လီဗာပူးရဲ့ တိုက်စစ်တွဲလုံးမှာ ဂျိုတာကို အရန်ခုံမှာပဲ ထိုင်ခိုင်ပြီး အဓိက တိုက်စစ်သုံးဦးကို အသုံးပြုမှုနဲ့ ပက်သက်လို့ မန်နေဂျာကလော့ပ်က သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်းမှု လုပ်လာပါတယ်။

အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ကစားပုံက လွှမ်းမိုးနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ သွင်းဂိုးက ဂျိုတာ လူစားဝင်ကစားလာမှ ရခဲ့တာပါ။ ဒါကြောင့် ဂျိုတာကို အစောထဲက ထည့်မယ်ဆိုရင် ဂိုးမြန်မြန် ရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ထွက်ပေါ်ခဲ့တာဖြစ်တယ်။

အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ အရန်ခုံကနေ ထလာပြီး ဂျိုတာ ဝင်ကစားခဲ့တာက ပွဲကို အနိုင်ရဖို့ ခြားနားမှုဖြစ်သွားစေလားဆိုတဲ့ မေးခွန်းနဲ့ ပက်သက်ပြီး လီဗာပူးမန်နေဂျာကြီးက ” ပွဲအပြီးမှာတော့ ဒီလိုတွေ ပြောလို့ရကြတာပေါ့ ” လို့ တုန့်ပြန်တယ်။

ယာဂင်ကပဲ ” ဂျိုတာအစား အခြားသော ကစားသမားတစ်ဦးက ဝင်ကစားမယ်ဆိုရင် ဒီလို ပြောင်းလဲသွားမလားဆိုတာက ကျနော်လည်း မသေချာလှပါဘူး။ ဒါပေမယ့်လို့ ကျနော်လည်း ဂျိုတာကို ထည့်လိုခဲ့တယ် ဘာလို့လည်းဆိုတော့ သူက ပုံစံကောင်းမှာ ရှိနေတယ်လေ။ ဒီတော့ ကျနေ်ာတို့ သူ့ကို လူစားဝင်စေဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။

ကျနော်ပြောမယ် ကျနေ်ာတို့ ခံစားမိတာက ပေါ်တူဂီအတွက် ဂျိုတာက လိုအပ်တာထက် ပိုကစားထားခဲ့ရတယ် ပေါ်တူဂီအသင်းကို ဝေဖန်တာမျိုး မဟုတ်ဘူးနော်။ ဒဏ်ရာ ပြဿနာ ကာလရှည်ရခဲ့တဲ့သူ့ကို ဖာမင်နို ဒဏ်ရာရနေလို့ ချက်ခြင်း ပွဲထုတ်ထားရတာပါ။ ကျနေ်ာတို့အတွက်တောင်မှ သူကစားပေးထားရတာ သိပ်များနေပါပြီ။

အဲ့နောက် သူ လက်ရွေးစင်အသင်းခေါ်လို့ သွားခဲ့ရတယ်။ သိပ်ကို ပြင်းထန်တဲ့ ပွဲနှစ်ပွဲကို ကစားခဲ့ရတယ်။ ဒီတော့ သူလည်း နည်းနည်းပင်ပန်းနေတယ်လို့ ခံစားနေရပါတယ် ” ဆိုပြီး ရှင်းပြခဲ့တာဖြစ်ပါတယ်။

လာမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂျိုတာကို လူစားဝင်အဖြစ်ပဲ ဆက်သုံးမလား (သို့) ပွဲထွက်လူစာရင်းကနေ ပါဝင်စေမလား မသိရသေးပါဘူး။ ပေါ်တူဂီသား တိုက်စစ်သမားဟာ ဒဏ်ရာက ပြန်သက်သာလာပြီးနောက် သူကစားနိုင်ချိန်ထက် အနည်းငယ် ပိုကစားနေရတယ်ဆိုတဲ့ ယူဆချက်တွေတော့ များပြားနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ တိုက္စစ္တြဲလံုးမွာ ဂ်ိဳတာကို အရန္ခံုမွာပဲ ထိုင္ခိုင္ျပီး အဓိက တိုက္စစ္သံုးဦးကို အသံုးျပဳမႈနဲ႔ ပက္သက္လို႔ မန္ေနဂ်ာကေလာ့ပ္က သူ႔ရဲ႕ ဆံုးျဖတ္ခ်က္အေပၚ ေျဖရွင္းမႈ လုပ္လာပါတယ္။

အာဆင္နယ္ကို အႏုိင္ရတဲ့ပြဲမွာ ကစားပံုက လႊမ္းမိုးႏုိင္ခဲ့ေပမယ့္ ထိေရာက္တဲ့ သြင္းဂိုးက ဂ်ိဳတာ လူစားဝင္ကစားလာမွ ရခဲ့တာပါ။ ဒါေၾကာင့္ ဂ်ိဳတာကို အေစာထဲက ထည့္မယ္ဆိုရင္ ဂိုးျမန္ျမန္ ရႏုိင္တယ္ဆိုတဲ့ မွတ္ခ်က္ေတြလည္း ထြက္ေပၚခဲ့တာျဖစ္တယ္။

အာဆင္နယ္ကို အႏုိင္ရတဲ့ပြဲမွာ အရန္ခံုကေန ထလာျပီး ဂ်ိဳတာ ဝင္ကစားခဲ့တာက ပြဲကို အႏုိင္ရဖို႔ ျခားနားမႈျဖစ္သြားေစလားဆိုတဲ့ ေမးခြန္းနဲ႔ ပက္သက္ျပီး လီဗာပူးမန္ေနဂ်ာၾကီးက ” ပြဲအျပီးမွာေတာ့ ဒီလိုေတြ ေျပာလို႔ရၾကတာေပါ့ ” လို႔ တုန္႔ျပန္တယ္။

ယာဂင္ကပဲ ” ဂ်ိဳတာအစား အျခားေသာ ကစားသမားတစ္ဦးက ဝင္ကစားမယ္ဆိုရင္ ဒီလို ေျပာင္းလဲသြားမလားဆိုတာက က်ေနာ္လည္း မေသခ်ာလွပါဘူး။ ဒါေပမယ့္လို႔ က်ေနာ္လည္း ဂ်ိဳတာကို ထည့္လိုခဲ့တယ္ ဘာလို႔လည္းဆိုေတာ့ သူက ပံုစံေကာင္းမွာ ရွိေနတယ္ေလ။ ဒီေတာ့ က်ေန္ာတို႔ သူ႔ကို လူစားဝင္ေစဖို႔ ဆံုးျဖတ္ခ်က္ ခ်ခဲ့တယ္။

က်ေနာ္ေျပာမယ္ က်ေန္ာတို႔ ခံစားမိတာက ေပၚတူဂီအတြက္ ဂ်ိဳတာက လိုအပ္တာထက္ ပိုကစားထားခဲ့ရတယ္ ေပၚတူဂီအသင္းကို ေဝဖန္တာမ်ိဳး မဟုတ္ဘူးေနာ္။ ဒဏ္ရာ ျပႆနာ ကာလရွည္ရခဲ့တဲ့သူ႔ကို ဖာမင္ႏို ဒဏ္ရာရေနလို႔ ခ်က္ျခင္း ပြဲထုတ္ထားရတာပါ။ က်ေန္ာတို႔အတြက္ေတာင္မွ သူကစားေပးထားရတာ သိပ္မ်ားေနပါျပီ။

အဲ့ေနာက္ သူ လက္ေရြးစင္အသင္းေခၚလို႔ သြားခဲ့ရတယ္။ သိပ္ကို ျပင္းထန္တဲ့ ပြဲႏွစ္ပြဲကို ကစားခဲ့ရတယ္။ ဒီေတာ့ သူလည္း နည္းနည္းပင္ပန္းေနတယ္လို႔ ခံစားေနရပါတယ္ ” ဆိုျပီး ရွင္းျပခဲ့တာျဖစ္ပါတယ္။

လာမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ဂ်ိဳတာကို လူစားဝင္အျဖစ္ပဲ ဆက္သံုးမလား (သို႔) ပြဲထြက္လူစာရင္းကေန ပါဝင္ေစမလား မသိရေသးပါဘူး။ ေပၚတူဂီသား တိုက္စစ္သမားဟာ ဒဏ္ရာက ျပန္သက္သာလာျပီးေနာက္ သူကစားႏုိင္ခ်ိန္ထက္ အနည္းငယ္ ပိုကစားေနရတယ္ဆိုတဲ့ ယူဆခ်က္ေတြေတာ့ မ်ားျပားေနတာ ျဖစ္ပါတယ္။