လီဗာပူးက အာဆင်နယ်ကို အနိုင်ရအပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့မှုနဲ့အတူ ဂျိုတာ၊ ဖာဘင်ညိုတို့အပေါ် ချီးကျူးမှုတွေကလည်း မြင့်တက်လာနေပါတယ်။

ဒါကြောင့်လည်း လာမယ့် ရီးရဲလ်နဲ့ပွဲမှာ သွင်းဂိုးတွေအတွက် ရုန်းကန်နေရတဲ့ ဖာမင်နိုနေရာ ဂျိုတာ ဝင်လာမယ်လို့ ခန့်မှန်းချက်တွေ ရှိနေတယ်။ ဒါပေမယ့်လို့ လူမှုကွန်ယက်ပေါ်က အသံတွေအရ ပုံစံကောင်းတွေ ပြန်ရပါ့မလား လီဗာပူပရိသတ်တွေ စိုးရိမ်နေရတဲ့ တိုက်စစ်သမားက ဖာမင်နို မဟုတ်ခဲ့ပါဘူး။

ဘယ်တောင်ပံတိုက်စစ်သမား မာနေးဟာ အာဆင်နယ်ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၁၇ ကြိမ် ရှိခဲ့ပြီး အခွင့်အရေးကြီး ၂ ကြိမ်ကိုလည်း လွဲချော်ခဲ့တယ်။ အာဆင်နယ်ကို သွင်းယူတဲ့ တတိယဂိုးဟာဆိုရင် မာနေးရဲ့ တုံ့ဆိုင်းနေမှုနောက်မှာ ဂျိုတာ ခပ်မြန်မြန် ပြေးဝင်ပိတ်သွင်းခြင်းကြောင်း ဂိုးရခဲ့တာဖြစ်တယ်။

မာနေးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇ ဂိုးပဲ ရထားတာဖြစ်ပြီး ဂိုးထောက်ပံံ့မှုကလည်း ၆ ကြိမ်ပဲ လုပ်ထားနိုင်တာဖြစ်တယ်။ ဒါဟာ သူ့ရဲ့ လီဗာပူးကစာသမားဘဝ အနည်းဆုံး မှတ်တမ်းဖြစ်ကာ ဒီရာသီ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရတဲ့ အသင်းသားတွေထ တစ်ဦးအဖြစ် ပါဝင်နေတာဖြစ်တယ်။

လီဗာပူးတိုက်စစ်မှူးသစ် ဂျိုတာတောင်မှ အမှတ်ပေးပွဲ ၁၃ ပွဲ ကစားပြီး သွင်း၈ိုး ၈ ဂိုး ရထားတာကြောင့် မာနေးရဲ့ ဂိုးသွင်းခြေစွမ်း ကျဆင်းနေမှုက မြင်သာခဲ့တယ်။ လီဗာပူးရဲ့ ကောင်တာတိုက်စစ်တွေမှာ ဆာလာနဲ့အပြိုင် ထွန်းတောက်လာခဲ့တဲ့ မာနေးဟာ ဒီရာသီမှာတော့ သူ့ရဲ့ ပေါက်ကွဲစွာ ကစားနိုင်စွမ်းအပြင် ဂိုးပေါက် ခြိမ်းခြောက်မှု၊ တိကျမှုတွေမှာလည်း အားပျော့နေခဲ့ပါတယ်။

ပရိသတ် အချို့ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ အထောင်တိုက်စစ်မှူး ဖာမင်နိုကို လူစားရင်းက ချန်လှပ်ဖို့ထက် ဘယ်တောင်ပံမှာ မာနေးကို ချန်ပြီး သူ့အစား ဂျိုတာကို သုံးဖို့ မှတ်ချက်ပေးမှုတွေ လုပ်နေကြတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက အာဆင္နယ္ကို အႏုိင္ရအျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ ျပန္လည္ ရွင္သန္လာခဲ့မႈနဲ႔အတူ ဂ်ိဳတာ၊ ဖာဘင္ညိဳတို႔အေပၚ ခ်ီးက်ဴးမႈေတြကလည္း ျမင့္တက္လာေနပါတယ္။

ဒါေၾကာင့္လည္း လာမယ့္ ရီးရဲလ္နဲ႔ပြဲမွာ သြင္းဂိုးေတြအတြက္ ရုန္းကန္ေနရတဲ့ ဖာမင္ႏိုေနရာ ဂ်ိဳတာ ဝင္လာမယ္လို႔ ခန္႔မွန္းခ်က္ေတြ ရွိေနတယ္။ ဒါေပမယ့္လို႔ လူမႈကြန္ယက္ေပၚက အသံေတြအရ ပံုစံေကာင္းေတြ ျပန္ရပါ့မလား လီဗာပူပရိသတ္ေတြ စိုးရိမ္ေနရတဲ့ တိုက္စစ္သမားက ဖာမင္ႏို မဟုတ္ခဲ့ပါဘူး။

ဘယ္ေတာင္ပံတိုက္စစ္သမား မာေနးဟာ အာဆင္နယ္ပြဲမွာ ေဘာလံုးပိုင္ဆိုင္မႈ ၁၇ ၾကိမ္ ရွိခဲ့ျပီး အခြင့္အေရးၾကီး ၂ ၾကိမ္ကိုလည္း လြဲေခ်ာ္ခဲ့တယ္။ အာဆင္နယ္ကို သြင္းယူတဲ့ တတိယဂိုးဟာဆိုရင္ မာေနးရဲ႕ တံု႔ဆိုင္းေနမႈေနာက္မွာ ဂ်ိဳတာ ခပ္ျမန္ျမန္ ေျပးဝင္ပိတ္သြင္းျခင္းေၾကာင္း ဂိုးရခဲ့တာျဖစ္တယ္။

မာေနးဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၇ ဂိုးပဲ ရထားတာျဖစ္ျပီး ဂိုးေထာက္ပံံ့မႈကလည္း ၆ ၾကိမ္ပဲ လုပ္ထားႏုိင္တာျဖစ္တယ္။ ဒါဟာ သူ႔ရဲ႕ လီဗာပူးကစာသမားဘဝ အနည္းဆံုး မွတ္တမ္းျဖစ္ကာ ဒီရာသီ ေျခစြမ္းတည္ျငိမ္ဖို႔ ရုန္းကန္ေနရတဲ့ အသင္းသားေတြထ တစ္ဦးအျဖစ္ ပါဝင္ေနတာျဖစ္တယ္။

လီဗာပူးတိုက္စစ္မွဴးသစ္ ဂ်ိဳတာေတာင္မွ အမွတ္ေပးပြဲ ၁၃ ပြဲ ကစားျပီး သြင္း၈ိုး ၈ ဂိုး ရထားတာေၾကာင့္ မာေနးရဲ႕ ဂိုးသြင္းေျခစြမ္း က်ဆင္းေနမႈက ျမင္သာခဲ့တယ္။ လီဗာပူးရဲ႕ ေကာင္တာတိုက္စစ္ေတြမွာ ဆာလာနဲ႔အျပိဳင္ ထြန္းေတာက္လာခဲ့တဲ့ မာေနးဟာ ဒီရာသီမွာေတာ့ သူ႔ရဲ႕ ေပါက္ကြဲစြာ ကစားႏုိင္စြမ္းအျပင္ ဂိုးေပါက္ ျခိမး္ေျခာက္မႈ၊ တိက်မႈေတြမွာလည္း အားေပ်ာ့ေနခဲ့ပါတယ္။

ပရိသတ္ အခ်ိဳ႔ကေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ အေထာင္တုိက္စစ္မွဴး ဖာမင္ႏိုကို လူစားရင္းက ခ်န္လွပ္ဖို႔ထက္ ဘယ္ေတာင္ပံမွာ မာေနးကို ခ်န္ျပီး သူ႔အစား ဂ်ိဳတာကို သံုးဖို႔ မွတ္ခ်က္ေပးမႈေတြ လုပ္ေနၾကတာျဖစ္ပါတယ္။