လီဗာပူးခံစစ်မှူး နက်ဖီးလစ်က ဥရောပမှာ ချန်ပီယံလိဂ် အအောင်မြင်ဆုံး ကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်လိုစိတ်တွေ ထက်သန်နေပါတယ်။

ကစားသမားဘဝ တစ်ပွဲတည်းသော ချန်ပီယံလိဂ်ပွဲအဖြစ် လီဗာပူးက လိုက်ဇစ်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ နက်ဖီလစ် ပွဲချိန်ပြည့် ကစားခဲ့တယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲဟာ သူ့ရဲ့ ဒုတိယမြောက် ချန်ပီယံလိဂ်ပွဲဖြစ်ပေမယ့် ပွဲရှိန်နေမှာ မဟုတ်ဘဲ အကောင်းဆုံး စွမ်းဆောင်ပြလိုစိတ်တွေ ရှိတဲ့အကြောင်း နက်ဖီးလစ်က ပြောပါတယ်။

နက်ဖီးလစ်က “ ရီးရဲလ်မက်ဒရစ်က အထင်ကရ ကလပ်တစ်သင်းဖြစ်ပါတယ်။ သူတို့ အောင်မြင်ခဲ့မှုတွေ၊ သူတို့ အနိုင်ရထားတဲ့ ဆုဖလားတွေကလည်း အဲ့တာတွေကို ပြသနေပါတယ်။ သူတို့က ထိပ်တန်းဆိုတဲ့ အဆင့်ကို နှစ်တွေအကြာကြီး ထိန်းသိမ်းလာတာပါ။ သူတို့အသင်းကို ကိုယ်စားပြုတဲ့ ကစားသမားတွေကောပါပဲ။

ဒါပေမယ့် သူတို့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားရပြီဆိုရင် သူတို့ကို အရမ်းကြီး ကြည့်နေလို့ မရပါဘူး။ တစ်ချိန်တည်းမှာ လီဗာပူးကလည်း ကလပ်အသင်း အောင်မြင်ခဲ့မှုတွေအရ တူညီတဲ့ အဆင့်အတန်းမှာရှိတဲ့အသင်း ဖြစ်ပါတယ်။ ဒီတော့ ဒီလိုပွဲကို ပုံမှန်ပွဲတစ်ပွဲလို ရင်ဆိုင် တုန့်ပြန်မှုတွေ လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

ကျနေ်ာတို့က ထိပ်တန်းကစားသမားတွေ ကောင်းမွန်တဲ့ ကစားသမားတွေကို ရင်ဆိုင်သွားရမယ်ဆိုတာကတော့ သေချာပါတယ်။ ဒါပေမယ့် ကျနော် အမြင်မှာတော့ ကိုယ်ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်ပြီး ကြိုးစားပြနိုင်ဖို့လိုပါတယ်။ ပွဲတွေမှာ အဲ့တာကတော့ ခြားနားသွားမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်း နောက်အဆင့်တွေကို တက်ရောက်ဖို့အတွက် ခံစစ်က နက်ဖီးလစ်နဲ့ ခါဘတ်အတွဲရဲ့ တည်ငြိမ်မှုကလည်း အရေးပါလာမှာဖြစ်တယ်။ ဒီတစ်ကြိမ် စပိန်ဘီလူးကို ရင်ဆိုင်ချိန်မှာလည်း သူ အကောင်းဆုံး လုပ်ပြနိုင်မယ်လို့ ပရိသတ်တွေဘက်ကတော့ အားပေးမှုတွေ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴး နက္ဖီးလစ္က ဥေရာပမွာ ခ်န္ပီယံလိဂ္ အေအာင္ျမင္ဆံုး ကလပ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကို ရင္ဆိုင္လိုစိတ္ေတြ ထက္သန္ေနပါတယ္။

ကစားသမားဘဝ တစ္ပြဲတည္းေသာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ လီဗာပူးက လိုက္ဇစ္ကို ၂-၀ ျဖင့္ အႏုိင္ရတဲ့ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲမွာ နက္ဖီလစ္ ပြဲခ်ိန္ျပည့္ ကစားခဲ့တယ္။ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲဟာ သူ႔ရဲ႕ ဒုတိယေျမာက္ ခ်န္ပီယံလိဂ္ပြဲျဖစ္ေပမယ့္ ပြဲရွိန္ေနမွာ မဟုတ္ဘဲ အေကာင္းဆံုး စြမ္းေဆာင္ျပလိုစိတ္ေတြ ရွိတဲ့အေၾကာင္း နက္ဖီးလစ္က ေျပာပါတယ္။

နက္ဖီးလစ္က “ ရီးရဲလ္မက္ဒရစ္က အထင္ကရ ကလပ္တစ္သင္းျဖစ္ပါတယ္။ သူတို႔ ေအာင္ျမင္ခဲ့မႈေတြ၊ သူတို႔ အႏုိင္ရထားတဲ့ ဆုဖလားေတြကလည္း အဲ့တာေတြကို ျပသေနပါတယ္။ သူတို႔က ထိပ္တန္းဆိုတဲ့ အဆင့္ကို ႏွစ္ေတြအၾကာၾကီး ထိန္းသိမ္းလာတာပါ။ သူတို႔အသင္းကို ကိုယ္စားျပဳတဲ့ ကစားသမားေတြေကာပါပဲ။

ဒါေပမယ့္ သူတို႔ကို ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ကစားရျပီဆိုရင္ သူတို႔ကို အရမ္းၾကီး ၾကည့္ေနလို႔ မရပါဘူး။ တစ္ခ်ိန္တည္းမွာ လီဗာပူးကလည္း ကလပ္အသင္း ေအာင္ျမင္ခဲ့မႈေတြအရ တူညီတဲ့ အဆင့္အတန္းမွာရွိတဲ့အသင္း ျဖစ္ပါတယ္။ ဒီေတာ့ ဒီလိုပြဲကို ပံုမွန္ပြဲတစ္ပြဲလို ရင္ဆိုင္ တုန္႔ျပန္မႈေတြ လုပ္ႏုိင္ဖို႔ လိုအပ္ပါတယ္။

က်ေန္ာတို႔က ထိပ္တန္းကစားသမားေတြ ေကာင္းမြန္တဲ့ ကစားသမားေတြကို ရင္ဆိုင္သြားရမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။ ဒါေပမယ့္ က်ေနာ္ အျမင္မွာေတာ့ ကိုယ္ရင္ဆိုင္ရတဲ့ ျပိဳင္ဘက္တိုင္းကို အေကာင္းဆံုး ယွဥ္ျပိဳင္ျပီး ၾကိဳးစားျပႏုိင္ဖို႔လိုပါတယ္။ ပြဲေတြမွာ အဲ့တာကေတာ့ ျခားနားသြားမွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္း ေနာက္အဆင့္ေတြကို တက္ေရာက္ဖို႔အတြက္ ခံစစ္က နက္ဖီးလစ္နဲ႔ ခါဘတ္အတြဲရဲ႕ တည္ျငိမ္မႈကလည္း အေရးပါလာမွာျဖစ္တယ္။ ဒီတစ္ၾကိမ္ စပိန္ဘီလူးကို ရင္ဆိုင္ခ်ိန္မွာလည္း သူ အေကာင္းဆုံး လုပ္ျပႏုိင္မယ္လို႔ ပရိသတ္ေတြဘက္ကေတာ့ အားေပးမႈေတြ ရွိေနတာျဖစ္ပါတယ္။