီကြိုမှာတော့ ကိတ်တာနည်းတူ ချိန်ဘာလိန်ဟာ သူ့ရဲ့ ကြံ့ခိုင်မှု၊ စွမ်းဆောင်ရည်တွေကို ပြသသွားရမှာဖြစ်တယ်။ မဟုတ်ခဲ့ရင်တော့ ချိန်ဘာလိန်ရဲ့ လီဗာပူးဂျာစီ ဝတ်ဆင်ခွင့်ဟာ ပြီးဆုံးသွားနိုင်တဲ့ အခြေအနေဖြစ်ကြောင်း Chris Bascombe က ဖော်ပြသွားခဲ့ပါတယ်။

ZAWGYI

ဒီႏွစ္ ေဘာလံုးရာသီဟာ လီဗာပူးအသင္းရဲ႕ အဂၤလန္သား ကစားသမားေတြအတြက္ ႏွစ္ေကာင္းတစ္ႏွစ္ေတာ့ မဟုတ္ခဲ့ပါဘူး။

အေကာင္းဆံုး လူငယ္ျဖစ္တဲ့ ထရန္႔က ရာသီစမွာတင္ ကိုဗစ္ ကူးစက္ခံခဲ့ရသလို ခ်ိန္ဘာလိန္ကလည္း ဒူးဒဏ္ရာ ျပန္ရခဲ့တယ္။ ေဘာလံုးရာသီ စတင္လာခဲ့အျပီးမွာ ထရန္႔က ပံုမွန္ေျခစြမ္းေအာက္ က်ဆင္းခဲ့ျပီး ဂိုးမက္စ္ ကာလရွည္ ဒဏ္ရာရခဲ့သလို အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကလည္း ခံစစ္မွဴးအျဖစ္ အသံုးေတာ္ခံရင္း ဒဏ္ရာေၾကာင့္ အနားယူေနရပါတယ္။

ဒါေပမယ့္လို႔ အားလံုးထဲမွာ ေနာက္ဆံုး အခြင့္အေရးကို သက္ေသျပရေတာ့မွာက ကြင္းလယ္တိုက္စစ္သမားျဖစ္တဲ့ ခ်ိန္ဘာလိန္ပဲျဖစ္တယ္။ တယ္လီဂရပ္မွ လီဗာပူးသတင္းေထာက္ Chris Bascombe ကေတာ့ ဒီေႏြ ရာသီၾကိဳမွာ ခ်ိန္ဘာလိန္က သူ႔ရဲ႕ စြမ္းရည္ကို ၾကံ႕ခိုင္မႈေကာင္းစြာျဖင့္ ထုတ္မျပႏုိင္ဘူးဆိုရင္ လီဗာပူးနဲ႔ အနာဂတ္ ျပီးဆံုးသြားမယ္လို႔ ယံုၾကည္ေနတယ္။

၂၀၁၇ မွာ အာဆင္နယ္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ သူအေကာင္းဆံုး စြမ္းေဆာင္ႏုိင္ေနခ်ိန္မွာ ဒဏ္ရာရခဲ့တာပါ။ အမွတ္ေပးပြဲေတြမွာ ပြဲထြက္လူစာရင္းက ၂၅ ပြဲထိ ပါဝင္ခဲ့ျပီး ကိုယ္တိုင္ သြင္းဂိုး ၅ ဂိုး ဂိုးဖန္တီးမႈ ၈ ၾကိမ္ လုပ္ႏုိင္ခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ ၂၀၁၈ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ ရိုးမားႏွင့္ ရင္ဆိုင္ကစားစဥ္ ဒဏ္ရာရသြားခဲ့တာျဖစ္ကာ အဲ့အခ်ိန္ကစလို အားလံုးက စတင္ကာ ေျပာင္းလဲသြားခဲ့တာျဖစ္တယ္။

အဲ့ကာလေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္အတြင္း ခ်ိန္ဘာလိန္ မိနစ္ ၉၀ အျပည့္ ကစားခြင့္ရတာဆိုလို႔ တစ္ပြဲပဲ ရွိခဲ့တယ္။ ဒီရာသီမွာဆိုရင္ သူ႔ရဲ႕ ပြဲကစားခြင့္က ပိုမို နည္းပါလာခဲ့ပါတယ္။

လီဗာပူးကြင္းလယ္မွာ ဟန္ဒါဆန္နဲ႔ ဖာဘင္ညိဳက ခံစစ္ပိုင္းကို ပိုမို အားျပဳျပီး သီယာဂို၊ ဂ်ံဳး၊ မီလ္နာတို႔လည္း ရွိေနမွာျဖစ္တယ္။ ဒါေပမယ့္လို႔ တိုက္စစ္အားသန္ ကြင္းလယ္ေနရာအတြက္ေတာ့ ကိတ္တာနဲ႔ ခ်ိန္ဘာလိန္ ႏွစ္ဦးပဲ အဓိက ကစားႏုိင္တာျဖစ္ပါတယ္။

ဒီေႏြ ရာသီၾကိဳမွာေတာ့ ကိတ္တာနည္းတူ ခ်ိန္ဘာလိန္ဟာ သူ႔ရဲ႕ ၾကံ႕ခိုင္မႈ၊ စြမ္းေဆာင္ရည္ေတြကို ျပသသြားရမွာျဖစ္တယ္။ မဟုတ္ခဲ့ရင္ေတာ့ ခ်ိန္ဘာလိန္ရဲ႕ လီဗာပူးဂ်ာစီ ဝတ္ဆင္ခြင့္ဟာ ျပီးဆံုးသြားႏုိင္တဲ့ အေျခအေနျဖစ္ေၾကာင္း Chris Bascombe က ေဖာ္ျပသြားခဲ့ပါတယ္။