ရီးရဲလ်မက်ဒရစ်ဖြင့် ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲကို အတိတ်က ဖြစ်ရပ်တွေ ပြန်လည် အောက်မေ့ပြီး လက်စားချေတဲ့ ပွဲစဉ်တစ်ခုအဖြစ် ချဉ်းကပ်မှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုပါတယ်။

၂၀၁၈ ချန်ပီယံလိဂ်မှာ ဆာလာ ဒဏ်ရာကြောင့် ထွက်ခွာရတာက လီဗာပူးပရိသတ်တွေ နာကျဉ်းစရာ ကိစ္စဖြစ်ခဲ့တာပါ။ လီဗာပူးအသင်းသား အများအပြားက ရာမိုစ့်ကို ပေါ်ပေါ်ထင်ထင် ဝေဖန်ခဲ့ကြသလို ဆာလာကိုယ်တိုင်လည်း ဝေဖန်မှု လုပ်ခဲ့တယ်။ ကလော့ပ်ကဆိုရင် သူ့ရဲ့ အသက် ၆၀ ပြည့် မွေးနေ့ပွဲအတွက် ရာမိုစ့်ကို ဖိတ်မလားဆိုရင် မဖိတ်ဘူးဆိုတဲ့ထိပါ တုန့်ပြန်ခဲ့သေးတာပါ။

ဒါပေမယ့်လို့ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ ရာမိုစ့် မပါဝင်နိုင်ခြင်းနဲ့အတူ လီဗာပူးအသင်းဘက်က ဒေါသတွေထက် လုပ်ပြနိုင်စွမ်းအတွက်ပဲ ပိုမို အာရုံစိုက်နေတာဖြစ်တယ်။

ကလော့ပ်က “ လက်စားချေဖို့ ခရီးစဉ်အတွက် ဒီကို ရောက်နေတာ မဟုတ်ပါဘူး။ ဘဝဆိုတာက ဒီလိုပါပဲ။ လက်စားချေဖို့ ကိစ္စတွေနဲ့ ပက်သက်လို့ ကျနော် မယုံကြည်ပါဘူး။ ဒါပေမယ့် နောက်အဆင့်ကို တက်နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပါ။

ပရီးမီးယားလိဂ်မှာ အရှိန်ကောင်းနေတယ်လို့ ကျနေ်ာတို့ ခံစားနေရတယ်။ အခုချိန်မှာတော့ ကျနေ်ာတို့ ပုံစံကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ပဲ လိုပါတယ်။ အဲ့တာက အရမ်းကို အကူအညီ ဖြစ်ပါလိမ့်မယ်။

ကျနေ်ာတို့ရဲ့ လုံ့ဆော်မှုကတော့ အမြင့်ဆုံးမှာ ရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ ဒါက ချန်ပီယံလိဂ်ပါ နောက်အဆင့်ကို ကျနေ်ာတို့ သွားလိုပါတယ်။ ၂၀၁၈ ရလဒ်က ပြီးသွားပါပြီ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အတွဲကျတာက အဲ့ပွဲပြီးနောက် ပထမဆုံးအကြိမ်ပါ။ အဲ့ပွဲကို ကျနော် မှတ်မိနေပါတယ်။

၂၀၁၈ ပွဲပြီးတုန်းက တစ်လလောက်ကြာတော့ တစ်ယောက်ယောက်က ကျနော်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့မှာ ရာမိုစ့်ကို ဖိတ်မလားဆိုရင် မဖိတ်ဘူးလို့ ပြန်ဖြေခဲ့တယ်။ အခုချိန်မှာတော့ အဲ့မေးခွန်းကို ပြန်စဉ်းစားမယ်ဆိုရင် ရာမိုစ့်က ကစားသမားကောင်းပါ ဒါပေမယ့် အဲ့ညက သူ့ရဲ့ လုပ်ရပ်ကို ကျနော် မကြိုက်ပါဘူး။

အချိန်တွေလည်း ကြာခဲ့ပြီဆိုတော့ ကျနော်လည်း ပြန်ခံစားမနေချင်ပါဘူး။ အဲ့ကရတဲ့ ဒေါသတွေ ပြန်မရလိုပါဘူး။ မနက်ဖြန်မှာ အသင်းအတွက်ပဲ ကျနော် ပြင်ဆင်သွားမှာပါ။ ဒီရာသီက ခက်ခဲတဲ့ရာသီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ထက် ဂိုးပိုသွင်းနိုင်ရင် ကောင်းပါမယ်။ အဲ့လိုဆိုရင် နောက်တစ်ဆင့်ကို သွားနိုင်တာပေါ့ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ရီးရဲလ္မက္ဒရစ္ျဖင့္ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲကို အတိတ္က ျဖစ္ရပ္ေတြ ျပန္လည္ ေအာက္ေမ့ျပီး လက္စားေခ်တဲ့ ပြဲစဥ္တစ္ခုအျဖစ္ ခ်ဥ္းကပ္မွာ မဟုတ္ဘူးလို႔ ကေလာ့ပ္က ဆိုပါတယ္။

၂၀၁၈ ခ်န္ပီယံလိဂ္မွာ ဆာလာ ဒဏ္ရာေၾကာင့္ ထြက္ခြာရတာက လီဗာပူးပရိသတ္ေတြ နာက်ဥ္းစရာ ကိစၥျဖစ္ခဲ့တာပါ။ လီဗာပူးအသင္းသား အမ်ားအျပားက ရာမိုစ့္ကို ေပၚေပၚထင္ထင္ ေဝဖန္ခဲ့ၾကသလို ဆာလာကိုယ္တိုင္လည္း ေဝဖန္မႈ လုပ္ခဲ့တယ္။ ကေလာ့ပ္ကဆိုရင္ သူ႔ရဲ႕ အသက္ ၆၀ ျပည့္ ေမြးေန႔ပြဲအတြက္ ရာမိုစ့္ကို ဖိတ္မလားဆိုရင္ မဖိတ္ဘူးဆိုတဲ့ထိပါ တုန္႔ျပန္ခ့ဲေသးတာပါ။

ဒါေပမယ့္လို႔ ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈမွာ ရာမိုစ့္ မပါဝင္ႏုိင္ျခင္းနဲ႔အတူ လီဗာပူးအသင္းဘက္က ေဒါသေတြထက္ လုပ္ျပႏုိင္စြမ္းအတြက္ပဲ ပိုမို အာရံုစိုက္ေနတာျဖစ္တယ္။

ကေလာ့ပ္က “ လက္စားေခ်ဖို႔ ခရီးစဥ္အတြက္ ဒီကို ေရာက္ေနတာ မဟုတ္ပါဘူး။ ဘဝဆိုတာက ဒီလိုပါပဲ။ လက္စားေခ်ဖို႔ ကိစၥေတြနဲ႔ ပက္သက္လို႔ က်ေနာ္ မယံုၾကည္ပါဘူး။ ဒါေပမယ့္ ေနာက္အဆင့္ကို တက္ႏုိင္မယ္ဆိုရင္ သိပ္ေကာင္းမွာပါ။

ပရီးမီးယားလိဂ္မွာ အရွိန္ေကာင္းေနတယ္လို႔ က်ေန္ာတို႔ ခံစားေနရတယ္။ အခုခ်ိန္မွာေတာ့ က်ေန္ာတို႔ ပံုစံေကာင္းေတြကို ဆက္ထိန္းႏုိင္ဖို႔ပဲ လိုပါတယ္။ အဲ့တာက အရမ္းကို အကူအညီ ျဖစ္ပါလိမ့္မယ္။

က်ေန္ာတို႔ရဲ႕ လံု႔ေဆာ္မႈကေတာ့ အျမင့္ဆံုးမွာ ရွိေနပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဒါက ခ်န္ပီယံလိဂ္ပါ ေနာက္အဆင့္ကို က်ေန္ာတို႔ သြားလိုပါတယ္။ ၂၀၁၈ ရလဒ္က ျပီးသြားပါျပီ။ ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ အတြဲက်တာက အဲ့ပြဲျပီးေနာက္ ပထမဆံုးအၾကိမ္ပါ။ အဲ့ပြဲကို က်ေနာ္ မွတ္မိေနပါတယ္။

၂၀၁၈ ပြဲျပီးတုန္းက တစ္လေလာက္ၾကာေတာ့ တစ္ေယာက္ေယာက္က က်ေနာ္ရဲ႕ အသက္ ၆၀ ျပည့္ ေမြးေန႔မွာ ရာမိုစ့္ကို ဖိတ္မလားဆိုရင္ မဖိတ္ဘူးလို႔ ျပန္ေျဖခဲ့တယ္။ အခုခ်ိန္မွာေတာ့ အဲ့ေမးခြန္းကို ျပန္စဥ္းစားမယ္ဆိုရင္ ရာမိုစ့္က ကစားသမားေကာင္းပါ ဒါေပမယ့္ အဲ့ညက သူ႔ရဲ႕ လုပ္ရပ္ကို က်ေနာ္ မၾကိဳက္ပါဘူး။

အခ်ိန္ေတြလည္း ၾကာခဲ့ျပီဆိုေတာ့ က်ေနာ္လည္း ျပန္ခံစားမေနခ်င္ပါဘူး။ အဲ့ကရတဲ့ ေဒါသေတြ ျပန္မရလိုပါဘူး။ မနက္ျဖန္မွာ အသင္းအတြက္ပဲ က်ေနာ္ ျပင္ဆင္သြားမွာပါ။ ဒီရာသီက ခက္ခဲတဲ့ရာသီျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ထက္ ဂိုးပိုသြင္းႏုိင္ရင္ ေကာင္းပါမယ္။ အဲ့လိုဆိုရင္ ေနာက္တစ္ဆင့္ကို သြားႏုိင္တာေပါ့ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။