ဒီရာသီမှာ လီဗာပူးအသင်းဟာ လူစားဝင် ကစားသမားတွေထံကနေ အကျိုးအမြတ်ရတဲ့ ကလပ်တွေထဲ ထိပ်တန်းက ပါဝင်ပေမယ့် အရန်ကစားသမားတွေရဲ့ သက်ရောက်မှုကတော့ နည်းပါးလွန်းတဲ့ အသင်းလည်းဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ လူစားဝင်ကစားသမားတွေကနေ လီဗာပူးအသင်းက သွင်းဂိုး ၆ ဂိုးရထားပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ်ကိုလည်း မြင်ထားရတယ်။ ဒါပေမယ့်လို့ အဆိုပါ သွင်းဂိုးတွေက ဆာလာ (၂ ဂိုး)၊ ဂျိုတာ (၃ ဂိုး)လို တိုက်စစ်သမားတွေ လူစားဝင်ချိန်မှာ သွင်းယူတာက များနေပြီး အရန်ကစားသမားတွေထံက မြင်တွေ့ရခြင်း မဟုတ်ပါဘူး။

လီဗာပူး

လူစားဝင်ကစားသမားအဖြစ် အကြိမ်အများဆုံး အသုံးပြုခံရမှု

  • James Milner (12 games – 0 goals)
  • Curtis Jones (8 games – 0 goals)
  • Xherdan Shaqiri (7 games – 0 goals)
  • Divock Origi (7 games – 0 goals)
  • Alex Oxlade-Chamberlain (7 games – 0 goals)
  • Takumi Minamino (7 games – 0 goals)

အထက်ပါစာရင်းမှာ ဂျိမ်းမီလ်နာနဲ့ ကာတစ်ဂျုံးတို့က ကွင်းလယ်ပိုင်းအတွက် ပါဝင်ပေးရခြင်းဖြစ်လို့ သွင်းဂိုးတွေ မရယူနိုင်ခြင်းက ပုံမှန်လို့ဆိုနိုင်တယ်။ ဒါပေမယ့်လို့ သွင်းဂိုးအတွက်နဲ့ နည်းစနစ်ပိုင်းအရ လူစားလဲမှုတွေဖြစ်တဲ့ တိုက်စစ်အားသန် ရှာကွီရီ၊ အိုရီဂီ၊ ချိန်ဘာလိန်နဲ့ မီနာမီနိုက သွင်းဂိုး လုံးဝ မသွင်းနိုင်တာက စိတ်ပျက်စရာ အချက်အလက်ဖြစ်ပါတယ်။

အိုရီဂီဟာ လူစားဝင် ကစားသမားအဖြစ် ဂိုးသွင်းနိုင်စွမ်း မြင့်မားသူဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဲ့လို မမြင်ရဘူး။ ရှာကွီရီကလည်း ပြီးခဲ့တဲ့ ရာသီတွေကလို ဂိုးထောက်ပံ့နိုင်စွမ်းတွေမှာ အားနည်းနေပါတယ်။

ပြိုင်ဘက်အသင်းတွေဖြင့် နှိုင်းယှဉ်မယ်ဆိုရင် ဒီအားနည်းချက်ဟာ လီဗာပူးအသင်း ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကိစ္စတစ်ခုလည်းဖြစ်တယ်။ ဒီနွေမှာ ယာဂင်ဟာ အရန်လူစာရင်းကို ပြောင်းလဲဖို့ ပြင်ဆင်ဖွယ်ရှိပြီး အကျိုးသက်ရောက်မှု ပိုများလာစေဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ လီဗာပူးအသင္းဟာ လူစားဝင္ ကစားသမားေတြထံကေန အက်ိဳးအျမတ္ရတဲ့ ကလပ္ေတြထဲ ထိပ္တန္းက ပါဝင္ေပမယ့္ အရန္ကစားသမားေတြရဲ႕ သက္ေရာက္မႈကေတာ့ နည္းပါးလြန္းတဲ့ အသင္းလည္းျဖစ္ပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ပရီးမီးယားလိဂ္မွာ လူစားဝင္ကစားသမားေတြကေန လီဗာပူးအသင္းက သြင္းဂိုး ၆ ဂိုးရထားျပီး ဂိုးေထာက္ပံ့မႈ ၅ ၾကိမ္ကိုလည္း ျမင္ထားရတယ္။ ဒါေပမယ့္လို႔ အဆိုပါ သြင္းဂိုးေတြက ဆာလာ (၂ ဂိုး)၊ ဂ်ိဳတာ (၃ ဂိုး)လို တိုက္စစ္သမားေတြ လူစားဝင္ခ်ိန္မွာ သြင္းယူတာက မ်ားေနျပီး အရန္ကစားသမားေတြထံက ျမင္ေတြ႔ရျခင္း မဟုတ္ပါဘူး။

လီဗာပူး

လူစားဝင္ကစားသမားအျဖစ္ အၾကိမ္အမ်ားဆံုး အသံုးျပဳခံရမႈ

  • James Milner (12 games – 0 goals)
  • Curtis Jones (8 games – 0 goals)
  • Xherdan Shaqiri (7 games – 0 goals)
  • Divock Origi (7 games – 0 goals)
  • Alex Oxlade-Chamberlain (7 games – 0 goals)
  • Takumi Minamino (7 games – 0 goals)

အထက္ပါစာရင္းမွာ ဂ်ိမ္းမီလ္နာနဲ႔ ကာတစ္ဂ်ံဳးတို႔က ကြင္းလယ္ပိုင္းအတြက္ ပါဝင္ေပးရျခင္းျဖစ္လို႔ သြင္းဂိုးေတြ မရယူႏုိင္ျခင္းက ပံုမွန္လို႔ဆိုႏုိင္တယ္။ ဒါေပမယ့္လို႔ သြင္းဂိုးအတြက္နဲ႔ နည္းစနစ္ပိုင္းအရ လူစားလဲမႈေတြျဖစ္တဲ့ တိုက္စစ္အားသန္ ရွာကီြရီ၊ အိုရီဂီ၊ ခ်ိန္ဘာလိန္နဲ႔ မီနာမီႏိုက သြင္းဂိုး လံုးဝ မသြင္းႏိုင္တာက စိတ္ပ်က္စရာ အခ်က္အလက္ျဖစ္ပါတယ္။

အိုရီဂီဟာ လူစားဝင္ ကစားသမားအျဖစ္ ဂိုးသြင္းႏိုင္စြမ္း ျမင့္မားသူျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ အဲ့လို မျမင္ရဘူး။ ရွာကီြရီကလည္း ျပီးခဲ့တဲ့ ရာသီေတြကလို ဂိုးေထာက္ပံ့ႏုိင္စြမ္းေတြမွာ အားနည္းေနပါတယ္။

ျပိဳင္ဘက္အသင္းေတြျဖင့္ ႏိႈင္းယွဥ္မယ္ဆိုရင္ ဒီအားနည္းခ်က္ဟာ လီဗာပူးအသင္း ျပင္ဆင္ဖို႔ လိုအပ္ေနတဲ့ ကိစၥတစ္ခုလည္းျဖစ္တယ္။ ဒီေႏြမွာ ယာဂင္ဟာ အရန္လူစာရင္းကို ေျပာင္းလဲဖို႔ ျပင္ဆင္ဖြယ္ရွိျပီး အက်ိဳးသက္ေရာက္မႈ ပိုမ်ားလာေစဖို႔ ေမွ်ာ္လင့္ရမွာ ျဖစ္ပါတယ္။