ဧပရယ်လ ၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲကြို ကွင်းဖွင့် လေ့ကျင့်မှုကို လီဗာပူးဘက်က စတင်ခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့ အက်ဆာမှာ ပြုလုပ်တဲ့ လေ့ကျင့်ရေးမှာတော့ အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖာမင်နို၊ ဂျိုတာ တို့အားလုံး ပါဝင်ခဲ့တယ်။ ကွင်းလယ်နဲ့ ခံစစ်မှာလည်း အဓိက ကစားသမား အားလုံးနည်းပါး ပါဝင်လာခဲ့ပါတယ်။ ထူးထူးခြားခြားဆိုလို့ ထရန့်ရဲ့ အရန် ညာအစွန်လူဖြစ်တဲ့ နီကိုးတော့ မပါနိုင်ခဲ့ပါဘူး။

မန်နေဂျာကလော့ပ်က ခံစစ်မှူး ဘမ်ဒေးဗစ်၊ ကလာဆန်၊ ကိန်တို့ သုံးဦးကိုလည်း ပါဝင်လေ့ကျင့်စေခဲ့တယ်။ ကလာဆန်နဲ့ ကိန်တို့ဟာ ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် ပြင်ဆင်မှုတွေမှာ ပုံမှန်လို ပါဝင်ခွင့်ရနေသူတွေဖြစ်ပါတယ်။

အာဆင်နယ်ပွဲမှာ လူစားလဲခံရတဲ့ ရော်ဘတ်ဆန်နဲ့ လူစားဝင်အဖြစ်ပဲ ကစားခွင့်ရခဲ့တဲ့ ဝိုက်နယ်ဒမ်၊ ဂျိုတာတို့ကို လန်းလန်းဆန်းဆန်း ပုံစံတွေဖြင့် မြင်တွေ့ခဲ့ရတာကြောင့် ရီးရဲလ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာကြမယ်လို့ မျှော်လင့်ရတယ်။ ဒဏ်ရာနဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မန်နေဂျာကလော့ပ်က ပွဲကြိုတွေ့ဆုံမှုမှာ ဖြေဆိုပေးသွားဖို့လည်း ရှိနေပါတယ်။

Liverpool squad in training ahead of Real Madrid

Goalkeepers: Alisson, Adrian

Defenders: Kabak, Phillips, Alexander-Arnold, Robertson, R. Williams, B. Davies, Tsimikas

Midfielders: Fabinho, Keita, Milner, Jones, Wijnaldum, Thiago, Shaqiri, Oxlade-Chamberlain, Clarkson, Cain

Forwards: Mane, Firmino, Salah, Jota

ZAWGYI

ဧပရယ္လ ၇ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲၾကိဳ ကြင္းဖြင့္ ေလ့က်င့္မႈကို လီဗာပူးဘက္က စတင္ခဲ့ျပီျဖစ္ပါတယ္။

ဒီကေန႔ အက္ဆာမွာ ျပဳလုပ္တဲ့ ေလ့က်င့္ေရးမွာေတာ့ အဓိက တိုက္စစ္သမားေတြျဖစ္တဲ့ ဆာလာ၊ မာေနး၊ ဖာမင္ႏို၊ ဂ်ိဳတာ တို႔အားလံုး ပါဝင္ခဲ့တယ္။ ကြင္းလယ္နဲ႔ ခံစစ္မွာလည္း အဓိက ကစားသမား အားလံုးနည္းပါး ပါဝင္လာခဲ့ပါတယ္။ ထူးထူးျခားျခားဆိုလို႔ ထရန္႔ရဲ႕ အရန္ ညာအစြန္လူျဖစ္တဲ့ နီကိုးေတာ့ မပါႏုိင္ခဲ့ပါဘူး။

မန္ေနဂ်ာကေလာ့ပ္က ခံစစ္မွဴး ဘမ္ေဒးဗစ္၊ ကလာဆန္၊ ကိန္တို႔ သံုးဦးကိုလည္း ပါဝင္ေလ့က်င့္ေစခဲ့တယ္။ ကလာဆန္နဲ႔ ကိန္တို႔ဟာ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအတြက္ ျပင္ဆင္မႈေတြမွာ ပံုမွန္လို ပါဝင္ခြင့္ရေနသူေတြျဖစ္ပါတယ္။

အာဆင္နယ္ပြဲမွာ လူစားလဲခံရတဲ့ ေရာ္ဘတ္ဆန္နဲ႔ လူစားဝင္အျဖစ္ပဲ ကစားခြင့္ရခဲ့တဲ့ ဝိုက္နယ္ဒမ္၊ ဂ်ိဳတာတို႔ကို လန္းလန္းဆန္းဆန္း ပံုစံေတြျဖင့္ ျမင္ေတြ႔ခဲ့ရတာေၾကာင့္ ရီးရဲလ္နဲ႔ပြဲမွာ ပြဲထြက္လူစာရင္းကေန ပါဝင္လာၾကမယ္လို႔ ေမွ်ာ္လင့္ရတယ္။ ဒဏ္ရာနဲ႔ ပက္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကို မန္ေနဂ်ာကေလာ့ပ္က ပြဲၾကိဳေတြ႔ဆံုမႈမွာ ေျဖဆိုေပးသြားဖို႔လည္း ရွိေနပါတယ္။