လီဗာပူးမှာ ‘မီပြတိုက်’လို့ နာမည်ပြောင်ရထားတဲ့ ဖာဘင်ညိုဟာ ဒီရာသီ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမားတွေထဲက တစ်ဦးပါ။

ဒီနှစ်ရဲ့ ချွင်းချက်မရှိ တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ်လည်း မှတ်ချက်ကောင်းတွေ ရထားတဲ့ ဖာဘင်ညိုဟာ ကွင်းလယ်မှာ သီယာဂိုဖြင့် တွဲဘက်ကစားခွင့် ပြန်ရနေပါပြီ။ အမြင့်ဘောတွေတင်မက တိကျတဲ့ ဘောလုံးပေးမှု ဖြတ်ထုတ်မှုတွေဖြင့် ပိုင်ဆိုင်မှုတွေမှာလည်း လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဖာဘင်ညိုဟာ ပရိသတ်တွေမရှိတဲ့ ကွင်းအတွင်းမှာ သူ့တာဝန်ကို ကျေပွန်နေဆဲဖြစ်တယ်။

ဖာဘင်ညိုက ” ဘောလုံးရာသီ တစ်ခုလုံးနီးပါး ပရိသတ်တွေ မပါဘဲ ကစားရတာဆိုတော့ ခက်ခဲတဲ့ ဘောလုံးရာသီ တစ်ခုပါပဲ။ ပရိသတ်တွေက ကျနေ်ာတို့အတွက် အရမ်းကို အရေးပါပါတယ် ” ဆိုပြီး လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ ဖွင့်ဟပါတယ်။

ဖာဘင်ညိုဟာ ကွင်းလယ်လူနေရာ ပြန်တက်ကစားလာတာ ၃ ပွဲဆက် ရှိလာခဲ့ပါပြီ။ အသင်းကလည်း ဒီ ၃ ပွဲလုံးမှာ နိုင်ပွဲတွေရထားပြီး ပုံစံကောင်းတွေ ပြန်ပြလာနိုင်တယ်။ ဒါကြောင့်ပဲ ယာဂင်ရဲ့ နည်းစနစ်မှာ ဘရာဇီးသားရဲ့ လွှမ်းမိုးမှုက ကြီးမားလာခဲ့ပြီဆိုတဲ့ အမြင်တွေကိုလည်း တိုးပွားလာစေတယ်။

ဘရာဇီးကွင်းလယ်လူက ” အထူးသဖြင့် ကျနော်အတွက်ကလည်း ဒီရာသီက အနည်းငယ် ခြားနားတဲ့ ဘောလုံးရာသီဖြစ်ပါတယ်။ ကျနော်က ဗဟိုခံစစ်နေရာမှာ အကြာကြီးကို ဆင်းကစားနေရတာပါ။ ဗဟိုခံစစ်မှူးနေရာနဲ့ ပက်သက်ပြီး ကျနော် သင်ယူခဲ့ရတယ်။ အဲ့နေရာမှာ ကျနော် အကောင်းဆုံး ကစားပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

အခုတော့ ကျနော် ကွင်းလယ်ကို ပြန်တက်ကစားခွင့် ရလာခဲ့ပါပြီ။ အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးဖို့အပြင် အစွမ်းကုန် ကြိုးစားပြသွားမှာဖြစ်ပါတယ်။ ကွင်းလယ်ကို ပြန်တက်ကစားခွင့်ရလာတာက သိပ်ကိုကောင်းပါတယ်။

ဗဟိုခံစစ်မှာ ကစားပေးရတာကိုလည်း ကျနော် ပျော်ရွှင်ခဲ့ပါတယ် ဒါပေမယ့် ကွင်းလယ်ဆိုတာ ကျနော် ကစားတဲ့နေရာပါ။ ဒီတော့ အသင်းအတွက် ဒီနေရာကနေ ကျနော် အကောင်းဆုံး လုပ်ပေးနိုင်ဖို့က အရေးပါလာပြီဆိုရင် အစွမ်းကုန်ကို ကြိုးစားပေးသွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

လီဗာပူးမွာ ‘မီျပတိုက္’လို႔ နာမည္ေျပာင္ရထားတဲ့ ဖာဘင္ညိဳဟာ ဒီရာသီ စြမ္းေဆာင္ရည္ အတည္ျငိမ္ဆံုး ကစားသမားေတြထဲက တစ္ဦးပါ။

ဒီႏွစ္ရဲ႕ ခၽြင္းခ်က္မရွိ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားအျဖစ္လည္း မွတ္ခ်က္ေကာင္းေတြ ရထားတဲ့ ဖာဘင္ညိဳဟာ ကြင္းလယ္မွာ သီယာဂိုျဖင့္ တြဲဘက္ကစားခြင့္ ျပန္ရေနပါျပီ။ အျမင့္ေဘာေတြတင္မက တိက်တဲ့ ေဘာလံုးေပးမႈ ျဖတ္ထုတ္မႈေတြျဖင့္ ပိုင္ဆိုင္မႈေတြမွာလည္း လႊမ္းမိုးႏုိင္စြမ္းရွိတဲ့ ဖာဘင္ညိဳဟာ ပရိသတ္ေတြမရွိတဲ့ ကြင္းအတြင္းမွာ သူ႔တာဝန္ကို ေက်ပြန္ေနဆဲျဖစ္တယ္။

ဖာဘင္ညိဳက ” ေဘာလံုးရာသီ တစ္ခုလံုးနီးပါး ပရိသတ္ေတြ မပါဘဲ ကစားရတာဆိုေတာ့ ခက္ခဲတဲ့ ေဘာလံုးရာသီ တစ္ခုပါပဲ။ ပရိသတ္ေတြက က်ေန္ာတို႔အတြက္ အရမ္းကို အေရးပါပါတယ္ ” ဆိုျပီး လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေန ဖြင့္ဟပါတယ္။

ဖာဘင္ညိဳဟာ ကြင္းလယ္လူေနရာ ျပန္တက္ကစားလာတာ ၃ ပြဲဆက္ ရွိလာခဲ့ပါျပီ။ အသင္းကလည္း ဒီ ၃ ပြဲလံုးမွာ ႏုိင္ပြဲေတြရထားျပီး ပံုစံေကာင္းေတြ ျပန္ျပလာႏုိင္တယ္။ ဒါေၾကာင့္ပဲ ယာဂင္ရဲ႕ နည္းစနစ္မွာ ဘရာဇီးသားရဲ႕ လႊမ္းမိုးမႈက ၾကီးမားလာခဲ့ျပီဆုိတဲ့ အျမင္ေတြကိုလည္း တိုးပြားလာေစတယ္။

ဘရာဇီးကြင္းလယ္လူက ” အထူးသျဖင့္ က်ေနာ္အတြက္ကလည္း ဒီရာသီက အနည္းငယ္ ျခားနားတဲ့ ေဘာလံုးရာသီျဖစ္ပါတယ္။ က်ေနာ္က ဗဟိုခံစစ္ေနရာမွာ အၾကာၾကီးကို ဆင္းကစားေနရတာပါ။ ဗဟိုခံစစ္မွဴးေနရာနဲ႔ ပက္သက္ျပီး က်ေနာ္ သင္ယူခဲ့ရတယ္။ အဲ့ေနရာမွာ က်ေနာ္ အေကာင္းဆံုး ကစားေပးႏုိင္ခဲ့တယ္လို႔ ထင္ပါတယ္။

အခုေတာ့ က်ေနာ္ ကြင္းလယ္ကို ျပန္တက္ကစားခြင့္ ရလာခဲ့ပါျပီ။ အသင္းအတြက္ အေကာင္းဆံုး ၾကိဳးစားေပးဖို႔အျပင္ အစြမ္းကုန္ ၾကိဳးစားျပသြားမွာျဖစ္ပါတယ္။ ကြင္းလယ္ကို ျပန္တက္ကစားခြင့္ရလာတာက သိပ္ကိုေကာင္းပါတယ္။

ဗဟိုခံစစ္မွာ ကစားေပးရတာကိုလည္း က်ေနာ္ ေပ်ာ္ရႊင္ခဲ့ပါတယ္ ဒါေပမယ့္ ကြင္းလယ္ဆိုတာ က်ေနာ္ ကစားတဲ့ေနရာပါ။ ဒီေတာ့ အသင္းအတြက္ ဒီေနရာကေန က်ေနာ္ အေကာင္းဆံုး လုပ္ေပးႏုိင္ဖို႔က အေရးပါလာျပီဆိုရင္ အစြမ္းကုန္ကို ၾကိဳးစားေပးသြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။